ဒဏ္ဍာရီ အခန်း(၂၀)
ဂျောင်မင်းကို မီ စောင့်နေသည်မှာ ဘယ်နှစ်ရက် ရှိပြီလဲ မသိတော့။ ဖြစ်ဖြစ်ချင်းတော့ မီတော်တော် ထူပူသွားသည်။ ကိုယ့်ကို မမြင်ရမှန်း သိပါလျက် တွင်းထဲ ခေါင်းထည့်ထားသည့် ငှက်ကုလားအုပ်တွေလို ပုန်းနေချင်သည် ။ သည်ကိစ္စကို ယုသိတော့ သူမထံ ဂျောင်မင်းပုံတွေချည်း လာလာပို့နေသည်။ မီရေချိုးနေတုန်း မီ့ဖုန်း ဝေါလ်ပေပါကို ဂျောင်မင်းပုံဝင်ပြောင်းသည်၊ ringtone တွေကို ဂျောင်မင်းသီချင်းတွေ လာထည့်သည်။ မီသည် အနှစ်နှစ်အလလက ကြည့်လာ မြင်လာသော ပတ်ဂျောင်မင်း ဟူသောသူကို မကြည့်ရဲတော့ဘဲ ဖြစ်နေသည်။
ကြာလာတော့ မီ အတွေးတစ်မျိုးပေါက်လာသည်။ တယ်လီဖုန်း ဖန်သားပြင်၏ အခြားတစ်ဖက်ကို မီဝင်သွားချင်မိသည်။ ဟွန်ဂျွန်း နှင့် ယောင်ဆန်း ကိစ္စမှ မပြီးသေး၊ အခု သူမ ကိစ္စဖြစ်လာတော့ ဟိုဘက်ကမ္ဘာက လူတွေကို သူမ မသင်္ကာဖြစ်လာသည်။
" ငါတို့ ၂ ယောက်ကိုများ ပြောင်စရာမှတ်နေလား သူတို့က "
သည်အတွေးနှင့် ဂျောင်မင်းကို ထိပ်တိုက်ရင်ဆိုင်ဖို့ အသင့်ဖြစ်သွားသည်။ တစ်နေ့တစ်နေ့ ဂျောင်မင်းကို လိုင်းပေါ်တက်တက် ချောင်းရသည်မှာ အမော။ နဂိုကတည်းက အွန်လိုင်းလာခဲသော သူက ခုဆို အစနပင် ပျောက်နေတော့ သူမ ပိုပြီး မသင်္ကာဖြစ်လာသည်။
" ဒါ ဘာသဘောတုန်း "
" သူမအားလို့ ဖြစ်မှာပါ ဂျန်းမီရယ်..နင်ကလည်း "
" မသိဘူး။ အဲဒီလူတွေ ငါ သိပ်မသင်္ကာဘူး။ ငါတို့ ၂ ယောက်များ ကစားစရာမှတ်နေလား "
" သူတို့ အဲဒီလို လူတွေ မဟုတ်မှန်းလည်း နင်သိရဲ့သားနဲ့ "
အဲဒီလိုဆိုပြန်တော့လည်း မီဘာပြန်ပြောရမှန်းမသိ။
" ဟဲ့ အဲဒါဆို ငါက သူတကယ်ပြောနေတာပါလို့ ယုံရမှာလား ။ မဟုတ်က ဟုတ်ကတွေ "
" ငါတောင် ယောင်ဆန်းပြောတာ ယုံခဲ့သေးတာပဲကို "
" နင်နဲ့ ယောင်ဆန်း ပဲဖြစ်ဖြစ်... လီဒါပဲ ဖြစ်ဖြစ် ..ဒါက ဖြစ်နိုင်ချေ 90% ရှိတယ်။ ငါက ဘယ်မှာတုန်း..
