အပိုင်း ၁၈

38 5 0
                                    

ဒဏ္ဍာရီ အခန်း(၁၈)

ဂျောင်မင်း တစ်ယောက် အိပ်ခါနီး ဟိုဟိုသည်သည် အတွေးတွေ များနေသည်။ အခုတစ်လော သူ့မျက်စိရှေ့တွင် ဖြစ်ပျက်နေတာတွေက ပုံမှန်မဟုတ်။ အထူးသဖြင့် လီဒါ ၂ ယောက်ဖြစ်သည်။ သူက ထို ၂ယောက်လို လုံးလားထွေးလားနှင့် လင်မယားလို ရှိရှိသမျှ အကုန်ပြောပြနေတတ်သူမဟုတ်သဖြင့် တော်တော်လေးတော့ ကွင်းဆက်ပြတ်နေခဲ့သည်။
နံပါတ် (၁)။ ယောင်ဆန်း ဘယ်တုန်းက ဂျီဟိုကို ချစ်ရေးဆိုလိုက်မှန်း သူမသိခဲ့။ သူ့စိတ်ထဲတွင်တော့ ဂျီဟိုသည် သူ့ညီမလေး ပဲဖြစ်သည်။ အားလုံးလည်း သူ့လိုပဲဖြစ်မည်ဟုထင်ခဲ့ရာမှ ဘယ်အချိန် ယောင်ဆန်း စိတ်ပြောင်းသွားမှန်း သူမသိခဲ့။ အပျော်တွဲဖို့တော့ တကူးတက အွန်လိုင်းမှ ချစ်ရေးမဆိုလောက်ရာ..။ သို့သော်လည်း ယောင်ဆန်းကို သူယုံသင့် မယုံသင့် စဉ်းစားရဦးမည်။
နံပါတ် (၂) ။ လီဒါကလည်း ဘယ်အချိန်မှစပြီး ဂျီဟိုကို စိတ်ဝင်စားသွားမှန်း သူ မသိလိုက်ပြန်။ Jun ကတော့ ဂျီဟို ဆေးရုံတက်သည့်နေ့က စသည်ဟုဆိုသည်။ Jun ပင် သိသည့်ကိစ္စကို သူဘာကြောင့် လွတ်သွားရပြန်သနည်း။
နံပါတ် (၃)။ ဂျီဟို ကိစ္စနှင့်ပတ်သတ်ပြီး ဟွန်ဂျွန်း နှင့် ယောင်ဆန်း အနည်းငယ် ဝေးသွားသယောင်ဖြစ်နေသည်။ ဘယ်သူက ဘယ်သူ့ကို ရှောင်နေမှန်း မသိသော်လည်း အရင်လို ဘီယာသောက်ဖို့ ခေါ်၍ မရတော့တာတော့ သေချာသည်။ တစ်ယောက်လာလျှင် တစ်ယောက်မလာ။ မလွှဲသာ မရှောင်သာ ဆုံပါကလည်း မေးထူးခေါ်ပြောဖြစ်နေပြန်သည်။ သူကလည်း ထိုအခြေအနေလောက်ဖြစ်ကာမှ သတိထားမိကာ ဟိုမေး သည်မေး လိုက်မေးရသည်။ သည်တော့မှ ကိုယ်တော်လေး Kyu Jong က ဖွင့်ပြောဖော်ရသည်။ မမေးလျှင် ဘယ်အချိန်ထိ တစ်ယောက်တည်းကြိတ်ပြီး စိတ်ညစ်နေဦးမလဲ မသိ။
အဲ...အနှီ Kyu Jong ကလည်း နံပါတ် (၄)။ ခုတစ်လော Kyu ၏ လှုပ်ရှားမှုများကိုကြည့်ရသည်မှာ တစ်မျိုးတော့ တစ်မျိုးပဲဟု သူထင်သည်။ တွေးချင်းတွေး ၊ ငေးချင်ငေး၊ တစ်ခါတစ်လေလည်း တစ်ယောက်တည်း ပြုံးနေ။ ထိုအပြုံးကိုလည်း သူမသင်္ကာချင်၊ ကြည်နူးသွားသည့် အပြုံးမျိုး၊ ပီတိဖြစ်သွားသော အပြုံးမျိုး.....။ စာတိုပေစများသာ ဖတ်ဖို့ စိတ်ဝင်စားသော Kyu က မြန်မာနိုင်ငံ သမိုင်းကြောင်းတွေ ရှာဖတ်ချင်လည်း ဖတ်နေတတ်သည်။ မြန်မာနိုင်ငံမှ လူတွေအကြောင်း၊ နေရာတွေအကြောင်း...သူ့ဝါသနာအတိုင်း အစားအစာတွေအကြောင်း...။
