အပိုင်း ၁၃

45 7 2
                                    

ဒဏ္ဍာရီ အခန်း(၁၃)

သည့်နောက်ပိုင်းတွင်တော့ ယုနှင့် ယောင်ဆန်း စကားပြောဖြစ်တာ ရှားလာသည်။  ယောင်ဆန်းသည် အမြဲလိုလို ယုအကောင့်ထဲတွင် ရှိသည့်နောက်တော့ မည်သို့စကားပြောမည်နည်း။ ယုနှင့် စကားမပြောဖြစ်သော်လည်း ပြဿနာပေါင်းစုံနှင့် အမြဲလိုလိုတွေ့ရသူက မီ ဖြစ်သည်။ တစ်ခါတစ်ရံ ယုထင်၍ စကားပြောနေရာမှ ယောင်ဆန်း ဖြစ်ချင်လည်း ဖြစ်နေသည်။ မီ နှင့် ယု မြန်မာလို ပြောနေရာမှ ယုဘက်မှ ကိုရီးယားတွေဖြစ်လိုဖြစ်၊ အင်္ဂလိပ်လိုတွေဖြစ်လိုဖြစ်ဆိုလျှင်တော့ သေချာပြီ သူတို့စကားဝိုင်းက ၂ ယောက်တည်းမဟုတ်တော့။ အစပိုင်းတွေ မီအတွက် အတော်လေး ကသိကအောက် နိုင်သော်လည်း နောက်ပိုင်းတွင်တော့ ဖြစ်ချင်တိုင်းဖြစ်နေသော ယုအကောင့်နှင့် မီအသားကျလာပါသည်။

မီအသားကျလာသော်လည်း ယောင်ဆန်းနှင့်စကားပြောဖို့ အသားမကျတော့သူက ယုဖြစ်၍နေသည်။ ယုသည် အမြဲလိုလို ယောင်ဆန်းကြောင့် အရူးဖြစ်မှန်းမသိဖြစ်လာသည်။ အဘယ်ကြောင့်ပါနည်း။ ယု တစ်ယောက် ယောင်ဆန်းနှင့် စကားပြောဖို့ဆိုလျှင် ကိုယ့်အကောင့်ထဲတွင် ကိုယ့်ဘာသာကိုယ်ပြန်ပြောနေရုံမှတပါး မရှိပြီမဟုတ်ပါလား။

သူမအကောင့်ထဲသို့ ယောင်ဆန်း ၀င်လိုက်သည်နှင့် တောင်ကိုရီးယား ကွန်နက်ရှင်ကို မယှဉ်နိုင်သော မြန်မာနိုင်ငံမှ ယုအကောင့်လေးသည် ကွန်နက်ရှင်ပြတ်ပြတ်သွားခြင်း၊ log in ပြန်ဝင်မရခြင်း စသဖြင့် ပြဿနာ မျိုးစုံနှင့်ကြုံနေရသဖြင့် ယုတစ်ယောက်  ယောင်ဆန်းကို ဒေါသထွက်ရပေါင်းလည်းမနည်းတော့။  ကွန်နက်ရှင် ရသည်နှင့် ယောင်ဆန်းနှင့် ရန်ဖြစ်ရသည်မှာအမော။ သည်လိုအခါတိုင်း အူကြောင်ကြောင်နှင့် ဘာမှမပြောနိုင်ဘဲ ကြည့်နေရသူက မီ။ မီ့အမြင်တွင်တော့ ယုသည် တစ်ယောက်တည်းရန်ဖြစ်နေသည်နှင့် တူသည်။ အခုလည်းကြည့်-

“ မိန်းကလေးတွေ အချင်းချင်း ဘာပြောလည်း သိချင်ပေမယ့် မင်းတို့ပြောနေတာ ငါနားမလည်ဘူး ”

ဟူသော စာသည် ယုနှင့်မီ စိတ်ပါဝင်စားစွာ ပြောနေသောအကြောင်းအရာတစ်ခုကို ပြတ်တောက်သွားစေသည်။

ဒဏ္ဍာရီDonde viven las historias. Descúbrelo ahora