ဒဏ္ဍာရီ အခန်း (၃၈)
📝
ဟန်နီ~~
ပို့ပေးလိုက်တဲ့ လက်ဆောင်တွေ သဘောကျရဲ့လား။ ဒီထက်မက အများကြီးပေးချင်ပါတယ်။ သယ်သွားတဲ့လူကို အားနာလို့သာ။ လက်စွပ်လေးရော တော်ရဲ့လား။ လက်စွပ်ကိုလည်း ကိုယ်တိုင်သွားဝယ်ချင်တာ မရလို့ မီဆိုကိုပဲ အကူအညီတောင်းလိုက်ရတယ်။ မီဆိုကို ကျွန်တော်တို့ဆီ ပို့လိုက်တဲ့ ကံတရားကို ကျွန်တော် ကျေးဇူးတင်နေတယ်။ အဲဒီလက်စွပ်လေးကို ၀တ်ထားနော်။
တကယ်တော့ သူများတွေလိုပဲ ကျွန်တော်နဲ့ ဟန်နီ လက်စွပ်ဆင်တူလေး အမြဲ ၀တ်ထားချင်တာ။ အခုတော့ ကိုယ့်ချစ်သူကို ပေးဖို့ ပစ္စည်းတောင် ကိုယ်တိုင် သွားမ၀ယ်နိုင်တဲ့အဖြစ်၊ အဆိုတော်ဖြစ်ရတာ မုန်းစရာကောင်းလိုက်တာ ဟန်နီရယ်။ ဒါပေမယ့် တစ်ခါတစ်လေ ကျွန်တော်ဝတ်မယ် သိလား။ အဲဒီလက်စွပ်လေး ကျွန်တော့်လက်မှာတွေ့တိုင်း အဲဒီနေ့ဟာ အမြဲတမ်းထက် အရမ်းကြီး ပိုသတိရတဲ့နေ့ဆိုတာ သိပေးနော်။ ကျွန်တော် Instagram Live လုပ်ချိန်တိုင်း ဟန်နီ လာနိုင်ရင် ကောင်းမှာပဲ။ အဲဒီအခါကျရင် အားလုံးရှေ့မှာ ချစ်တယ်လို့ အော်ပြောမှာ။ ဟား ဟား.. ဘယ်သူက ဟန်နီကို ပြောတာလို့ သိမှာလဲနော်။ ဟန်နီက လွဲလို့ပေါ့။ကဲ- ဒါပဲ ဟန်နီ။ နည်းပညာတွေ တိုးတက်နေတဲ့ခေတ်ကြီးမှာ စာရေးလိုက်တဲ့ ကျွန်တော့်ကို ဟန်နီရယ်နေသေးလား။ ဒါပေမယ့် ဒီစာလေးရေးနိုင်ဖို့ ကျွန်တော် dictionary တွေ၊ grammer စာအုပ်တွေ အများကြီး ပြန်ကြည့်ခဲ့ရတာတော့ ဟန်နီ ယုံလိုက်ပါ။
💕💗💕
ချစ်တဲ့
ဟွန်ဂျွန်း။📗📗📗📗📗📗📗📗
ယုသည် အလွတ်ရနေပြီဖြစ်သည့်တိုင် အခေါက်ခေါက် အခါခါ ဖတ်နေမိသည်။ အခေါက်တိုင်းလည်း မတူညီသော ခံစားမှု ပေါင်းစုံကိုရသည်။ မျက်ရည်တွေလည်လာလိုက်၊ ပြုံးမိလိုက်၊ ရင်တွေခုန်တဲ့အခါလည်းခုန်၊ သိမ့်ကနဲနွေးသွားသည့်အခါလည်း နွေး။ တစ်ထိုင်တည်းနှင့် ယု ရူးသွားပြီထင်သည်။သို့သော် နောက်ဆုံးစာကြောင်းကို ဖတ်မိတိုင်းတော့ ရယ်မိသည်ချည်း။မီကို လှမ်းကြည့်တော့ ထိုင်လျက်ကြီး အသက်ပျောက်နေသလို။ Kyu ရေးပေးလိုက်သော စာကိုကိုင်ပြီး တောင့်တောင့်ကြီး ထိုင်လို့။
VOUS LISEZ
ဒဏ္ဍာရီ
Fanfictionဤfiction ကို မီဆိုနှင့်အတူ TS များ အားလုံး ပိုင်ပါတယ်။ ပြင်ပ အဖြစ်အပျက်တချို့ နှင့်အမှန်တရား တချို့ ပါပါတယ်။ Not BL . Just fanfiction