Unicode
ဒဏ္ဍာရီ အခန်း (၈)
အကယ်၍များ တစ်ယောက်ယောက်ကို ယုအဖြစ်ကိုပြောပါက ယုကို ကံကောင်းလိုက်တာ ဟု ဆိုကြပါလိမ့်မည်။ ဟုတ်ပါသည်။ ယုကံကောင်းပါသည်။ ယုလောက် ကံကောင်းသည့်သူ သည်ကမ္ဘာမှာ ရှိမည်မဟုတ်။ Triple S တစ်ယောက်အနေနှင့် SS501 အဖွဲ့ဝင် နှင့် သူငယ်ချင်းဖြစ်နေရသည်လောက် ကံကောင်းတာ မရှိတော့။ သို့သော် အရာအားလုံးတွင် ကန့်လန့်ကာ နောက်ကွယ် ဆိုသည့်စကားရှိသည် မဟုတ်လား။ လူမသိသူမသိ ကံဆိုးနေရတာတွေကိုတော့ ဘယ်သူမှ နားလည်မည်မထင်။ ယောင်ဆန်းနှင့် သူငယ်ချင်းဖြစ်ပြီး တော်တော်လေးရင်းနှီးလာသောအခါ ယု ကံဆိုးမှုတွေ စပါတော့သည်။
တစ်နေ့ ယုအကောင့် ပျက်သည်။ ဘယ်လိုမျှ log in ၀င်၍မရတော့ ။ password မှားနေသည်ချည်း ပြောနေသည်။ ယု ခေါင်းကြီးသွားသည်။ အခြားတော့ မဟုတ်ပါ။ ယောင်ဆန်းအတွက် စိတ်ပူခြင်းသာ ဖြစ်ပါသည်။ မတော် တစ်ယောက်ယောက်က ဟက်ခ်ပြီး ယုနှင့်ယောင်ဆန်း ပြောဆိုထားတာတွေ မြင်သွားပါက မခက်ပါလား။ မသမာသူဖြစ်ပါက social media ပေါ် တင်လိုက်ပါက ယောင်ဆန်း ဒုက္ခရောက်လိမ့်မည်။ ယုက အကောင့်ပျက်တာတွေ၊ recover ပြန်လုပ်တာတွေ၊ password ပျောက်တာတွေ သိပ်နားမလည် ။ သို့သော် ဘယ်သူ့ကိုမှလည်း အကူအညီ တောင်း၍မဖြစ်။ ယု ကိုယ့်ဘာသာ ကြိုးစားရှာသည်။ လုပ်ကြည့်သည်။ တစ်ရက်လုံးလုံး ယု ဖုန်းတစ်လုံးနှင့် ဒေါင်ချာစိုင်းနေလေသည်။
သို့သော် နောက်တစ်ရက် ယု၏ ၀င်နေကျ password နှင့်ပဲ ၀င်လို့ရနေပြန်လေသည်။ ယုသည် အကောင့်ထဲ ၀င်လို့ရရချင်း ယောင်ဆန်းဆီ မက်ဆေ့ခ်ျသွားပို့ရသည်။
“ မနေ့က ငါ့အကောင့်ထဲ ၀င်လို့မရဘူး။ ဘာဖြစ်တာလဲ မသိဘူး။
နင့်ဆီ မသင်္ကာစရာ မက်ဆေ့ခ်ျတွေ ဘာတွေလာသေးလား ”ထိုနေ့ကတော့ ယောင်ဆန်းဆီက ညဘက်ကျမှ စာပြန်ရလေသည်။
“ ဟီး ”
သို့သော် ဟီး တစ်လုံးတည်း ဖြစ်သည်။
“ ဘာလဲ ဟီး ဆိုတာ ”
“ ငါလုပ်တာ အဲဒါ ”
“ ဘာရယ် ”
“ ငါ နင့်အကောင့်ကို hack လိုက်တာ ”
ESTÁS LEYENDO
ဒဏ္ဍာရီ
Fanficဤfiction ကို မီဆိုနှင့်အတူ TS များ အားလုံး ပိုင်ပါတယ်။ ပြင်ပ အဖြစ်အပျက်တချို့ နှင့်အမှန်တရား တချို့ ပါပါတယ်။ Not BL . Just fanfiction