အပိုင်း ၃၁

21 6 0
                                    

ဒဏ္ဍာရီ အခန်း (၃၁)

ညဘက် ယောင်ဆန်းအိမ်တွင် ယောင်ဆန်း၊ ဟွန်ဂျွန်း နှင့် ဂျောင်မင်းတို့ လူစုကြသည်။
“ ကဲ- ဘယ်လို လုပ်ကြမလဲ ”

သူတို့ သုံးယောက် ခေါင်းချင်းဆိုင်လိုက်ကြသည်။

“ ဒီတစ်နေ့လုံး အခြေအနေက ဘယ်လိုရှိလဲ ”

“ အေးအေး ဆေးဆေးပါပဲ။ စားပြီးတော့ ဆိုဖာပေါ်မှာ အိပ်သွားရော ”

ဟွန်ဂျွန်းက တစ်ချက်လှမ်းကြည့်ရင်း

“ မင်းတို့ သူ့ကို ဘယ်လို ခေါ်ပြီး ဘယ်လို စကားပြောနေကြလဲ ”

“ ဒီလိုပဲ ခြေဟန် လက်ဟန်ပေါ့။ ဂျောင်မင်းကတော့ မီဆိုး လို့ နာမည်ပေးထားတယ် ”

“ မနက်ဖြန် ငါတို့ ရဲစခန်း သွားကြမလား ”

ဂျောင်မင်းက မေးသည်။ ယောင်ဆန်းကတော့ တွေးနေရင်းမှ

“ ပို့တော့ ဟိုက သူ့ကိုမေးရင် သူက ဘာပြန်ဖြေမှာလဲ ”

“ အဲ ”

ဂျောင်မင်း ကြောင်သွားသည်။ ဟုတ်သားပဲ။

“ ငါတို့ကို မေးရင်ရော ငါတို့က ဘာပြန်ဖြေရမှာလဲ ။ငါတို့ကိုယ်တိုင် သွားပို့လို့ရော ဖြစ်ပါ့မလား။
  တစ်ယောက်ယောက်ကို ပို့ခိုင်းရင်လည်း မဖြစ်သေးပြန်ဘူးလားလို့လေ ”

“ မန်နေဂျာကို အကူအညီ တောင်းရင်ရော…”

“ မဖြစ်ဘူး မဖြစ်ဘူး။ ဂျီဟိုတို့ကိုတောင် ပြောထားသေးတာ။ ဒီတစ်ခါလည်း ဒုက္ခများကုန်ဦးမယ် ”

ဟွန်ဂျွန်းက ၀င်ကန့်ကွက်သည်။

“ ဘယ်နိုင်ငံကဆိုတာ သိရင်လည်းတော်သေးတယ်။ သံရုံးကို အကူအညီတောင်းရအောင်လို့ ”

“ ဟိုလိုမဖြစ် ဒီလိုမဖြစ်နဲ့ ငါက သူ့ကို အိမ်မှာ ခေါ်ထားရတော့မှာလား ”

ယောင်ဆန်းက စိတ်ညစ်ညူးစွာပြောသည်။

“ မင်းက တစ်ယောက်တည်းနေတော့ ခေါ်ထားတာ အဆင်ပြေပါတယ်။ ငါတို့က အိမ်ကသိရင်
  ခွင့်ပြုမှာမဟုတ်ဘူး ”

“ ဟ- ဒီနေ့က ငါနားတဲ့နေ့မို့လေ… မနက်ဖြန် ငါအပြင်သွားရမှာ။ သူ့ကို ဘာပြောပြီး ဘယ်လိုထားခဲ့ရမှာလဲ။
  တော်ကြာ ငါမရှိတုန်း ဟိုထွက် ဒီထွက် နဲ့ဆို ပတ်ဝန်းကျင်ကမြင်ရင် ငါတော့ သွားပြီ။ မိန်းကလေးတစ်ယောက်ကို အိမ်ခေါ်ထားပါတယ်ဆိုပြီး”

ဒဏ္ဍာရီOpowieści tętniące życiem. Odkryj je teraz