အပိုင်း ၃၉

25 4 0
                                    

ဒဏ္ဍာရီ အခန်း (၃၉)

   သူ အိမ်သို့ပြန်ရောက်ရောက်ချင်း မရှိမဲ့ ရှိမဲ့အမြီးလေးကို လှုပ်ပြီး ကြိုသော ဂျွန်မ်ရဲ သည် သူမ တာဝန်ကို ၃ စက္ကန့်လောက်သာ ထမ်းဆောင်လေသည်။

“ ကလေးရေ ”

ဟု ခေါ်သံမှ မဆုံးခင် တုတ်ပက်တုတ်ပက်နှင့် ထွက်သွားပြီဖြစ်သည်။

“ ဟာ- ဘယ်သွားတာလဲ။ ပြန်လာခဲ့…ဒီကို… ”

ဖင်တလှုပ်လှုပ်နှင့်ပြေးနေသော ဂျွန်မ်ရဲကို ဂျောင်မင်း ပွေ့ချီလိုက်စဉ်မှာပဲ.. မနိုင်တနိုင်မချီရင်း ဗိုင်းကနဲ့ ပစ်လဲသော သူတစ်ယောက်ကို မျက်စိထဲမြင်ယောင်လာလေသည်။

“  နိုင်တာလည်းမဟုတ်ဘဲနဲ့ ”

စွေ့ကနဲ့ ကောက်ချီခံလိုက်ရသဖြင့် ပြူးတူးပြဲတဲ မော့ကြည့်နေသော ဂျွန်မ်ရဲခေါင်းကို ထိုးဖွပစ်လိုက်ပြီး အသာပြန်ချပေးထားလိုက်သည် ။ ထို့နောက် အိပ်ခန်းထဲသို့ ၀င်လာခဲ့ပြီး ကုတင်ပေါ် ပစ်လှဲလိုက်သည်။ ဟိုလှိမ့် သည်လှိမ့် ၂ ပတ်၊ ၃ ပတ်လောက် လှိမ့်ပြီးမှ ဓာတ်ပုံရိုက်ရန် အကြံရလာပြန်သည်။ သူက သည်လိုပဲ စိတ်ကူးပေါက်တုန်း ရိုက်ထားပြီး အင်စတာဂရမ်တွင် တင်စရာမရှိသည့်အချိန်ကျမှ တင်တတ်တာ အကျင့်ဖြစ်နေပြီ။

သူ ဓာတ်ပုံရိုက်ဖို့ ပြင်လိုက်ရင်းမှ…

“ ဆံပင် အရောင်ပြောင်းဦးမှပဲ ”

ချက်ချင်းပေါ်လာသော စိတ်ကူးကို သူချက်ချင်း အကောင်အထည်ဖော်ရန် ထွက်လာခဲ့သည်။ သည်လိုပါပဲ။ သူ့အကျင့်ကိုက စိတ်မြန်လက်မြန်…။
သူ့ဒီဇိုင်နာဆီရောက်တော့ သူလိုချင်သော နက်ပြာရောင် ရင့်ရင့် ပြောင်းပေးဖို့ ပြောသည်။ သည်အရောင် သူပြောင်းကြည့်ချင်နေတာ ကြာပြီ။ မအားသည်က တစ်ကြောင်း၊ တိုးလို့တန်းလန်းဖြစ်နေသော ရိုက်ကူးရေးများ ရှိနေသဖြင့် အရောင်ပြောင်း၍မရတာကြောင့်တစ်ကြောင်း ခုတစ်လော ဆံပင် အနက်နှင့် နေနေတာ ကြာခဲ့ပြီ။ အခုတော့ အခွင့်သင့်တုန်း အနက်ရောင်ဘက်သန်းသော နက်ပြာရောင် သူဆိုးပစ်လိုက်သည်။
သူအိမ်ပြန်သည့်လမ်းတွင် အငယ်ကောင်ထံက ဖုန်းဝင်လာသည်။

ဒဏ္ဍာရီDonde viven las historias. Descúbrelo ahora