အပိုင်း ၅၇

17 3 0
                                    

ဒဏ္ဍာရီ အခန်း (၅၇)

    ကံဆိုးခြင်းများသည် ဘယ်တော့မှ တစ်ယောက်တည်း မလာ ဟူသော စကားက တော်တော်မှန်သည်။

    “ Kyu အက်ဆီးဒင့် ဖြစ်လို့ ”
    ဟူသော ဂျွန်ပို့လိုက်သည့် မက်ဆေ့ချ်တစ်ခုသ  မီဆို၏ သတင်းပြီးလျှင်  ဒုတိယ ခြောက်ခြားစရာအကောင်းဆုံး ဖြစ်သည်။ မီသည် ခြေမကိုင်မိလက်မကိုင်မိနှင့် ယုကို ဖက်ကာ ငိုသည်။

    “ ယု- ယု….သူဘာမှ မဖြစ်လောက်ပါဘူးနော်… ဘာမှမဖြစ်ဘူးနော် ”

    “ ဘာမှမဖြစ်လောက်ပါဘူး မီရယ်..စိတ်အေးအေးထားပြီး စောင့်ရအောင်နော် ”
    ပြောမယ့်သာပြောရသည်။ ယုကိုယ်တိုင်လည်း အတွေးတွေ ယောက်ယက်ခတ်နေသည်မို့ ခြေဖျားလက်ဖျားတွေ အေးစက်နေသည်။ မီကို ချော့မော့နှစ်သိမ့်ရင်း အွန်လိုင်းတက်ပြီး သတင်းတွေ လိုက်ဖတ်ကြည့်ရသည်။ ဘာသတင်းမှ မတွေ့..။

    “ မီ… ဘယ်သူမှ ဘာတင်တာမှ မတွေ့ဘူး ”
    “ အပြင်ကို မပေါက်စေချင်လို့ ဖုံးထားတာနေမှာပေါ့…ဒုက္ခပါပဲဟယ် ”
   
    မီသည် ပြောပြောဆိုဆို ငိုပြန်သည်။ သူမတို့ဘဝက မျက်စိလည်းမမြင်၊ နားလည်းမကြားသော ဘဝနှင့်တူသည်။ အရာရာကို မှန်းကြည့်နေရုံမှ တပါး ဘာဆို ဘာမှ မတတ်နိုင်။
   
    “ Kyu အခြေအနေဘယ်လိုရှိလဲဟင်..။ ငါတို့ကို ပြောပါဦး ”

    မက်ဆေ့ချ် တစ်စောင် ပို့ထားသော်လည်း ဘယ်သူမှ reply မလုပ်ကြသဖြင့် သူမတို့ နှစ်ယောက် စိုးရိမ်မှုကို အထွတ်အထိပ်သို့ တက်လာသည်။ သို့သော်-

    “ ဟဲ့- မီရေ..။ ယောင်ဆန်း update လုပ်တယ် ”
 
    “ ဟင်..ဘာတဲ့လဲ ”
 
    “ သူငယ်ချင်းတွေနဲ့ လျှောက်သွားနေတဲ့ပုံပဲ…ဒါဆို Kyu ဘာမှမဖြစ်လောက်ဘူးထင်တယ် မီ ”

    “ ဟုတ်လား..။ ငါတို့ကို တိုက်ရိုက်ပြောလို့မရလို့ ထင်တယ်နော်  ”

    “ ဟုတ်လိမ့်မယ်။ စိတ်အေးအေး ထားပြီး သူတို့ တစ်ယောက်ယောက် reply လုပ်တာ စောင့်ရအောင် ”

    ထိုနေ့ညက တစ်ညလုံးစောင့်ပါသော်လည်း တစ်ယောက်မှ ပေါ်မလာခဲ့။ ယု ရော မီပါ အလူးလူး အလိမ့်လိမ့်နှင့် အိပ်မပျော်နိုင်ခဲ့ကြချေ။ မနက် ၇ နာရီကျော်မှ ယုတို့ အလုပ်သွားဖို့ ပြင်နေတုန်း ဟွန်ဂျွန်းရောက်လာသည်။

ဒဏ္ဍာရီDonde viven las historias. Descúbrelo ahora