Unicode
နောက်ထပ် တစ်လလောက် သူနှင့် ယု မတွေ့ဘဲ ကြာသွားပြန်သည်။ Facebook မသုံးဖြစ်သော်လည်း ယု ဟွန်ဂျွန်းကို တစ်ရက်မှ မမေ့ခဲ့ပါ။ ယုမိုးလင်း၍ မျက်လုံး နှစ်လုံးပွင့်သည်နှင့် ယုအတွေးထဲကို ဟွန်ဂျွန်းရောက်လာသည်။ ကျောင်းသွားလည်း ဘေးမှာ သူပါသည်။ ကြာလာသည်နှင့်အမျှ ယုစိတ်ထဲတွင် ဟွန်ဂျွန်းနှင့်ဝေးနေသည်ဟု မခံစားရဘဲ ဖြစ်လာသည် ။
စိတ်ပျက်အားငယ်ချိန် တွေမှာတော့ ကီလိုမီတာ ၃၀၀၀ ကျော်၊ အချိန် ၂ နာရီခွဲ နှင့် ဘ၀နှစ်ခု အတွက် ယု နင့်နေအောင် ခံစားရသည်။ ယုကို လူတွေက ရူးသည်ဟု ဆိုချင် ဆိုကြလိမ့်မည်။ လက်တွေ့မဆန်ဘူးဟု ဝေဖန်ကြပါလိမ့်မည်။ Kpop ဝေဖန်သူများ ပါးစပ်ထဲသို့သာ ရောက်သွားပါက ယုဘ၀ အဖတ်ဆယ်၍ပင် ရတော့မည် မထင်ပါချေ။ သို့သော် သူက ယုဘ၀၊ ယုရင်ခုန်သံ၊ ယု၏ စိတ်ဝိဥာဉ်ဆိုတာ ယုပဲသိသည်။
“ ဟေ့.. ”
ယု အွန်လိုင်းသို့ တက်လိုက်စဉ် ကင်ဆန်းမင်း ပို့ထားသော မက်ဆေ့ခ်ျလေးရောက်နေသည်။ စာကလည်း “ ဟေ့ ” တစ်လုံးတည်း။
ကိုယ့်ဘာသာ အားငယ်နေရာမှ ကိုယ့်ဘ၀ကိုယ် စိတ်တိုနေခိုက် ကင်ဆန်းမင်း၏ ဟေ့သည် ယု၏ ဒေါသကို အရှိန် မြှင့်လိုက်သကဲ့သို့ ရှိသည်။
“ ငါ့နာမည် ဟေ့မဟုတ်ဘူး ”
“ ဒါဆို ဘာလဲ ”
ယုက reply လုပ်လိုက်စဉ်မှာပဲ ကင်ဆန်းမင်းထံမှ စာပြန် ရောက်လာသဖြင့် ယုအံ့သြသွားသည်။ ဒါဆို သူက အွန်လိုင်းမှာ တစ်ချိန်လုံး ရှိနေတာလား။
“ ငါ့နာမည် က တစ်လုံးတည်း။ အသံထွက်လည်း လွယ်လွယ်လေး။ နင် အသံမထွက်တတ်ဘူးလား ”
ယု စိတ်တိုတိုနှင့် အော်ပစ်လိုက်သည်။ ( အဲ- အပြင်မှာသာဆိုလျှင်တော့ အော်ပြောမိမှာ သေချာပါသည်။ အခုတော့ ဖုန်းက ကီးဘုတ်ကိုပဲ ဖိနှိပ်ပစ်ရတော့သည်ပေါ့)
“ နင် ဘာတွေ စိတ်တိုနေတာလဲ ”
သူကမေးမှ ယု အားနာသလိုနှင့် အရှိန်လျော့သွားသည်။
“ ဘာမှ မဟုတ်ဘူး။ ”
“ နင့်နာမည်က တစ်လုံးတည်းတော့ သိပါတယ်။ ဒါပေမယ့် နင့်ကို ငါ ဂျီဟို လို့ပဲ ခေါ်မယ်။ နင်က ဂျီဟို အရမ်းသဘောကျတယ်မဟုတ်လား ”
ESTÁS LEYENDO
ဒဏ္ဍာရီ
Fanficဤfiction ကို မီဆိုနှင့်အတူ TS များ အားလုံး ပိုင်ပါတယ်။ ပြင်ပ အဖြစ်အပျက်တချို့ နှင့်အမှန်တရား တချို့ ပါပါတယ်။ Not BL . Just fanfiction