ဒဏ္ဍာရီ အခန်း(၅၅)
လက်ထဲမှ နှင်းဆီပန်းအဖြူတွေကို ဘုရားပန်းအိုးထဲသို့ ထည့်လိုက်စဉ် ယုမျက်ဝန်းတွေ ဝေသီလာသည်။ နှင်းဆီဖြူတွေ သိပ်ကြိုက်သော အစ်မ မီဆို မရှိတော့တာ တစ်လတောင်ကြာသွားခဲ့ပြီပဲ။
“ မီဆို ဆုံးပြီ”
ဟူသော ယောင်ဆန်း၏ တိုတိုပြတ်ပြတ် မက်ဆေ့ခ်ျလေးတစ်စောင်ကတော့ ယုဘ၀မှာ သွေးအပျက်ဆုံး မက်ဆေ့ခ်ျ တစ်စောင်ပါပဲ။ အဲဒီနေ့က မီ တစ်ယောက်ဆို မေ့လဲသည်အထိ။ မီဆိုအတွက် သူမတို့ တတ်နိုင်သလောက် ကုသိုလ်ကောင်းမှုတွေ လုပ်ပေးခဲ့သည်။ သူမ ချစ်သော ရိုမီယိုကို ထားခဲ့ပြီး စောစောစီးစီး ထွက်ခွာသွားသော အစ်မ မီဆို တစ်ခြားဘ၀မှာ အေးချမ်းနေကောင်းပါရဲ့။
ဂျောင်မင်းကတော့ မီဆို မရှိတော့ကတည်းက ယု နှင့် မီကို သူ အဆက်အသွယ် မလုပ်ပါလေတော့။ ယောင်ဆန်းတို့ ဂျွန်တို့ မှ တဆင့်သာ သတင်းမေးခြင်းသာ ရှိသည်။ ယုတို့ကတော့ နားလည်ပါသည်။ ယုတို့နှင့် စကားပြောလျှင် သူ မီဆိုကို ဘယ်လောက်သတိရနေလိုက်မလဲ။ ကြီးကြီးမားမား ပွဲတစ်ခုခုတွင် လက်ဝတ်လက်စား ပြောင်းလဲဝတ်ဆင်ဖို့ လိုလျှင်မှတပါး အခြားသောအချိန်များတွင် သူ့လည်ပင်းမှာ နေရာယူထားသော မုန်လာဥ လော့ကတ်လေးကိုတော့ ယုတို့အမြဲမြင်ရသည်။
ယုတို့အခန်းမှာတော့ မီဆို ရိုက်ပေးခဲ့သော ဓာတ်ပုံတွေ အများအပြား ချိတ်ထားဖြစ်သည်။ သည်ဓာတ်ပုံတွေကို မီဆိုရဲ့ အမေက ယူလာပေးတာဖြစ်သည်။ ထိုစဉ်ကလည်း ယုတို့ ငိုကြရသေးသည်။ မြောက်မြားလှစွာသော ဓာတ်ပုံများကို မန်မိုရီကဒ်နှင့် ထည့်ပေးလိုက်တာဖြစ်ပြီး သူမအကြိုက်ဆုံး ဓာတ်ပုံလေးတွေကိုတော့ ပရင့်ထုတ်ပြီး ပေးလိုက်သည်။ ယုနှင့် ဟွန်ဂျွန်း၏ ပုံ၊ မီနှင့် Kyu ၏ပုံ.. သဘာဝကျသော စုံတွဲပုံလေးများစွာ မီဆိုရိုက်ပေးခဲ့သော်လည်း သူမ နှင့် ဂျောင်မင်း၏ စုံတွဲပုံကတော့ တစ်ပုံမှ မရှိရှာ။ ဂျောင်မင်းအတွက် မီဆိုနှင့်သူ ရိုက်ထားသော ဓာတ်ပုံတစ်ပုံမှ မထားခဲ့ပါလေခဲ့။ မှတ်မှတ်ရရ ထိုနေ့က Kyu ရိုက်ပေးထားသော သူမတို့နှစ်ယောက် အိပ်ပျော်နေသည့်ပုံလေးသာ ရှိသည်။ ယု ရင်အနာဆုံးကတော့ မီဆို၏ မိခင် ပြန်လည်ယူလာပေးသော ယု စိန်လက်စွပ်လေးပင်။
DU LIEST GERADE
ဒဏ္ဍာရီ
Fanfictionဤfiction ကို မီဆိုနှင့်အတူ TS များ အားလုံး ပိုင်ပါတယ်။ ပြင်ပ အဖြစ်အပျက်တချို့ နှင့်အမှန်တရား တချို့ ပါပါတယ်။ Not BL . Just fanfiction