အငယ်ဆုံးကောင်ကတော့ အကြီးမားဆုံး ပြဿနာဖြစ်သည်။ မနေ့က ရှာလိုက်သော ပြဿနာ တော်တော်ကြီးသဖြင့် ဘယ်ကစပြီး ဘာလုပ်ရမှန်းပင်မသိ။ မနေ့ညက သူတို့ ၅ ယောက်ဆုံဖြစ်သည်။ သူချိန်းတုန်းကတော့ လီဒါ ၂ ယောက်ပြဿနာကို ရှင်းချင်၍။ သို့သော် ဘာမှမရှင်းရသေးခင် မှာပဲ မနေ့က ထိုလီဒါ ၂ ယောက်က မျက်စိလည်စရာ ကောင်းလောက်အောင် အဆင်ပြေနေပြန်သည်။ ယောင်ဆန်းသောက်၊ ဟွန်ဂျွန်းသောက်၊ ယောင်ဆန်းစား၊ ဟွန်ဂျွန်းစား နှင့် သူမျက်စိနောက်နေသည်မှာတော့ အမှန်။ သို့သော်လည်း ဒါကိုက ပုံမှန်အခြေအနေမဟုတ်။ သိချင်၍ စကားပျိုးကြည့်လိုက်သည်။
" ဂျီဟို ခုတစ်လော နေပြန်ကောင်းနေပြီမဟုတ်လား "
မလှုပ်။ သူတို့ ၂ ယောက်လုံး တုတ်တုတ်မှကို မလှုပ်။ သူ့စိတ်အတိုင်းသာဆို ခွပ်ကနဲနေအောင် နှစ်ယောက်လုံး ခေါင်းချင်းဆိုင် တိုက်ပစ်လိုက်ချင်သည်။ အတန်ကြာမှ ယောင်ဆန်းက နှုတ်ခမ်းလေး တွန့်ရုံမျှ ပြုံးပြီး-
" ဘယ်သူလည်း ဂျီဟို ဆိုတာ "
ယောင်ဆန်းအမေးကြောင့် ဟွန်ဂျွန်း မျက်ခုံးကျုံ့သွားသည်။
" ဘာရယ်"
" ငါမသိဘူး သူ့ကို "
" မင်းကွာ..ပြောတုန်းကပြောထားပြီး ဘာလုပ်တာလဲ "
" ငါ ဘာပြောထားလို့လဲ "
" မင်းပဲ သူ့ကို ချစ်တယ်ဆို "
ယောင်ဆန်း ကျွတ်ကနဲ စုပ်သတ်လိုက်ပြီး ဘီယာခွက်ကို ဆောင့်ချလိုက်တော့ Kyu Jong လန့်ပြီး မတ်တပ်ထရပ်သည်။ ယောင်ဆန်း တော်တော်မူးနေပြီ။
" မင်း.. "
ဒယီးဒယိုင်နှင့် ယောင်ဆန်း မတ်တပ်ထရပ်ကာ ဟွန်ဂျွန်းကို လက်ညှိုးထိုးပြီး ရီဝေေ၀ကြည့်သည်။ ထို့နောက် ရုတ်တရက် သူ့ရှေ့မှာ ထိုင်နေသော ဟွန်ဂျွန်းကို လှမ်းထိုးသဖြင့် Kyu Jong က အမြန်လှမ်းဆွဲလိုက်ရသည်။
" ယောင်ဆန်း- ဘာလုပ်တာလဲ အဲဒါ "
" မင်း- ဂျီဟိုနဲ့ ဝေးဝေးနေ..."
" ငါ ဘာမှကို မပြောရသေးပါဘူးကွာ...."
" မင်းပြောစရာမှ မလိုတာပဲကွ.... မင်းသိနေတာပဲ မဟုတ်လား ။ သူဘယ်သူ့ကိုချစ်တယ်ဆိုတာ
မင်းလည်းသိတယ် ငါလည်းသိတယ်"
" မဟုတ်ပါဘူး ယောင်ဆန်းရာ။ ငါပြောတာ နားထောင်စမ်းပါဦး "
လီဒါက ယောင်ဆန်းလက်မောင်းကို လှမ်းဆွဲသဖြင့် ယောင်ဆန်းက ဆောင့်ရုန်းလိုက်ရာ မူးလည်းမူးနေသဖြင့် အရှိန်လွန်ပြီး ပက်လက်လန်လဲသည်။ ဂျောင်မင်းက ဆီးဖမ်းလိုက်သော်လည်း ဘီယာခွက်ကတော့ ယောင်ဆန်း လက်နှင့်ထိကာ ဂွမ်းကနဲ ကျကွဲသည်။ လီဒါကလည်း ယောင်ဆန်း ဆောင့်ရုန်းလိုက်သဖြင့် ဟန်ချက်ပျက်ပြီး ဖင်ထိုင်ရက်လဲသည်။ ထိုသို့ အားလုံး ရုန်းရင်းဆန်ခတ် ဖြစ်နေချိန် ဖုန်းတစ်လုံးနှင့် တခွိခွိဖြစ်နေသူကအငယ်ကောင်။
" ဟေ့ကောင်။ ဒီမှာ ဒီလောက်ဖြစ်ပျက်နေတာ မင်းက ဘာလုပ်နေတာလဲ။ ပေးစမ်း ဖုန်းကို"
Jun လက်ထဲမှ ဖုန်းကို လုယူလိုက်တော့..
