အပိုင်း ၂၉

26 6 0
                                    

ဒဏ္ဍာရီ အခန်း ( ၂၉ )

ဂျောင်မင်း နှင့် JJun တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်လိုက်ကြသည်။ JJun က ဘယ်လိုလဲဟူသော သဘောဖြင့် မေးဆတ်ပြသည်ကို ဂျောင်မင်း ခေါင်းယမ်းပြလိုက်သည်။ ထို့နောက် နှစ်ယောက်လုံး ပြိုင်တူ သက်ပြင်းချလိုက်ကြပြီး အရှေ့တွင် မှောက်နေပြီဖြစ်သော ယောင်ဆန်းကို စိတ်မသက်မသာ ကြည့်လိုက်ကြသည်။

" Hyung Jun ... ငါ့ကို တစ်ခွက် ထပ်ထည့်ပေး "

" အာ- အစ်ကို တော်တော့။ အရမ်းများနေပြီ။ မနက်ဖြန် နေ့လယ် ဓာတ်ပုံရိုက်စရာရှိတယ်မဟုတ်လား။
ဒီမျက်နှာနဲ့ ဘယ်လို သွားရိုက်မှာလဲ ။ ကုမ္ပဏီသိရင် ပြဿနာတက်ကုန်တော့မှာပဲ "

" ဟေ့ကောင်- ငါ့ကိစ္စနဲ့ ငါသောက်တာတောင် ကုမ္ပဏီက ခွင့်ပြုမှ သောက်ရမှာလား။ ငါ သူတို့အတွက်
သီချင်းတွေလည်း အများကြီး ဆိုပေးပြီးပြီ၊ သီချင်းတွေလည်း ရေးပေးပြီးပြီ။ အရက်တော့ ငါ့ဟာငါ
လွတ်လွတ်လပ်လပ် သောက်ပါရစေ"

" သြော်- အားနေတဲ့အချိန်ဆိုလည်း တစ်မျိုးပေါ့။ ဘယ်သူက ဘာပြောမှာတုန်း။
Fan meeting လိုဆိုရင်တောင် ဘာမှမပြောဘူး။ အခုဟာက မဂ္ဂဇင်းအတွက် ပါဆိုမှ..."

" ဟုတ်တယ် ယောင်ဆန်း။ မသောက်နဲ့တော့။ မနက်ဖြန် မင်းမျက်နှာ ဖောင်းနေလိမ့်မယ် "

" ဒါပေမယ့် ဂျောင်မင်းရဲ့။ အစ်ကိုယောင်ဆန်းက အစကတည်းက ဖောင်းဖောင်းလေးပဲဟာကို "

" သြော်- ငါလုပ်လိုက်ရ။ ဒီမှာ အကောင်းပြောနေတာကို ။သူ့ဘာသာ ပါးဖောင်းတာနဲ့ အရက်သောက်လို့ ဖောင်းလာတာနဲ့ တူမလားဟ "

" အေးပါကွာ။ ငါသိပါတယ်ဟ။ ငါက နောက်တာပါ "

ယောင်ဆန်းက ဘာမှ မပြောတော့။ သောက်မည်လုပ်သော ဘီယာခွက်ကို ပြန်ချသည်။ JJun သက်ပြင်းချလိုက်သည်။ ဘယ်လိုပဲ ခံစားရပါစေ ယောင်ဆန်းတွင် ထိန်းချုပ်ရမည်ဟူသော အသိလေးတော့ရှိသေးသည်။ အနည်းဆုံးတော့ သူ့မှာ ပရိတ်သတ်ဟူသော ငဲ့စရာတစ်ခု ရှိနေသေးသည်မဟုတ်လား။

" ငါ.... သူတို့အတွက် တကယ် ၀မ်းသာပါတယ်။ ဂျန်းမီအတွက်ရော... ဂျီဟိုအတွက်ရော...။
ဒါပေမယ့် ငါဘာလို့ စိတ်ညစ်နေမှန်းမသိဘူး "

ဒဏ္ဍာရီWo Geschichten leben. Entdecke jetzt