●●●Zawgyi●●●
ခန်းမမှ ပြန်လာခဲ့ပြီးနောက် အိုက်ရှင်း ကို ရှန်း ဂရုမစိုက်တော့ဘဲ အလုပ်များကို မပြတ်ပင် လုပ်ကိုင်နေတော့သည်။
ယခုအခြေအနေကြောင့် အိုက်ရှင်း နာကျင်လွန်းသဖြင့် ဥယျာဉ်ငယ်ထဲသို့ပြေးသွားကာ အေးစက်လှသည့် စကျင်ကျောက်ပြားကြမ်းပြင်ပေါ်တွင် ကုပ်ကုပ်လေးထိုင်ကာ ငိုနေလေသည်။
(T/N : ကလေးရယ် ㅠ_ㅠ)
ဧကရာဇ်လာလိမ့်မည်ဟု အမတ်များက ပြောထားသဖြင့် ကျင်းရီ ပျော်ရွှင်နေတော့သည်။ သူမချက်ချင်းပင် ချုံး ကို ဆွဲဆောင်မှုရှိသော ဝတ်စုံကို ပြင်စေလိုက်ပြီး အလှခြယ်သရာတို့ကိုလည်း ယူလာခိုင်းလိုက်သည်။ သူမအခန်းထဲတွင် ထိုင်နေရင်း သူမရုပ်ရည်သွင်ပြင်ကို ကြည့်ကာ ပြုံးလိုက်ရင်း တစ်စုံတစ်ခုကို သတိရသွားသဖြင့် ပို၍ ပြုံးလိုက်လေသည်။
"ကိုယ်လုပ်တော် ကျင်းရီ ... ဘာကြောင့် မင်းကြီးအဆောင်ကိုမသွားဘဲ ကိုယ်လုပ်တော်အဆောင်ကို လာခဲ့ရတာလဲ"
ချုံး က ကျင်းရီ ကို သိချင်စိတ်တို့ဖြင့် မေးလိုက်လေသည်။
ကျင်းရီ အမြန်ပင် ချုံး ကို အသံတိတ်ခိုင်းလိုက်ကာ
"တိတ်တိတ်နေ ပြီးရင် သတိထား ... တစ်ယောက်ယောက် ဒီနားကိုလာနေရင် ငါ့ကို ချက်ချင်းသတိပေး .. ကြားလား"
ကျင်းရီ ပုံစံမှာ တစ်စုံတစ်ခုကြောင့် စိတ်လှုပ်ရှားနေသဖြင့် ချုံး လည်း အသံတိတ်နေကာ ကိုယ်လုပ်တော်ဟောင်း အဆောင်ထဲသို့ ဝင်သွားသည်ကို ကြည့်နေလိုက်သည်။
ကျင်းရီ အခန်းထဲဝင်ဝင်ချင်းပင် မျက်မှောင်ကြုတ်လိုက်ကာ ....
"သူတို့တွေ အကုန်လွှင့်ပစ်လိုက်ပြီလား ... ဒီလူတွေတော့ .. ဒီမှာရှိဦးမယ်ထင်တယ်"
သူမအခန်းကို ကြည့်လိုက်ပြီး သူမလိုနေသည့်အရာကို တွေ့လိုက်သဖြင့် ထိုနေရာသို့လျှောက်သွားကာ အံဆွဲပေါ်သို့ လက်တင်ထားလိုက်သည်။ သူမ ပြုံးလိုက်ကာ ထိုအံဆွဲကို ဆွဲထုတ်လိုက်ပြီး ဖန်ဘူးငယ်နှင့် အပြာရောင်ဆေးလုံးကို ယူလိုက်လေသည်။
![](https://img.wattpad.com/cover/143270996-288-k958412.jpg)
YOU ARE READING
RomanceBOOK 1 Chinese story written in English by Original Author -skies- English Name - Stealing The Emperor's Male Concubine မူရင်းစာရေးသူ၏ ခွင့်ပြုချက်ဖြင့် ဘာသာပြန်သည်။ / မူရင်းစာရေးသူ၏ ခွင့်ပြုချက်ဖြင့် ဘာသာပြန်သည်။ Burmese Translator : Hanashi...