အပိုင်း ၆၄

65 1 0
                                    

ဒဏ္ဍာရီ အခန်း (၆၄)

   တိုက်ဆိုင်သည်ပဲ ပြောရမလား။

SS501 Come Back လုပ်ပြီးနောက်ပိုင်း ယုနှင့်မီလည်း တစ်မြို့တည်း အတူတူ ပြန်နေဖြစ်သွားသည်။ သက်လတ်ပိုင်းအရွယ်မှ Comeback ပြန်လုပ်သော်လည်း တကျော့ပြန် အောင်မြင်မှုရနေသော သူတို့ သတင်းတွေကတော့ မွှေးနေသည်ချည်း။ ယုနှင့်မီတို့ကတော့ ခုထက်ထိ သူတို့ နားကို မသွားနိုင်သေး။ ယောင်ဆန်းပြောခဲ့သလို ယု နှင့် မီတို့ ပေးသော အားနှင့်  Come Back ပြန်လုပ်ဖြစ်ခဲ့သည်ဆိုလျှင် ယုတို့ကလည်း သူတို့ပေးသောအားနှင့် သူတို့နားသို့ တစ်ကြိမ်တော့ ရောက်အောင် သွားရမည်ပင်။ အစကထက် စာလျှင် နီးစပ်လာပြီဖြစ်သောကြောင့် ယုတို့ ဘာကိုမှ မကြောက်တော့၊ စိတ်ဓာတ်မကျတော့ပါ။အချိန်အတော်ကြာ မ၀င်ဘဲထားသော ဖေ့စ်ဘွတ်အကောင့်လေးထဲသို့လည်း ပြန်ဝင်ဖြစ်သွားသည်။ အတိတ်၏ အရိပ်ကလေးများက အနည်ထိုင်သော နှလုံးသားကိုတော့ လှုပ်ကိုင်ခါယမ်းနေဆဲ။
     Newfeeds တွင်တွေ့ရသော သူတို့ ဓာတ်ပုံတွေ ၊ New Album တွေ၊ Fan Meeting သတင်းတွေ ၊ Concert တွေ……။  ယုတို့ အလိုလားဆုံးက သူတို့အောင်မြင်မှုပဲမဟုတ်လား။ သူတို့ လုပ်နိုင်ခဲ့ပြီ..။ ယုတို့ ရင်ကွဲခဲ့ရကျိုး နပ်ပါပြီ။

   ယုအကောင့်လေး မီးလင်းနေသဖြင့် မီက စိုးရိမ်တကြီး ဖုန်းဆက်သေးသည်။ ဒါကပဲ မီလည်း တိုက်တိုက်ဆိုင်ဆိုင် ဖေ့စဘွတ်ပြန်သုံးနေသည့်သဘော…။ သူတို့၏ အောင်မြင်မှုက ယုတို့ကို အားလည်းရှိစေသည်မဟုတ်ပါလား။ ယခင်က မ၀င်ရဲသဖြင့် နှစ်ပေါင်းများစွာ ပစ်ထားခဲ့သော၊ မကြည့်ရဲသဖြင့် နှစ်ပေါင်းများစွာ ပိတ်ပစ်ခဲ့သော ဒိုင်ယာရီစာအုပ်လေးတစ်အုပ်ကို ဖွင့်ကြည့်ရဲလောက်သည်အထိ သူတို့ အောင်မြင်မှုက ကိုယ့်အတွက်လည်း အားအင်ဖြစ်စေခဲ့သည်။ စစ်မှန်သော မေတ္တာဆိုသည်မှာ ဒါကို ပြောတာပဲဖြစ်လိမ့်မည်။

   “ ဟင်- စောစောကပဲဖုန်းချပြီး"

   ယုသည် တတူတူမြည်နေသော ဖုန်းလေးကို ကောက်ကိုင်လိုက်သည်။

   “ ပြော မီ။ ဘာလဲ ။ စောစောကပဲ ဖုန်းချသွားတာကို ”

   “ ယု- သူတို့ fan meeting က နောက်လ ဒုတိယပတ်မှာ ရှိတယ်လို့ ကြေငြာထားတယ်။နင်တစ်ချက် ကြည့်ကြည့်ဦး။ ငါ့အလုပ်ကတော့ အဲဒီနေ့ ခွင့်ယူလို့ရတဲ့နေ့ဖြစ်နေတယ်။
နင်အဆင်ပြေမယ်ဆို ငါတို့ သွားရအောင် ”

ယု ရင်တွေ ခုန်သွားသည်။ ကမန်းကတမ်း ပြက္ခဒိန်ကိုကြည့်တော့ ယုက ပိတ်ရက်ပင်ဖြစ်နေလိုက်သေးသည်။ 

   “ ဟယ်- မီရေ…။ ငါ....ငါ့အလုပ်​ ပိတ်တယ်ဟ။ သွားမယ်ဟာ။ ဘယ်လောက်ကုန်ကုန် …။နင်နဲ့ငါ ပြီးမှ ရေသောက်နေကြတာပေါ့ ”

   “ ရေသောက်နေရင် ပိုက်ဆံကုန်သေးတယ် ယုရေ။ ငါတို့ လေရှူနေကြမယ် ”

   ပေါ့ပါးစွာရယ်လိုက်သော သူတို့အသံလေးတွေက လွင်လျက်။ နောက်ဆုံးတော့ သူတို့နဲ့ တွေ့ခွင့် ကြုံ ပြီထင်သည်။

   ပေါ့ပါးစွာရယ်လိုက်သော သူတို့အသံလေးတွေက လွင်လျက်။ နောက်ဆုံးတော့ သူတို့နဲ့ တွေ့ခွင့် ကြုံ ပြီထင်သည်။

Rất tiếc! Hình ảnh này không tuân theo hướng dẫn nội dung. Để tiếp tục đăng tải, vui lòng xóa hoặc tải lên một hình ảnh khác.
ဒဏ္ဍာရီNơi câu chuyện tồn tại. Hãy khám phá bây giờ