ဒဏ္ဍာရီ အခန်း (၅၄)
“ မေမေ ရောက်နေတယ်။ ငါ အရမ်းပျော်နေတာ သိလား ”
မီဆိုသည် အမှန်တကယ်ပဲ ပျော်ရွှင်နေသည်။ ဂျောင်မင်းသည် မြန်မာနိုင်ငံမှ မိခင်ဖြစ်သူ လိုက်လာသည်ဆိုကတည်းက ဘယ်လိုအခြေအနေဆိုတာ တွက်ဆမိပါလျက် မီဆိုနှင့် ရောပြီး ပျော်ပေးနေရသည်။
ဂျီဟိုတို့ ပြန်သွားပြီးကတည်းက မအားလပ်သည့်ကြားက မရရအောင် ညတိုင်း မီဆို့အိမ်ကို သွားသည်။ တစ်ခါတစ်ရံလည်း တစ်ယောက်တည်း၊ တစ်ခါတစ်ရံလည်း 501 က တစ်ယောက်မဟုတ် တစ်ယောက် အမြဲပါသည်။ မီဆို့ ဖခင်ကလည်း သူတို့လာတော့ အားတက်သည်။ ဆေးရုံမသွားချင်သော မီဆိုအတွက် သူမ၏ အခန်းလေးက ဆေးရုံငယ်လေး သဖွယ်ဖြစ်နေသည်။ အောက်ဆီဂျင်တွေကအစရှိသော အခန်းလေးထဲတွင် ဘာမှမဖြစ်သလို ရယ်ပြုံးပျော်ရွှင်နေရသော ချစ်သူဘဝသည် ဘယ်လိုများပါလိမ့်။ ရှေးဘဝက သူတို့ နှစ်ဦး ဘယ်လို ဝဋ်ကြွေးတွေ များခဲ့ပါလိမ့်။
သည်ညတော့ မီဆိုသည် ပျော်နေဟန် ရှိသော်လည်း နည်းနည်းလေး ငြိမ်နေသည်။ မနက်ဖြန် ဘာအစီအစဉ်မှ မရှိသဖြင့် တစ်ခုခုကို အကြောင်းပြပြီး အိမ်မပြန်လျှင်ကောင်းမလားဟု ဂျောင်မင်းစဉ်းစားမိသည်။ မီဆို့အလစ်တွင် သူမဖခင်ကို အခြေအနေမေးကြည့်ရသေးသည်။ မီဆို့အခြေအနေက တဖြည်းဖြည်းဆုတ်ယုတ်လာတာပဲ ရှိသည်။ ဘာမှလည်း တရားသေပြော၍မရ။
ဆရာဝန်ကတော့ အချိန်မှန် မပြတ်မလပ်လာရောက်နေသည်မို့ ဆေးကုသမှုကတော့ နည်းနည်းမှ လစ်ဟင်းမှုမရှိ။ ငွေရေးကြေးရေးကိုတော့ သူတို့ တစ်ဖွဲ့လုံးက မသိမသာ နောက်မှ ကူညီထားသည်။ မီဆိုမသိဖို့ပဲ လိုသည်မဟုတ်လား။
“ ရိုမီယို.”
“ ဟင် ”
“ နင့်ကို ငါပေးစရာရှိတယ်။ မေမေနဲ့ မှာလိုက်တာလေ ”
“ ဘာလဲ ပြ ”
မီဆိုက ကုတင်ဘေးက အံဆွဲလေးထဲက ဗူးလေးကို ထုတ်လိုက်သည်။
“ ရော့ ဖွင့်ကြည့် ”
ဂျောင်မင်းသည် ဗူးလေးကို အသာဖွင့်ကြည့်တော့ မုန်လာဥပုံ လော့ကတ်လေး တစ်ခု..။
YOU ARE READING
ဒဏ္ဍာရီ
Fanfictionဤfiction ကို မီဆိုနှင့်အတူ TS များ အားလုံး ပိုင်ပါတယ်။ ပြင်ပ အဖြစ်အပျက်တချို့ နှင့်အမှန်တရား တချို့ ပါပါတယ်။ Not BL . Just fanfiction