ဘယ်လိုမှ မဖြစ်နိုင်တာကြီး "
" ဖြစ်နိုင် လိုက်ပါဟာ"
" ဟဲ့- နင်ဘယ်လိုဖြစ်နေတာတုန်း "
" ငါက အစကတည်းက ဂျောင်မင်းလို အစ်ကိုလိုချင်တဲ့လူလေ..။ နင် ငါ့ယောက်မဖြစ်တော့ နည်းလား
ကိုရီးယားမ ဆို ငါ စိတ်ညစ်နေရဦးမယ် "
" ဟယ် အဲဒီတော့ ငါက ယောင်ဆန်းကို မောင်လေး တော်ရမလား။ မဟုတ်တာတွေ လာပြန်ပြီ "
" ယောင်ဆန်းတော့ မတော်ခိုင်းပါဘူး။ တော်မယ့်တော် လီဒါပေါ့ "
" နစ်နာနေဦးမယ် မိန်းမ...။ လီဒါ ပြောအောင် ငါသွားပြောရမလား "
" နင့်ကိစ္စ နင်အရင်ရှင်းပါ ယောက်မရယ်...."
ယုက စတော့ မီက တဘုန်းဘုန်းနေအောင် ထုလေသည်။
" သေပါပြီ။ မြင်းစုံတွဲ ဆိုတာ အဲဒီလိုပဲ တွေ့လား ။ အရမ်း ကို ကြောက်စရာကောင်းတယ် "
" နင်ဟာလေ ပြောလေ ဆိုးလေ...ငါလုပ်လိုက်ရ သေတော့မယ်။ လူကဖြင့်
ငါ့လက်ညှိုး တစ်ခါ တောက်စရာပဲ ရှိတာကို.."
" ကဲ ကဲ..ငါအတည်မေးမယ်။ အဲဒီ ငါးယောက်ထဲမှာ နင် ယောင်ဆန်းမဟုတ်ရင်
ဘယ်သူ့ကို ချစ်လဲ "
" အင်း .... Second bias ကတော့ Kyu ပဲဟ"
" တကယ် ? "
" ဟင်- ဘာတုန်း နင့်အသံကြီးက ၀မ်းသာအယ်လဲ နဲ့ "
" မဟုတ်ပါဘူး။ ဒီလိုပါပဲ အဟီး "
မီသည် ယုကို မသင်္ကာသလို ကြည့်သည်။
" ဂျီဟို..နင်မှန်မှန်ပြောစမ်း။ အခုတစ်လော ယောင်ဆန်းနဲ့ စကားပြောဖြစ်သေးလား "
" ပြောဖြစ်သားပဲ "
" အခြေအနေက..."
" အခြေအနေက ဒီလိုပဲလေ..။ အရင်လိုပဲ ရန်ဖြစ်နေကျပဲ။ ငါတို့က သူငယ်ချင်းကောင်းတွေပါဟာ "
မီက ယုကို ဘာမှ ပြန်မပြောတော့။ သူမ အာရုံက ရပ်ကွက်ထဲက လော်ဆီသို့ သို့ရောက်သွား၍ဖြစ်သည်။
" တောက်- နားအေးပါးအေးကိုမရှိဘူး "
မီ၏ ဒေါသက ဂျောင်မင်းထံမှ လော်စပီကာထံသို့ ရောက်သွားသည်။ ယုသည် အသာလေး ငြိမ်နေလိုက်သည်။
