အပိုင်း ၄၀

29 4 0
                                    

ဒဏ္ဍာရီ အခန်း (၄၀)

အချိန်တွေ ကြာလာသည်နှင့်အမျှ လူ ၈ ယောက်ကြားထဲက သံယောဇဉ်က  ပိုမို ခိုင်မြဲလာသည်။  ငယ်ပေါင်းကြီးဖော် သူငယ်ချင်းတွေလို၊ ဆွေမျိုးရင်းချာတွေလို၊ ချစ်သူတွေလည်း ချစ်သူတွေအလျောက်၊ သူငယ်ချင်းတွေလည်း သူငယ်ချင်းတွေအလျောက် မေတ္တာတွေ တိုးလာသည်။  အကွာအဝေးတွေက သူတို့အားလုံး၏ မေတ္တာကို ဖျက်ဆီးမပစ်နိုင်။

ရက်ပိုင်းလေးပဲ နေရနေရ ချစ်တဲ့သူနှင့် အတူဖြတ်သန်းချင်ပါသည်ဆိုသော Kyu တို့၏ ချစ်သူသက်လည်း မထင်မှတ်ပါဘဲ လမှ နှစ်သို့ ကူးလာသည်။ ဟာနူးလ် ပန်းခြံတွင် လမ်းလျှောက်ချင်သည်ဆိုသော ဟွန်ဂျွန်းသည်လည်း ပန်းခြံတွင် လမ်းမလျှောက်နိုင်သည့်တိုင်  ချစ်သူသက်လမ်း ကိုတော့ ပန်းခင်းပြီး လျှောက်နိုင်ခဲ့ပါသည်။ ဂျောင်မင်း နှင့် မီဆိုကတော့ ပိုရင်းနှီးလာတာကလွဲလို့ အခြေအနေ ထူးခြားမှုမရှိ။

တစ်ရက်တော့ ဟွန်ဂျွန်း ဆီ သို့ ဂျောင်မင်း ရောက်လာသည်။ မျက်နှာလည်း မကောင်း။ ဖြစ်ချင်တော့ ထိုအချိန်တွင် ဟွန်ဂျွန်းကလည်း စိတ်ညစ်နေချိန်…။

“ ဟွန်ဂျွန်း…. ”

ဂျောင်မင်းက ခေါ်ပြီးမှ ဘာပြောရမှန်းမသိသလို ငြိမ်နေသဖြင့် ဟွန်ဂျွန်းကပဲ စကားစ ထောက်ပေးလိုက်ရသည်။

“ ပြောလေ..ဘာဖြစ်လာလို့လဲ ”

ဂျောင်မင်းက သက်ပြင်းတစ်ခုကို ခပ်လေးလေးချလိုက်ပြီး-

“ မင်းကြည့်ရတာလည်း အဆင်မပြေဖြစ်နေတယ် ထင်လို့ပါ။ ငါပြောမှ မင်းပိုစိတ်ညစ်နေမှာစိုးလို့။
  မင်းကရော ဘာဖြစ်နေတာလဲ ”

ဟွန်ဂျွန်းသည် သီချင်းရေးရန်ကြိုးစားပြီး ဘာတစ်လုံးမှ ခေါင်းထဲက ထွက်မလာသဖြင့် စာရွက်တွေ ခဲတံတွေ ပစ်ချလိုက်ပြီး-

“ ညက အမေက ငါ့ကို စကားစတယ် ”

အမေက စကားစတယ် ဟု ဆိုလိုက်သည်နှင့် ဂျောင်မင်း ရင်တွေခုန်လာသည်။

“ ငါ့ကို မိန်းကလေးရှာပေးမယ်တဲ့ ။ လက်ထပ်ဖို့ပြောနေပြီ ”

ဒဏ္ဍာရီOnde histórias criam vida. Descubra agora