အပိုင်း ၅၁

18 2 0
                                    

ဒဏ္ဍာရီ အခန်း (၅၁)

ပြာလွင်သန့်စင်နေသော ကောင်းကင်၊ စိမ်းစိုလန်းဆန်းနေသော ကိုင်းပင်တွေ...မြက်ပင်တွေ...။ အနီရောင်၊ ပန်းငေ်၊ အဖြူရောင် စသဖြင့် အရောင်လွင်လွင် ပွင့်လျက်ရှိသော ပန်းရိုင်းလေးတွေ...။ ကွေ့ကာ ကောက်ကာနှင့် ရှိနေသော မြေလမ်းဝါဝါလေးတစ်လျှောက် လက်ချင်းတွဲပြီး လျှောက်သွားနေသော ချစ်သူစုံတွဲလေးတွေ...။ မီဆိုကတော့ အသက်ဝင်နေသော ဒီပန်းချီကား တစ်ချပ်ကို ဓာတ်ပုံလည်းရိုက်၊ မျက်လုံးနှင့်လည်း အခါခါ မှတ်တမ်းတင်နေမိသည်။တစ်ချိန်တွင် အမှတ်တရတစ်ခုအဖြစ် စွဲစွဲမြဲမြဲ ထင်ကျန်ရစ်ဖို့လိုသည်မဟုတ်လား။

" အဆင်ပြေရဲ့လား "

နောက်ဘက်မှ တိုးတိုးငြင်သာ မေးလိုက်သော ဂျောင်မင်းကို မီဆိုလှည့်ပြီး ပြုံးကာ ခေါင်းညိမ့်ပြလိုက်သည်။

" ရိုမီယို "

" ဟင်"

" သူတို့ ပျော်နေတယ် တွေ့လား။ ငါအရမ်းသဘောကျတာပဲ"

ဂျောင်မင်းသည် ဟိုးဝေးဝေးကို လှမ်းမျှော်ကြည့်လိုက်သည်။ ဟွန်ဂျွန်းလက်မောင်းကို မှီတွယ်က ရယ်မောနေသော ဂျီဟို..၊ နှာခေါင်းစည်းတပ်ကာ ဦးထုပ်ခပ်ငိုက်ငိုက်ဆောင်းထား၍ မမြင်ရသော်လည်း ဟွန်ဂျွန်း၏ မျက်လုံးကြည်ကြည်လေးတွေ အရောင်လက်နေမှာ သူသိနေသည်။ လက်ညှိုးတထိုးထိုးနှင့် ဘာတွေရှင်းပြနေမှန်းမသိသော်လည်း ချစ်သူနှစ်ဦးကြားတွင် ပြောစရာစကားတွေ မကုန်နိုင် မခန်းနိုင်ဖြစ်နေမှာတော့ သေချာသည်။

သူတို့အတွဲနှင့် မလှမ်းမကမ်းတွင်တော့ ဂျန်းမီ နှင့် Kyu။ Kyu ကတော့ လီဒါလို သူ့မျက်နှာ သူအုပ်မထားနိုင်ပါဟုဆိုသဖြင့် မနက်စောစောကတည်းက ဂျောင်မင်းနှင့် ယောင်ဆန်းက သူ့ကို မိတ်ကပ်နှင့် ရုပ်ဖျက်ပေးရသည်။ ဂျန်းမီခင်မြာတော့ သနားစရာ။ သူနှင့် ဓာတ်ပုံတွေတွဲရိုက်ထားတာ Kyuမျက်နှာလည်းမဟုတ်။ သို့သော်လည်း Kyu သည် Kyu ပဲဖြစ်သည်မဟုတ်လား။

ရှာရှာဖွေဖွေ လေစင်္ကြာလေးတွေ Kyu က ယူလာသဖြင့် ဂျန်းမီက ထိုလေစင်္ကြာလေးကို မှုတ်လိုက်၊ ပြေးလိုက်...နောက်က Kyu က လိုက်သည့်အခါ လိုက်၊ ပုန်းသည့်အခါပုန်း။

ဒဏ္ဍာရီDonde viven las historias. Descúbrelo ahora