ဒဏ္ဍာရီ အခန်း(၂၁)
သည်လိုနှင့် မီ နှင့် ဂျောင်မင်း ကိစ္စ အဆင်ပြေသွားသည်။ Jun က ကြားဝင် တောင်းပန်လိုက်၍ဖြစ်သည်။
" ကျွန်တော် ဘာသဘောနဲ့မှ လုပ်တာမဟုတ်ပါဘူး။ မူးပြီး- အဲ "
တောင်းပန်သော်လည်း တစ်ယောက်တည်း အိုးနင်းခွက်နင်းဖြစ်နေသော ကလေးလူကြီးလေး Jun ကို မီကပဲ လူကြီးလုပ်ပြီး လျှော့ပေးကျေအေးပေး လိုက်ရသည်။
" မုန်းချင်ရင် ကျွန်တော့်ကိုပဲမုန်းပါ။ ကျွန်တော်တို့ အဖွဲ့ကိုတော့ မမုန်းပါနဲ့ "
သည်တစ်ခါတော့ သူတည်တည်ငြိမ်ငြိမ်ဆိုသည်။ စိတ်ဆိုးချင်စရာ ကိစ္စဖြစ်သော်လည်း သည်အဖွဲ့ကိုရော၊ သည်ကလေးလူကြီးကိုရော မီဘယ်လို မုန်းနိုင်မည်နည်း။
" ဂျောင်မင်းရော အဆင်ပြေရဲ့လား "
" ဘယ်လိုပြေမှာလဲ။ ခုထိ ကျွန်တော့်ကို စကားမပြောဘူး "
" ကျွန်မ သွားပြောရမလား။ အဆင်ပြေသွားပါပြီဆိုပြီး "
" မလုပ်နဲ့ မလုပ်နဲ့။ သွားပြောမှ ပိုရှက်နေဦးမယ်။ အဲဒီကောင်က တစ်မျိုးရယ်"
မီသည် Jun ကို စချင်လာသဖြင့်-
" အဲဒါဆို ကျွန်မ အဖြေသွားပေးလိုက်ရမလား ။ ပတ်ဂျောင်မင်း- ကျွန်မရှင့်ကို ချစ်ပါတယ် ဆိုပြီး "
" ဂျန်းမီ- တကယ်က ကျွန်တော် အဲဒါ အရမ်းဖြစ်စေချင်တာနော်။ လာမစနဲ့။ ကျွန်တော်ပါ လိုက်ကူညီလိုက်မှာ "
" ဟား ဟား။ ဂျောင်မင်း စိတ်ဆိုးမှာ မကြောက်ဘူးလား "
" ဂျောင်မင်းကြောင့်မဟုတ်ပါဘူး.. "
Jun ၏ အဖြေက တုံ့ဆိုင်းဆိုင်း...။
" ဒါဆို ဘယ်သူ့ကြောင့် ?"
ခေါင်းတွေ စွတ်ကုတ်နေသော Jun ကို မီကတော့ မြင်နိုင်သည်မဟုတ်။
" ထားလိုက်ပါ.. ဘယ်သူ့ကြောင့်မှ မဟုတ်ပါဘူး "
Jun မဖြေချင်ဘူးထင်၍ မီဆက် မမေးဖြစ်ခဲ့။ သို့သော် Jun ကပဲဆက်ပြီး
" ဂျန်းမီ - တကယ်လို့များ ဂျောင်မင်းက တကယ်ပြောတာဆို လက်ခံမှာလား "
![](https://img.wattpad.com/cover/188054820-288-k173438.jpg)
YOU ARE READING
ဒဏ္ဍာရီ
Fanfictionဤfiction ကို မီဆိုနှင့်အတူ TS များ အားလုံး ပိုင်ပါတယ်။ ပြင်ပ အဖြစ်အပျက်တချို့ နှင့်အမှန်တရား တချို့ ပါပါတယ်။ Not BL . Just fanfiction