တကယ်တမ်းတော့ အဲဒီနေ့က ဖြစ်ပျက်သမျှကို ယောင်ဆန်းက ယုကို ပြောပြီးသားဖြစ်သည်။ သူကလည်း ယုကို အကူအညီ လှမ်းတောင်းတာပဲဖြစ်သည်။ ယုလည်း သိသိချင်းက ဘာလုပ်ပေးရမည်မသိ။ နောက်တော့ မီ့စိတ်ကို တီးခေါက်ကြည့်ဖုိ့ ယု နှင့် ယောင်ဆန်း အစီအစဉ် ဆွဲလိုက်ကြသည်။ အကယ်၍ မီက ဂျောင်မင်းအပေါ် စိတ်ခံစားမှုတစ်ခုခု ရှိနေခဲ့လျှင် သည်ကိစ္စကို သည်အတိုင်းပဲ ထားလိုက်မည်။ အဘယ်ကြောင့်ဆိုသော် ဂျောင်မင်း တကယ်ပြောလည်း မီသည် ယုက ယောင်ဆန်းကို လက်မခံသလိုပဲ လက်မခံမှာ သိနေသဖြင့်ဖြစ်သည်။ နောက်တစ်ခုက ပြောလိုက်လျှင် မီအရမ်းစိတ်ထိခိုက်သွားမှာလည်း စိုးသည်။ အကယ်၍ မီက ဂျောင်မင်းအပေါ် နည်းနည်းမှ စိတ်မ၀င်စားလျှင်တော့ Jun လုပ်သွားသော ပြဿနာကို ပေါ့ပေါ့ပါးပါး ရှင်းပြမည် ပေါ့။ သည်ကြားထဲ Kyu ကိစ္စလည်း သိလိုက်ရသေးသဖြင့် ယု အံ့သြမိသေးသည်။
အစပိုင်းကတော့ ယုက တကယ်ထင်ပြီး မီ နှင့် ဂျောင်မင်းကို စနေခဲ့သည်။ ထိုစဉ်ကတော့ မီ၏ တုံ့ပြန်မှုက ရှက်ပြီး ပြောတိုင်း မျက်နှာတွေနီနေခဲ့လေသည်။ ယောင်ဆန်းထံမှ အကျိုးအကြောင်းသိရတော့ ယုက မီ့အခြေအနေကိုကြည့်ပြီး ဒီတိုင်း မသိချင်ယောင်ဆောင်ပြီး ကျော်လွှားသွားရမည်လား စဉ်းစားကြည့်သေးသည် ။ နောက်တော့မဟုတ်။ မီကိုက ရှက်တတ်တာပဲဖြစ်သည်။
အခုတော့ မီကလည်း ဂျောင်မင်းကို မောင်နှမ လိုချစ်တာသာရှိပြီး... ဂျောင်မင်းကလည်း ထိုနည်းတူဖြစ်သဖြင့် အဆင်ပြေသည်။ ပိုအဆင်ပြေတာက မီကို တကယ်ချစ်သူက Kyu ဖြစ်နေပြီး၊ မီက ချစ်နိုင်သူကလည်း Kyu ဖြစ်လို့နေပြန်သည်။ သို့သော်... သည်ကိစ္စက တက္ကသိုလ်မှာ သူငယ်ချင်းတွေကို ရည်းစားဖြစ်အောင် ဘေးက၀ိုင်းလှော်ပေးသည့် မြန်မာကားလည်းမဟုတ်။ ရှေ့ဆက်မရသည့် ဇာတ်လမ်းတစ်ပုဒ်ကို ယုကတော့ တိတ်တိတ်လေးပဲ သိမ်းထားလိုက်ချင်သည်။
မီသိလျှင်တော့.... သူမချစ်သော ယောင်ဆန်းကလည်း ယုကိုချစ်ရေးဆိုပြီး...၊ Kyu ကိစ္စကိုလည်း မီမသိအောင် ယုက ဖျက်လိုက်သည်ဆိုလျှင် ယုကို မီ အပြစ်တင်နေဦးမည်လား.......။
YOU ARE READING
ဒဏ္ဍာရီ
Fanfictionဤfiction ကို မီဆိုနှင့်အတူ TS များ အားလုံး ပိုင်ပါတယ်။ ပြင်ပ အဖြစ်အပျက်တချို့ နှင့်အမှန်တရား တချို့ ပါပါတယ်။ Not BL . Just fanfiction