Unicode
ဒဏ္ဍာရီ အခန်း ( ၂၇ )
Kyu နှင့် မီ ကြောင့် ရာသက်ပန် နှလုံးသားချင်း နားလည်မှုဖြင့်သာ အချိန်တွေ ကုန်ဆုံးသွားချင်သော ဟွန်ဂျွန်းတစ်ယောက် စိတ်ကူးပြောင်းသွားသည်။
“ Kyu လုပ်တာ မှန်တယ် အစ်ကို.. ။ အစ်ကိုလည်း တစ်ခုခု ဆုံးဖြတ်သင့်ပြီ ”
JJun လည်းတိုက်တွန်းသည်။ ဟွန်ဂျွန်းသည် Kyu လမ်းစဉ်ကို လိုက်ရန် စဉ်းစားပြီးကာမှ ဇဝေဇ၀ါ ချီတုံချတုံ ဖြစ်နေရသည်။ အဓိက ကတော့ အဆုံးသတ်…။ အဆုံးသတ်ကြီးကို သိနေပါလျက် ဇာတ်လမ်းစတာ ယုအတွက် မတရားဟု သူစဉ်းစားမိသည်။
“ ဂျီဟိုကို အားနာတယ် အငယ်လေးရာ…”
JJun က သူ့ကို မျက်ခုံးပင့်ကြည့်သည်။
“ လုပ်ပြန်ပြီ…။ ဘာဖြစ်ရပြန်ပြီလဲ ပြောမယ်ဆိုပြီး ”
“ အခု မပြောလည်း ငါချစ်တာ သူသိနေတာပဲ၊ ပြီးတော့ သူချစ်တာလည်း ငါသိတာပဲ။
အခုမှ ထပြီး ဂျီဟိုကို ကျွန်တော်ချစ်ပါတယ် သွားပြောရအောင်လည်း တစ်မျိုးကြီးဖြစ်နေတာ။
အဲဒီလိုတွေပြောပြီး တစ်ချိန် ငါသူ့ကို ထားခဲ့ရရင် ငါတော်တော် မကောင်းတဲ့ကောင်ဖြစ်မှာ”JJun က သက်ပြင်းချလျက် သူ့ကို စိတ်ကုန်သလို ကြည့်သည်။
“ လီဒါ လီဒါ… အစ်ကိုဟာ လီဒါ မဟုတ်ရင်လည်း ကောင်းသား၊ အဲဒါဆို ကျွန်တော် ခေါင်းခေါက်ပစ်လို့ရသေးတယ်..။ အခုတော့ ဘာလုပ်ရမှန်းမသိဘူး ”
JJun စကားကြောင့် သူ ဟက်ကနဲ တစ်ချက်ရယ်မိသည်။
“ မရယ်နဲ့..။ အစ်ကိုရ..ကျွန်တော်ပြောမယ်။ ဘယ်မိန်းကလေးမဆို ကိုယ့်ကိုချစ်မှန်းသိလည်းချစ်တယ်လို့ ဖွင့်ပြောတာတော့ လိုချင်ကြမှာချည်းပဲ၊ ပြီးတော့ အခြေအနေကိုလည်းကြည့်ဦး။
အစ်ကိုတို့က တစ်ယောက်နဲ့တစ်ယောက် နေ့တိုင်းတွေ့နေရတဲ့ အတွဲတွေမဟုတ်ဘူး၊ ကျွန်တော်တို့ ဒီဘက်မှာဖြစ်ပျက်နေတာတွေကို သူတို့ အကုန်မသိနိုင်ဘူး၊ ပြီးတော့ ကျွန်တော်တို့နဲ့ပတ်သတ်မိတဲ့အတွက် သူတို့မှာ စိတ်ပူစရာကိစ္စတွေက ကျန်တဲ့လူတွေထက် အဆပေါင်းများစွာ
ပိုများတယ်။ အနည်းဆုံးတော့ သူတို့ဘ၀မှာ စိတ်ညစ်လို့ မှီစရာ ပုခုံးတောင် လေထဲမှာပဲ ရှိတာ။
အဲဒီအတွက် အစ်ကိုက သူ့ကို ချစ်တယ်ဆိုတဲ့ စကားလေးတော့ လက်ဆောင်မပေးသင့်ဘူးလား။သူတို့အတွက် ကျွန်တော်တို့လုပ်ပေးနိုင်တာ ဒါပဲရှိတယ် ”
KAMU SEDANG MEMBACA
ဒဏ္ဍာရီ
Fiksi Penggemarဤfiction ကို မီဆိုနှင့်အတူ TS များ အားလုံး ပိုင်ပါတယ်။ ပြင်ပ အဖြစ်အပျက်တချို့ နှင့်အမှန်တရား တချို့ ပါပါတယ်။ Not BL . Just fanfiction