ဒဏ္ဍာရီ အခန်း (၆၅)
ရင်ခုန်စိတ်လှုပ်ရှားမှုများစွာနှင့် နိုးထလာသော မနက်ခင်းသည် သာမာန်ထက်ပိုပြီး ကြည်လင်နေသယောင်။ အနှစ်နှစ်အလလက မက်ခဲ့သော အိပ်မက်တစ်ခု အကောင်အထည်ပေါ်လာမည့် နေ့သည် နွေဦးမှာ ပန်းများစွာပွင့်သည်ထက် ပိုပြီး လှပပါသည်။
မီသည် မနေ့ကတည်းက ရွေးနေသော အ၀တ်အစားသည် ခုထိတိုင် အတည်မဖြစ်နိုင်သေး။ သီချင်းလေး တအေးအေး၊ ခြေဖျားလေးထောက်ကာ လှည့်ကာဝိုက်ကာ ပျော်မြူးနေသော မီသည် သံပတ်ပေးထားသော ဘဲလေးကနေသည့် မိန်းကလေး အရုပ်လေးနှင့် တူသည်။
ယုကတော့ သူတို့ ၅ ယောက်ကို ပေးမည့် လက်ဆောင်ကို အခေါက်ခေါက် အခါခါ ထုတ်ကြည့်နေသဖြင့် မီက ပင် လှမ်းငေါက်ရသေးသည်။
“ နင်လုပ်နေတာနဲ့ ပြဲကုန်တော့မှာပဲ ။ ထားလိုက်ပါတော့ အိတ်ထဲမှာပဲ ”
မီ၏ ငေါက်သံကြားမှ ယု စပ်ဖြဲဖြဲလေးနှင့် ငြိမ်သွားသည်။
“ မီရေ… သူတို့ ငါတို့ကို မြင်ရင် မှတ်မိပါ့မလားဟင် ”
“ မှတ်မိမှာပါဟ။ သူတို့ မသိချင်ယောင် ဆောင်မနေဘူး ဆိုရင်လေ ”
မီသည် ပြောလိုက်ရင်း တစ်စုံတစ်ခုကို သတိရသွားသလို မျက်မှောင်ကြုတ် ၊ နှုတ်ခမ်းစူသွားသည်။
“ ပြီးတော့ တစ်စုံတစ်ယောက်လို ကောက်ကာငင်ကာ မှတ်ဥာဏ်တွေ ချို့ယွင်းမသွားဘူးဆိုရင်ပေါ့ ”
ယု ရယ်ပစ်လိုက်သည်။ အချိန်တွေ ကြာသွားသော်လည်း မီ့သည် တစ်ခါတစ်ရံတော့ Kyu ကို စိတ်ကောက်နေဆဲ ဖြစ်သည်။ မဆိုင်တော့ဘူး ဆိုသော်လည်း မီ့စိတ်ထဲတွင်တော့ Kyu သည် အလုပ်တွေများနေသဖြင့် မီ့ထံရောက်မလာနိုင်သော ချစ်သူပဲဖြစ်သည်။ လမ်းခွဲကာစက ပြင်းပြင်းထန်ထန် ခံစားခဲ့ရသော်လည်း အချိန်တွေကြာသွားသည်နှင့်အမျှ Kyu က မီ့ရင်ထဲမှ ဘယ်မှထွက်မသွားတာ မီသိလာသည်။ ထို့ကြောင့်လည်း ဘယ်တော့မှ ဝေးသွားသည်ဟု မီမခံစားခဲ့ရ။ တစ်ခါတစ်ရံတော့ သူမကို မသိတော့သော Kyu ကို မီ ရှာကြံစိတ်ကောက်ချင် ကောက်နေသေးသည်။
ESTÁS LEYENDO
ဒဏ္ဍာရီ
Fanficဤfiction ကို မီဆိုနှင့်အတူ TS များ အားလုံး ပိုင်ပါတယ်။ ပြင်ပ အဖြစ်အပျက်တချို့ နှင့်အမှန်တရား တချို့ ပါပါတယ်။ Not BL . Just fanfiction