ဒဏ္ဍာရီ အခန်း (၃၅)
“ ဂျန်းမီ အတွက် ကျွန်တော် လက်ဆောင်တွေ ၀ယ်လာတယ်”
မီသည် Kyu ပို့ပေးသော ဓာတ်ပုံလေးကိုကြည့်လျက် ပြုံးနေသည်။ သူ့ဝါသနာအတိုင်း အရုပ်သေးသေးလေးတွေ မျိုးစုံပါသည့် ဓာတ်ပုံဖြစ်သည်။ ၀က်ဝံစုံတွဲရုပ်လေးပါသည်၊ ဂျပန်ယပ်တောင်လေးပါသည်၊ အသည်းပုံ အရုပ်လေးတွေလည်း ပါသည်။ မအားသည့်ကြားက သူဘယ်အချိန်များ ထွက်ဝယ်ထားပါလိမ့်။
“ ဒါပေမယ့် စိတ်မကောင်းပါဘူး ဂျန်းမီရယ်။ ကျွန်တော် ဒါတွေကို ဘယ်လိုပို့ရမလဲမသိဘူး ”
“ အို- မဟုတ်တာ။ မပို့ပါနဲ့။ သတိတရ ၀ယ်လာတာပဲ ကျေးဇူးတင်လှပါပြီ ”
“ သတိရတယ်ဂျန်းမီ~~။ ကျွန်တော် ဘယ်သွားသွား ဂျန်းမီကို အမြဲသတိရတယ် ။ လက်ဆောင်တွေလည်းအများကြီး ၀ယ်ပေးချင်တာ။ အခုဆိုရင် ကျွန်တော်တို့ ချစ်သူသက်တမ်း ၂ လလည်း ကျော်သွားပြီ။ ကျွန်တော် ဘာမှ လည်း လုပ်မပေးနိုင်ဘူး ”
အပြင်တွင် မဆုံတွေ့နိုင်သည့်တိုင် ၊ အကွာအဝေးများ မိုင်ထောင်ချီနေသည့်တိုင်၊ အမြဲကြင်နာနူးညံ့လွန်းသော Kyu ၏ မေတ္တာရိပ်အောက်တွင် ဂျန်းမီ၏ ပူပြင်းသော ဘ၀ အေးချမ်းမှုရပါသည်။ မီသည် ကမ္ဘာပေါ်တွင် သူမ ကံအကောင်းဆုံးဟု သတ်မှတ်လျှက် Kyu ကတော့ ကံအဆိုးဆုံး ယောက်ျားဟု သူထင်ပါသည်။ Kyu ကြောင့် သူမ အေးမြရလေတိုင်း ဘာမှ ထိထိရောက်ရောက်မလုပ်ပေးနိုင်သည့် ကိုယ့်ကိုယ်ကိုပဲ ဒေါသထွက်ရသည်။
“ ကျွန်တော့်မှာ ဂျန်းမီရှိနေတယ် ဆိုတဲ့ အသိတစ်ခုနဲ့ပဲ ကျွန်တော် ပြည့်စုံပါတယ်”
သည်လိုစကားကြားလေလေ မီကတော့ ကိုယ့်ကိုယ်ကို သိမ်ငယ်လာလေလေပဲဖြစ်သည်။ သို့သော် သူမ ပေးနိုင်သည်က ချစ်သူတစ်ယောက်၏ အားပေးမှု နှင့် ပရိတ်သတ်အနေနှင့် အားပေးမှုတို့သာဖြစ်သဖြင့် ကိုယ်တတ်နိုင်သည့်အပိုင်းကိုတော့ တတ်နိုင်သည်ထက်ပိုပြီး အားစိုက်ထုတ်ဖြစ်သည်။
“ ခဏနေ ကျွန်တော်တို့ ယောင်ဆန်း အိမ်မှာ ဆုံဖို့ ချိန်းထားကြသေးတယ် ”
BẠN ĐANG ĐỌC
ဒဏ္ဍာရီ
Fanfictionဤfiction ကို မီဆိုနှင့်အတူ TS များ အားလုံး ပိုင်ပါတယ်။ ပြင်ပ အဖြစ်အပျက်တချို့ နှင့်အမှန်တရား တချို့ ပါပါတယ်။ Not BL . Just fanfiction