အပိုင်း ၅

77 7 2
                                    


(Unicode)
ဒဏ္ဍာရီ အခန်း (၅)

“ ဒါနဲ့ နင်က လီမင်ဟို ရဲ့ ပရိတ်သတ်လား ”

တစ်နေ့တော့ ကင်ဆန်းမင်းက မေးလာသည်။ ယွန်းဂျီဟိုကလွဲလျှင် ဘာမှ မသိသော ယုက-

“ ဘယ်သူလဲ လီမင်ဟို ဆိုတာ ”

“ နင့် ပရိုဖိုင်းပုံက လူ ”

သေလိုက်ပါတော့။ သည်အကြောင်းကိုသာ သူငယ်ချင်းသိလျှင် ယုကို အဲဒီလောက် တုံးရပါ့မလားဟု အပြစ်တင်ဦးမည် ။ ယုက ဂူဂျွန်ဖြိုး ကိုပဲ သိတာလေ။ နာမည်ရင်း လီမင်ဟိုဆိုတာမှ မသိတာ။

“ မဟုတ်ပါဘူး ”

“ ဟင်-အဲဒါဆိုဘာလို့ သူ့ပုံ ပရိုဖိုင်းပုံ သုံးထားတာလဲ ”

“ ဒီအကောင့်ကို ငါ့သူငယ်ချင်း ဖွင့်ပေးတာ။ ငါ့သူငယ်ချင်းက သူ့ ပရိတ်သတ်မို့လို့ ”

“ အဲဒါဆိုလည်း ပြောင်းလေ။ ”

“ ဘယ်လို ပြောင်းရမှန်း မသိလို့ ”

ယုမည်မျှ ညံ့ပါသနည်း။ ချက်တင်တောင် လုပ်တတ်နေလျှင် ပရိုဖိုင်းပုံလေးတော့ ပြောင်းတတ်သင့်သည်မဟုတ်ပါလား။ သူက ယုကို ဘယ်လို ဓာတ်ပုံပြောင်းရသည်ဆိုတာကို ရှင်းပြသည်။ သေချာတာတစ်ခုတော့ရှိသည်။ ကင်ဆန်းမင်း ဆိုသူလည်း အင်္ဂလိပ်စာကို လည်လည်ပတ်ပတ် ပြောတတ်သူမဟုတ်။ ယုလည်း အင်္ဂလိပ်လို မွှတ်နေအောင် မပြောတတ်သော်လည်း သူပြောနေတာတွေ ပုံမကျတာတော့ သိပါသည်။ သို့သော် ပုံမကျသူအချင်းချင်းမို့လားတော့ မသိ။ ဆန်းမင်း ပြောပြသမျှ သူမ နားလည်ပါသည်။ သည်လို နှင့် ယုတစ်ယောက် ပရိုဖိုင်းပုံကို အောင်မြင်စွာ ပြောင်းပြီးသွားသည်။ သည်တစ်ခါ သူမ ပြောင်းလိုက်သည်က ဟွန်ဂျွန်းပုံ။

“ ဒီတစ်ခါရော နင်ကြိုက်တဲ့လူလား အဲဒီပုံက ”

“ အင်း။ ဟုတ်တယ်။ နင်ရော သူ့ကို သိလား ”

“ သိတယ် ”

“ သိရင် ငါ့ကို သူ့အကြောင်းတွေ ပြောပြပါလား ”

“ ဘာတွေ ပြောပြရမှာလဲ”

“ နင်သိသလောက်ပေါ့ ”

“ ငါ သိတာ အများကြီးပဲ။ ဒါပေမယ့် ငါ့အင်္ဂလိပ်စာက အဲဒီလောက်အများကြီး မပြောတတ်ဘူး ”

ဒဏ္ဍာရီTempat cerita menjadi hidup. Temukan sekarang