●●●Zawgyi●●●
"ကိုယ်လုပ်တော် ကျင်းရီ ... ဘာအကြောင်းများရှိလို့ ဒီလောက်လှပနေရတာပါလဲ"
ချုံး က အပြုံးနှင့် ယဉ်ယဉ်ကျေးကျေးပင် မေးလေသည်။ မိန်ကွေ့ က ဂုဏ်ယူဝင့်ကြွားစွာ ပြုံးလျက်ပင် ...
"ငါ့ရဲ့ ခင်ပွန်းအတွက်ပဲပေါ့ ... ချုံး အစားအသောက်တွေပြင်လိုက် .. အကောင်းဆုံးဖြစ်နေပါစေနော် ... ငါ့ရဲ့ခင်ပွန်းကို အားပေးရမယ်လေ .. ပြီးတော့ သေရည်ပါယူလာခဲ့"
ချုံး သူမကို ပြုံးပြကာ ထွက်သွားလေသည်။
မိန်ကွေ့ မျက်နှာနှင့် ဆံပင်ကို ပြင်ဆင်ခြယ်သပြီးနောက် လှပတောက်ပြောင်ကာ သူမ၏ခန္ဓာကိုယ်ပေါ်လွင်စေသည့် ဝတ်စုံကိုရွေးကာ ဝတ်ဆင်လိုက်သည်။
ကြေးမုံမှန်ရှေ့တွင် မိန်ကွေ့ ရပ်လျက် တွေးလေသည်။
'အဆုံးသတ်မှာ မိန်ကွေ့ ပဲ အနိုင်ဖြစ်ရမယ် ... ဟား !! အခု အဘွားကြီးနဲ့ ဟိုအကောင်မရှိတော့ဘူးဆိုတော့ ငါ့ကို ဘယ်သူနှောင့်ယှက်ရဲသေးလဲ .. ဟား ဟား ဟား ... ဟွန့် အဘွားက သူများကို နှိပ်စက်တဲ့အခါမှာတော့ အသုံးဝင်သားပဲ .. အခုချိန်ဆို တစ်နေရာမှာ ဆွေးမြေ့နေလောက်ပြီ'
ချုံး ပြန်ရောက်လာပြီး အဆင်သင့်ပြင်ပြီးကြောင်း ပြောသည့်အခါ နှစ်ယောက်အတူ ရှန်း ဆီသို့ ပျော်ရွှင်စွာ လာကြလေသည်။
ရှန်း အခန်းတံခါးအပြင်တွင် ရပ်နေစဉ် မိန်ကွေ့ က ချုံး ကို ကြည့်ကာ ....
"ငါ ဘယ်လိုနေလဲ .. တစ်ခုခုလိုနေသေးလား"
ချုံး ပြုံးပြကာ မလိုကြောင်း ပြောလေသည်။
မိန်ကွေ့ အသက်ပြင်းပြင်းရှိုက်ပြီးနောက် ပြုံးလျက် တံခါးကို ညင်သာစွာ ခေါက်တီးလေသည်။ လာဖွင့်ပေးခြင်းမရှိသဖြင့် သူမ ကြမ်းစွာ ထပ်ခေါက်လေသည်။ သို့သော် တံခါးမပွင့်လာပေ။ သူမ စိတ်ပျက်သွားကာ စားသောက်ဖွယ်များ ကိုင်ဆောင်ထားသော အစေခံများထဲမှ တစ်ယောက်ကိုခေါ်ကာ အစောင့်ကို သွားခေါ်စေသည်။
YOU ARE READING
RomanceBOOK 1 Chinese story written in English by Original Author -skies- English Name - Stealing The Emperor's Male Concubine မူရင်းစာရေးသူ၏ ခွင့်ပြုချက်ဖြင့် ဘာသာပြန်သည်။ / မူရင်းစာရေးသူ၏ ခွင့်ပြုချက်ဖြင့် ဘာသာပြန်သည်။ Burmese Translator : Hanashi...