အပိုင်း ၃၀

31 6 0
                                    

Unicode

ဒဏ္ဍာရီ အခန်း (၃၀)

ယောင်ဆန်း ခေါင်းတွေ ကိုက်နေသည်။ သည်နှစ်တွေထဲတွင် သူ့ကံဇာတာကို သူ တော်တော်လေး သံသယရှိလာသည်။ နတ်တပါးပါးက သူ့အတွက် သမရိုးကျတွေမှ သွေဖယ်နေသည့်အဖြစ်တွေချည်း  ဖန်တီးထားသလားပင် ထင်ရသည်။ ယခုလည်းကြည့်။ သူ့ရှေ့တွင် ကျောက်ရုပ်တစ်ရုပ်နှင့်မခြား တုတ်တုတ်မလှုပ်ထိုင်နေသော မိန်းကလေးတစ်ယောက်..။ တစ်ကိုယ်လုံးလည်း ပေပွစုတ်ပြတ်လို့..။ သည်မနက်စောစော အပြင်ထွက်ဖို့လုပ်တော့ တံခါးရှေ့မှာ မေ့လဲနေတာကို သူတွေ့ရခြင်းဖြစ်သည်။ ရဲခေါ်ဖို့ စဉ်းစားမိသော်လည်း မတော်လျှင် မဟုတ်က ဟုတ်က သတင်းထွက်မှာကလည်း စိုးရသေးသည်မို့ အရင်ဆုံး အိမ်ထဲ ဒရွတ်တိုက်ဆွဲလာခဲ့ရသည်။ သို့သော်လည်း မရွှေချောက သတိရလာတော့လည်း ဘာမှ မေးမရ၊ သူမ အကြည့်တွေကလည်း စိတ်နဲ့လူမကပ်သလို။တော်သေးတာတစ်ခုက လူဆိုးလည်း ဟုတ်ပုံမရ၊ အကြံအစည်တစ်ခုခုနဲ့ လာသည့်ပုံလည်းမဟုတ်ပြန်။ ကိုယ်တွေပူပြီး မေ့လဲနေသည်ကတော့ အမှန်ပင်ဖြစ်သည်မဟုတ်လား။

“ ကဲ- မင်းငါ့ကို စကားနည်းနည်းမှ ပြောဖို့ အစီအစဉ်မရှိဘူးလား ”

မိန်းကလေးက လှုပ်ရှားမလာ။

“ ကဲ- မေးမရလည်း ထ။ ပြန်တော့ကွာ ”

သူပြောတော့လည်း လှုပ်ရှားမလာ။ ဟိုယောင်ဆန်း ခေါင်းတွေ နောက်လာသည်။ မကြာခင် မူးလဲသူက ထိုမိန်းကလေးမဟုတ်ဘဲ သူဖြစ်သွားနိုင်သည်။ ကြံရာမရဖြစ်ပြီး ဟွန်ဂျွန်းကို ဖုန်းဆက်တော့ ဖုန်းပိတ်ထားသည်၊ Kyu ကလည်း ဂျပန်မှာ၊ အငယ်လေးကလည်း ချီလီရောက်နေသည်။ မတတ်နိုင်တော့ ဟို မြင်းကိုပဲ ဖုန်းဆက်ရတော့သည်။ အရေးအကြောင်းဆိုတော့လည်း ချက်ချင်းပဲရောက်လာပါသည်။ ဂျောင်မင်းရောက်လာချိန်တွင် ယောင်ဆန်းက ကြံရာမရ စိတ်ရှုပ်နေပြီး၊ ထိုမိန်းကလေးကတော့ဖြင့်  ကျောက်ရုပ်လို..။ ဂျောင်မင်းကတော့ဖြင့် သူ့ဘ၀တွင် သည်လောက် ပေရေစုတ်ပြတ်နေသော ကျောက်ရုပ်ကို ပထမဆုံး မြင်ဖူးခြင်းပါပဲ။

“ မင်း ဘယ်သူလဲ ။နာမည် ဘယ်လိုခေါ်လဲ ”

ဂျောင်မင်းက စကားစသည်။

ဒဏ္ဍာရီWhere stories live. Discover now