(Unicode)
မ၀င်တာ ကြာပြီဖြစ်သော facebook account လေးတစ်ခုကို log in ၀င်လိုက်မိသည်။ ၀င်ဝင်ချင်း အတိတ်က အငွေ့အသက်လေးများက ယု ကို နုံးခွေသွားစေသည်။ ကြာပါပြီ။ ကြာတာမှ နှစ်ချီအောင်ပင် ကြာခဲ့ပြီ။ ကြည်နူးစရာလေးများ ရှိခဲ့သော၊ လွမ်းစရာများနှင့် ပြည့်နှက်နေသော၊ အထူးသဖြင့် ဒဏ္ဍာရီ ပုံပြင်တစ်ခုဖြစ်ခဲ့သော သည်နေရာလေးကို ယု ရှောင်နေခဲ့သည်ပဲ။ထုံးစံအတိုင်း Newfeeds တွေတွင် သူတို့ ဓာတ်ပုံတွေ အများအပြား…၊ New Album တွေ၊ Fan Meeting သတင်းတွေ ၊ Concert တွေ……။ ယု ပြုံးလိုက်သည်။ သူတို့ ပျော်နေတာပဲလေ…။ ငါ အလိုလားဆုံးက ဒါပဲ မဟုတ်လား ဟု တွေးရင်း သက်ပြင်းငွေ့ငွေ့လေး ချလိုက်သည်။ Message box လေးကိုတော့ ဖွင့်ကြည့်မည် လုပ်ပြီးမှ မဖွင့်ရဲသဖြင့် Newfeeds တွေကို သာ ကြည့်နေလိုက်သည်။ တစ်စုံတစ်ယောက်၏ နောက်ဆုံး မက်ဆေ့ခ်ျတစ်ခုကို ပြန်ဖတ်ရလောက်အောင်တော့ သတ္တိမရှိသေးပါ။
အသက် ၄၀ ဆိုသည့်တိုင် အရင်လို နုပျိုသွက်လက်နေကြဆဲ..။ တည်ငြိမ်ရင့်ကျက်သည့်အသွင် တစ်မျိုးပါ ထပ်ပေါင်း၍ ပိုပြီး ခန့်လာသည်ဟု ယုထင်မိသည်။ အို- သူတို့က အမြဲ ခန့်ညားနေတာပါပဲလေ။ Like တွေအများကြီးရထားသော ပုံတစ်ပုံကတော့ Concert တွင် Maknae နဖူးကို Leader က တစ်ရှူးလေးနှင့် သုတ်ပေးနေသည့်ပုံ။ ရင်ထဲတွင် နွေးသွားသော ထိုပုံလေးကို ကြည့်ရင်း ခစ်ကနဲရယ်လိုက်မိပြန်သည်။ အရည်အသွေးကောင်းလွန်းသော ထိုပုံလေးတွင် Maknae ၏ နားသယ်စပ်လေးမှ ဆံပင်ဖြူလေးတစ်ချို့။ အင်းလေ- အငယ်ဆုံးလေးတောင် ဆံပင်ဖြူရောပေါ့။ ယုတောင် ၃၀ ပြည့်ပြီပဲ။
သူတို့… တနည်းအားဖြင့် SS501 ….. တောင်ကိုရီးယား နိုင်ငံ၏ တစ်ကျော့ပြန် အောင်မြင်လာသော Boy Group တွေထဲတွင် နံပါတ်(၁)နေရာတွင် ရှိနေသူတွေ..။ ယု၏ ဘ၀၊ ယု၏ အသက်ရှင်သန်မှု..၊ ယု၏ စိတ်ဝိဥာဉ်..။ ယု ကို ရူးနေသူဟု ဆိုကြလေမလား။ အဆိုတော် အဖွဲ့တစ်ဖွဲ့ကို ကိုယ့်ဘ၀ဖြစ်သည်အထိ နှစ်မြုပ်ထားခဲ့သော ယုကို မည်သူမျှလည်း နားလည်မည်မထင်ပါ။ သို့သော် ယု ရှင်သန်နေဦးမည် ဖြစ်ပါသည်။ ယုကိုယ် နှင့် သူတို့ စိတ်။ သူတို့က ယု ဝိဥာဉ်။
ယု ငယ်ငယ်က ကြားဖူးတာတစ်ခုရှိသည်။ လူတွေသည် နတ်ဘုရားများ၏ ကစားပွဲတွင် ပါဝင်နေရသည့် နယ်ရုပ်လေးများဟူ၏။ နတ်ဘုရားများက သူတို့အစီအစဉ်အတိုင်း လူတွေကို စီမံပြီးပါသော်လည်း တစ်ခါတစ်ရံတော့ သူတို့ ပျင်းသည့်အခါ လူတွေဘာလုပ်မလဲ သိချင်စိတ်ဖြင့် အကွက်ရွှေ့ကာ ထိုင်စောင့်ကြည့်နေတတ်သည်တဲ့။ ဒါဆိုလျှင် ယုက နတ်ဘုရား တစ်ပါးပါးရဲ့ နယ်ရုပ်တစ်ရုပ်ဖြစ်ခဲ့သည်ပေါ့။ တကယ်တော့ ယုတစ်ယောက်တည်းမှ မဟုတ်တာ။ ကစားသူ နတ်ဘုရားကလည်း ၂ ယောက်ဖြစ်နိုင်သည်ပဲ။ သည်တော့ သူတို့သည်လည်း ပြိုင်ဘက် နတ်ဘုရား၏ နယ်ရုပ်များ ဖြစ်ခဲ့ကြသည်ပဲ။
မည်သို့ပင် ဖြစ်စေ သူတို့ကို အောင်မြင်မှုသရဖူ ပြန်ဆောင်းပေးခဲ့ပါသော နတ်ဘုရားတို့ကိုတော့ ယုအပြစ်တင်မနေမိပါ။
အရာရာဟာ အရင်တုန်းကလိုပါပဲလေ….။
YOU ARE READING
ဒဏ္ဍာရီ
Fanfictionဤfiction ကို မီဆိုနှင့်အတူ TS များ အားလုံး ပိုင်ပါတယ်။ ပြင်ပ အဖြစ်အပျက်တချို့ နှင့်အမှန်တရား တချို့ ပါပါတယ်။ Not BL . Just fanfiction