အပိုင်း ၅၆

21 3 0
                                    

ဒဏ္ဍာရီ အခန်း (၅၆)

   “ အိမ်ကလည်း ကျဉ်းလိုက်တာ ဆိုမှ ”

   ယောင်ဆန်း၏ ဗျစ်စိဗျစ်စိ စကားတွေကို နားမခံသာတော့သော ဟွန်ဂျွန်းတစ်ယောက် လေပူတစ်ခုကို မှုတ်ထုတ်ပစ်လိုက်သည်။

    “ ဟူး ”

    “ အခန်းကလည်း ဖိနပ်တွေ ထားစရာ နေရာ မရှိတော့ဘူး ”

    “ တီး တောင် ”

    “ အာ- ဘယ်သူ လာပြန်ပြီလဲ ”

   ဟွန်ဂျွန်းသည် ယောင်ဆန်းကို ကြည့်ရင်း စိတ်အိုက်နေရာမှ ဘဲလ်တီးသံကြောင့် တံခါး ထဖွင့်ပေးလိုက်ရာ အခန်းဝတွင် ရပ်နေသော Jun ကြောင့် မျက်လုံးပြူးသွားသည်။

    “ ဟင်- မင်းကရော ဘာလာလုပ်တာလဲ အငယ်။ အထုပ်အပိုးတွေနဲ့ ”

    Jun သည် ဘာမှ ပြန်မဖြေဘဲ ဟွန်ဂျွန်းကို တွန်းကာတိုက်ကာ အိမ်ထဲသို့ အထုပ်အပိုးတွေ မလျက်ဝင်သွားသည်။

    “ ကျွန်တော် ဒီမှာခဏနေမယ် ”

    “ ဟင် ”

    ဟွန်ဂျွန်း မျက်လုံး ထပ်ဆင့်ပြူးသွားသည်။ Jun ့အသံကြောင့် အထဲတွင် သူ့အထုပ်အပိုးတွေ နေရာချနေသော ယောင်ဆန်း ထွက်လာပြီး-

    “ ငါတစ်ယောက်တည်းတောင် ကျဉ်းနေတာကို။ မင်းက ဘာလို့လိုက် လာတာလဲ”

    “ ကျွန်တော်လည်း အိမ်မှာ မနေချင်လို့ပေါ့ ”

    “ ဟင်- ငါက အိမ်မှာနေရင် မီဆိုကို သတိရရနေလို့ ဒီပြောင်းလာတာလေ။ မင်းက ဘာဆိုင်တုန်း ”

    “ ကျွန်တော်လည်း မီဆိုကို သတိရလို့ပေါ့ ”

    “ ဟင်- ဘာမှလည်းမဆိုင် ”

    “ နေဦး နေဦး… နေကြပါဦး။ ငါပြောပါရစေဦး ”

    ဟွန်ဂျွန်းက ကြားထဲမှ ဝင်ပြောလိုက်ရသည်။

    “ ယောင်ဆန်း..မင်းလာနေတာ ငါဘာမှ မပြောပါဘူး။ မင်း အိမ်မှာ မနေချင်တာ ငါနားလည်ပါတယ်။  ဒါပေမယ့် ခဏပဲ နေမှာ မဟုတ်ဘူးလား ”

    “ ဟုတ်တယ်လေ ”

    “ အဲဒါ ဘယ်လိုလုပ် အိမ်ပြောင်းသလို ပြောင်းလာတာတုန်း။ ဟိုမှာ ဖိနပ်တွေကိုလည်းကြည့်ဦး။ မင်းဖိနပ်ချည်း အရံ ၂၀ မကဘူး။ ငါ့ဖိနပ်တွေတောင် ဘယ်နားထားရမှန်းမသိဘူး ”

ဒဏ္ဍာရီWhere stories live. Discover now