" အံမာ- ကိုယ့်ဖုန်း ကိုယ်မသုံးဘဲ ငါ့ ဖုန်းကို....."
Jun လက်ထဲမှ ဖုန်း ဂျောင်မင်းလက်ထဲ ရောက်ချိန်မှာတော့ ဂျောင်မင်း ခေါင်းနပန်းကြီးသွားလေသည်။ ယောင်ဆန်းထက်ပင် အခြေအနေဆိုးစွာ မူးနေသော အငယ်ကောင်က ဂျောင်မင်း အကောင့်ထဲဝင်ပြီး ဂျန်းမီအား ရည်းစားစကား သွားပြောထားခြင်းပင်။
" Kyu Jong "
ဂျောင်မင်းသည် ဘာလုပ်လို့ဘာကိုင်ရမှန်းမသိဘဲ Kyu ထံသို့ ဖုန်းကို ထိုးပေးလိုက်သည်။ အကြီးနှစ်ယောက်နှင့် တိုင်ပတ်နေသော Kyu Jong ကလည်း ဖုန်းကို ယောင်နနနှင့် လှမ်းယူသည်။ ထို့နောက် ဂျောင်မင်းကို မျက်လုံးအပြူးသား လှမ်းကြည့်သည်။ Jun က ရယ်၍ အတောမသတ်နိုင်။
" ဟား ဟား ဟား... ဂျောင်မင်းနဲ့ ဂျန်းမီ ဆိုတာ လိုက်တယ် မဟုတ်လား "
ထိုးမယ်ကြိတ်မယ် တကဲကဲဖြစ်နေသော လီဒါ ၂ ယောက်ပင် နည်းနည်း အမူးပြေသွားဟန်တူသည်။ ပါးစပ်အဟောင်းသားနှင့် သူတို့ ၃ ယောက်ဘက်ကို လှည့်လာသည်။
" ဟေ့ကောင် "
" မင်း အစား ငါဝင်ပြောပေးထားတယ် "
" ဟာကွာ- လဒလေး။ ကဲကွာ... "
" ခွပ် "
အကြီး ၂ ယောက် ပြဿနာမှ ရှင်းမပြီးသေးခင် ထပ်ပြဿနာရှာသော အငယ်ကောင်ကို ဂျောင်မင်း စိတ်မထိန်းနိုင်ဘဲ ထထိုးသည်။ အမူးလွန်နေသော အငယ်ကောင်ကလည်း တစ်ခါတည်းနှင့် မှောက်သွားသည်။ လီဒါ ၂ ယောက်က ဂျောင်မင်းကို ၀ိုင်းဆွဲသည်။ Kyu Jong ကတော့ ဖုန်းကိုကိုင်ကာ တောင့်တောင့်ကြီးရပ်လျက်။
" အားးးးးး "
မနေ့က ဘီယာဆိုင်တွင် ဖြစ်ပျက်ခဲ့တာတွေ ပြန်တွေးပြီး ရှက်လည်းရှက်၊ စိတ်လည်းတိုကာ ဘေးက ခေါင်းအုံးကို လွှင့်ပစ်လိုက်သည်။ အခုတော့ ဂျန်းမီကို သူဘာသွားပြောရမည်နည်း။ တကယ်မဟုတ်ပါဘူး မူးလို့ပြောတာပါ ဟူ၍လည်း အဆင်မပြေ။ အဲဒါ ငါ မဟုတ်ဘူး၊ Jun မူးပြီး လျှောက်ပို့တာပါဆိုလည်း ကောင်မလေးကို စော်ကားရာကျဦးမည်။ ဘာမှမပြော ဘာမှ မရှင်းတော့လည်း.....။
တစ်ဖွဲ့လုံး ဒီ ၂ ယောက်နဲ့ ဘာတွေဖြစ်နေမှန်းလည်း သူမသိတော့။ သူတို့အဖွဲ့ကြောင့် အေးအေးဆေးဆေး နေသော မိန်းကလေး ၂ ယောက် ဒုက္ခသုက္ခတွေ များလာသည်ဟု ထင်ကာ အားနာ၍လည်းမဆုံး။ လောလောဆယ်တော့ သူ့ပြဿနာ သူဘယ်လိုရှင်းရမလဲဆိုတာပဲ ခေါင်းထဲရှိသည်။ လီဒါ ၂ ယောက်လည်း မဟုတ်၊ Kyu Jong လည်းမဟုတ်...။ အဲ..တစ်ခုတော့ရှိသည်။ သည်ကိစ္စဖြစ်ကာမှ Kyu စိတ်ကို သူရိပ်မိသွားသည်။ သြော်- လက်စသတ်တော့ သူက နှင်းဆီပန်းလေးကို အလှကြည့်နေချင်သူကိုး...။ ဘယ်လို လုပ်ပေးရပါ့။

ဒဏ္ဍာရီOpowieści tętniące życiem. Odkryj je teraz