●●●Zawgyi●●●
လုယီ ရောက်လာပြီး သုံးရက်ကြာသည်အထိ .....
"အဟွတ် ... ဝေါ့ ...."
အိုက်ရှင်း ဆက်တိုက်အန်နေသဖြင့် ကျူးအန်း က ကျောကိုပုတ်ပေးနေပြီး လုယီ က ရေခွက်အမြန်သွားယူကာ ရပ်ကြည့်နေသည်။
"အိုက်ရှင်း ... မင်းနေကောင်းတာ သေချာရဲ့လား .. ငါရောက်လာပြီးကတည်းက အခုထိ နေ့တိုင်းအန်နေတာပဲ တွေ့နေရတယ်"
လုယီ က ရေခွက်ကမ်းပေးလျက် စိုးရိမ်စွာ မေးလေသည်။
"သူ့သွေးကြောတွေကို ကျွန်တော်စမ်းကြည့်ပြီးပြီ ... အားလုံးပုံမှန်ပါပဲ"
ကျူးအန်း က စိတ်ပူလျက်ပင် ပြောလိုက်ရင်း အိုက်ရှင်း ကိုလှည့်ကြည့်ကာ ...
"ခေါင်းကိုက်တာတို့ နာကျင်နေတာတို့ မဖြစ်တာ သေချာတယ်နော်"
"အင်း ... သေချာပါတယ် .. မောနေတာကလွဲလို့ .. ဟို .... ကျူးအန်း .. စားစရာတစ်ခုခုလုပ်ပေးပါလား .. ဗိုက်ဆာလွန်းလို့"
အိုက်ရှင်း အလွန်အမင်းအော့အန်ထားသောကြောင့် မည်မျှဆာလောင်နေမည်ကို ကျူးအန်း သိသဖြင့် ပြုံးပြကာ မီးဖိုခန်းသို့ အမြန်ပြေးသွားလေသည်။
မကြာသေးချိန်ကပင် မနက်စာစားပြီးထားကြသဖြင့် လုယီ နှင့် ကျူးအန်း က မဆာသောကြောင့် စားစရာအကုန်လုံးကို အိုက်ရှင်း အား စားသောက်စေလေသည်။
နောက်ထပ်တစ်နာရီကျော်ကြာပြီးနောက်တွင် အိုက်ရှင်း ထပ်၍ဆာလောင်လာသဖြင့် အနီးအနားရှိ ပန်းသီးများကို ခူးယူရန်ထွက်လာခဲ့သည်။ ပန်းသီးများကို ခူးပြီးနောက် ပြန်လာကာ ပန်းကန်လုံးထဲတွင် ပန်းသီးစိတ်များကို ထည့်ထားပြီး စားသုံးနေစဉ် ကျူးအန်း နှင့် လုယီ တို့ ဝင်လာခဲ့သည်။
"ဘာတွေစားနေတာလဲ"
ကျူးအန်း က သိလိုသောကြောင့် မေးလိုက်သည်။ ပါးစပ်အပြည့်ဝါးနေသောပန်းသီးစိတ်တို့ကို မျိုချပြီးနောက် ပြုံးလိုက်ကာ ဗိုက်ဆာလွန်းသဖြင့် ပန်းသီးခူးစားခဲ့ကြောင်း ပြောလေသည်။
YOU ARE READING
RomanceBOOK 1 Chinese story written in English by Original Author -skies- English Name - Stealing The Emperor's Male Concubine မူရင်းစာရေးသူ၏ ခွင့်ပြုချက်ဖြင့် ဘာသာပြန်သည်။ / မူရင်းစာရေးသူ၏ ခွင့်ပြုချက်ဖြင့် ဘာသာပြန်သည်။ Burmese Translator : Hanashi...