အပိုင်း ၁၁

47 8 3
                                    

ဒဏ္ဍာရီ အခန်း(၁၁)

   စောစောလေးကတင် နှုတ်သီးကောင်းလျှာပါး (အဲ) လက်ကွက်မြန်မြန်နှင့် ရန်ဖြစ်နေခဲ့သော မီတစ်ယောက် ရုတ်တရက်ကြီး တရုတ်ကားထဲမှ အကြောပိတ်ခံရသူလို အတောင့်လိုက်ကြီး ငြိမ်သက်သွားသည်။

     ဘယ်ညာ လက်နှစ်ဘက်နှင့် ဖုန်းကို ကိုင်ထားပါလျက် စာရိုက်မည့် လက်မ နှစ်ချောင်းမှာတော့ လှုပ်မရအောင် ဖြစ်နေလေသည်။

     ယု မညာတာ မီသိသည်။ ယုကို မီယုံသည်။ သိလျှင် ယုံလျှင် တစ်ဖက်မှ လာနေသော မက်ဆေ့ခ်ျများသည် မီ အသက်လောက်ချစ်သော ယောင်ဆန်း ကိုယ်တိုင် ပို့နေသော မက်ဆေ့ခ်ျများဟု မီလက်ခံရတော့မည်။ လွန်တာတွေက လွန်ကုန်ပြီ။ အင်္ဂလိပ်လို လိပ်ပတ်လည်အောင် မပြောတတ်ငြား ဆဲနည်းပေါင်းစုံတော့ မီသိခဲ့သည်မဟုတ်လား။ ယောင်ဆန်းအတွက် သိသမျှ နည်းပေါင်းစုံ မီသုံးပြီးသွားပြီ။ မီ ချွေးစေးတြွေပန်လာပါသည်။အားတင်းပြီး တစ်ကြောင်းတော့ ရိုက်ပို့လိုက်သည်။

“ဆောရီးပါ။ ငါ ငါ့သူငယ်ချင်း အကောင့် အဟက်ခံနေရပြီမှတ်လို့ ”

အေးလေ..တကယ်တမ်းလည်း အဟက်ခံနေရတာပဲကို။ ဘယ်လိုပြောရပါ့။ မြန်မာလိုပြော ဆိုလျှင်တောင် ဘယ်ကစပြောရမှန်းမသိချိန် အင်္ဂလိပ်လိုပြောဖို့တော့ တစ်လုံးမှပင် စကားစရှာမတွေ့တော့။

“ မင်း ဂျီဟို့ သူငယ်ချင်းလား ”

  * ဂျီဟို? *

ရုတ်တရက် မီကြောင်သွားပြီးမှ ယုကို ရည်ရွယ်မှန်း သဘောပေါက်လိုက်သည်။

“ အင်း ”

“ မင်းတို့ နှစ်ယောက် သိပ်ခင်သလား။ နေ့တိုင်း မင်းတို့ပြောထားတာ ငါတွေ့ရတယ်။ ခက်တာက မင်းတို့စာက ဂူးဂဲလ်ကနေ ဘာသာပြန်လို့မရဘူး ”

“ ဂျီဟိုက ကျွန်မ အချစ်ဆုံး သူငယ်ချင်းပါ ”

“ မင်း ယောက်ျားလေးလား ”

“ မိန်းကလေးပါ ”

“ Triple S လား ”

“ ဟုတ်ပါတယ်  ”

သူက ပြုံးနေသော စတေကာလေးသာ ပို့ပေးသည်။

“ ဟိုလေ… တကယ်တောင်းပန်ပါတယ်နော်။ ကျွန်မ မသိလို့ပါ။ ဂျီဟို ပြောမှ သိရတာ ”

ဒဏ္ဍာရီWhere stories live. Discover now