ဒဏ္ဍာရီ အခန်း (၉)
တစ်နေ့တော့ ယု၏ ကံကြမ္မာထဲသို့ ရဲဘော်ရဲဘက်အဖြစ်ဝင်လာမည့်သူတစ်ယောက် ရောက်လာသည်။ သူမ နာမည်က မီ ။ မီလည်း TripleS တစ်ယောက်။ သူကတော့ ယောင်ဆန်း ပရိတ်သတ်ဖြစ်သည်။ TripleS အချင်းချင်းမို့ ရင်းနှီးမှုအတိုင်းအတာက ပိုမြန်သွားသလား မပြောတတ်။ ယု နှင့် မီက Facebook မှ တစ်ဆင့် သိကြသော်လည်း အပြင်မှာ ခင်မင်ရင်းနှီးသော သူများထက် ပိုသည်။
SS501 တွင် ဟွန်ဂျွန်း နှင့် ယောင်ဆန်းက အမြဲ တိုင်ပင်ဖော် တိုင်ပင်ဖက်ဖြစ်သလို၊ ယု နှင့် မီမှာလည်း ထိုနည်း လည်းကောင်းပင်။ ယုမှာလည်း ပတ်ဝန်းကျင်တွင် TripleS အသိမရှိဘဲ ထီးထီးကြီးဖြစ်ရာမှ မီရောက်လာသောအခါ ဘ၀ကြီး အတော်အတန် စိုပြေလာသလို ခံစားရလေသည်။ လူတကာက အဓိပ္ပါယ်မရှိဟု သတ်မှတ်ထားသော ခံစားချက်ကို မီကတော့ဖြင့် ကောင်းကောင်းကြီး နားလည် နှစ်သိမ့်ပေးနိုင်သည်မဟုတ်လား။ ဟွန်ဂျွန်းကို လွမ်းသည့်အခါ...ဟွန်ဂျွန်းအကြောင်းတွေ ကြားသည့်အခါ....လူတွေက ဝေဖန်ကြသည့်အခါ... မီတစ်ယောက်သာ ယုကို ဖေးမပေးနိုင်လေသည်။
တစ်နေ့ထက် တစ်နေ့ မီသည် ယုဘ၀၏ အစိတ်အပိုင်းတစ်ခု ဖြစ်လာခဲ့သည်။
မီ နှင့် ယု ဘာမဆို တိုင်ပင်နိုင်သော်လည်း ယုမှာ မီ့ကို ပြောရကောင်းနိုး မကောင်းနိုး ဖြစ်နေသည့်ကိစ္စကတော့ ယောင်ဆန်း ကိစ္စပါပင်။ မီ့ စိတ်ကို သိနေသဖြင့် ယောင်ဆန်းအကြောင်း ပြောချင်ပါသော်လည်း မီယုံပါ့မလား သူမ စိုးရိမ်သည်။ သို့သော် ပြောကို ပြောရမည်ဟုလည်း ဆုံးဖြတ်ထားသည်။ ပြောမည်ဟု လုပ်တိုင်းလည်း ဘယ်က ဘယ်လိုစပြောရမှန်းမသိ ဖြစ်ကာ လုံးချာလည်နေပြီး ခုထိ မီ့ကို ယုမပြောရသေး။ ယု နှင့် စကားပြောသည့် သူတိုင်းကို ယောင်ဆန်းတို့ စိတ်မထင်လျှင် မထင်သလို ဘလော့ခ် ပစ်နေတတ်သော်လည်း မီကတော့ လွတ်မြောက်ရာ နယ်မြေထဲတွင် ရှိနေဆဲ။ မြန်မာလို ပြောနေကြ၍ ကိုရွှေယောင်ဆန်း ဘာသာပြန်မရဖြစ်နေတာပဲ ဖြစ်မည်။ ၀င်မကြည့်တာတော့ ဘယ်နည်းနှင့်မှ မဖြစ်နိုင်။ ယုလည်း ရည်းစားမရှိ၍သာ တော်တော့သည်။ ရည်းစားရှိလည်း တစ်ပတ်ပင် ခံမည်မထင်ပါ။ ယောင်ဆန်းလက်ချက်နှင့် ကွဲမည်မှာသေချာသည်။
တစ်နေ့......
" ယု- ငါ နင့်ကို ပြောစရာရှိတယ် "
BẠN ĐANG ĐỌC
ဒဏ္ဍာရီ
Fanfictionဤfiction ကို မီဆိုနှင့်အတူ TS များ အားလုံး ပိုင်ပါတယ်။ ပြင်ပ အဖြစ်အပျက်တချို့ နှင့်အမှန်တရား တချို့ ပါပါတယ်။ Not BL . Just fanfiction