ဒဏ္ဍာရီ အခန်း(၂၂)
တစ်ရက်တော့ ထင်မှတ်မထားသော မုန်တိုင်းလေးက ယုနှင့် မီဆီသို့ ကီလိုမီတာပေါင်း ၃၀၀၀ ကျော်ကိုဖြတ်သန်းပြီးရောက်ရှိလာသည်။ ယုဖုန်းထဲကို +82 နံပါတ်နှင့် မက်ဆေ့ခ်ျ ရောက်လာခြင်းပဲဖြစ်သည်။
" ဂျန်းမီ - ဒါဘယ်သူလဲဟင် "
ယုက မီ့လက်ထဲသို့ သူမ ဖုန်းကိုထည့်ပေးလိုက်သည်။ မီက မက်ဆေ့ခ်ျကို အသံထွက်၍ဖတ်သည်။
" 501 က ခဏတာ အပျော်သဘောနဲ့ မင်းတို့နဲ့ ပြောဆိုနေတာပါ။ အထင်မလွဲနဲ့။ သူတို့ အတွက် မင်းတို့က သာမာန်ပရိတ်သတ်ပါပဲ။ အချိန်တန်ရင် ထွက်သွားမှာ။ အဲဒါကြောင့် 501 နဲ့ ခပ်ဝေးဝေးနေပါ "
" ဘယ်သူလဲဟ အဲဒါ "
ယုက ၀မ်းနည်းစိတ်ဖြစ်သော်လည်း မီကတော့ ဒေါသစိတ်ဖြစ်သည်။
" ငါ reply ပြန်လုပ်မယ် "
" ဟဲ့-ထားလိုက်ပါ။ သူတို့ မန်နေဂျာလားမှ မသိတာ "
" ဘယ်သူ့မန်နေဂျာလဲ။ 301 လား၊ လီဒါလား၊ ဂျောင်မင်းလား "
ထိုစဉ် မက်ဆင်ဂျာမှ မက်ဆေ့ခ်ျလေးတစ်စောင် တက်လာသည်။ မီ့ဆီသို့ Jun က Kyu အကောင့်ထဲမှ ၀င် ပို့တာ ဖြစ်သည်။
" ဂျန်းမီ- ကျွန်တော် ဂျီဟို့ အကောင့်ကို password ပြောင်းပြီး deactivate လုပ်ထားတယ်။
ကျွန်တော်တို့ ဂျန်းမီတို့နဲ့ အဆက်အသွယ်ရှိတာ 301 က မန်နေဂျာသိသွားလို့ ဂျီဟို့အတွက်အန္တရာယ်များတယ် "" အခုပဲ ဒါရိုက် မက်ဆေ့ခ်ျရလို့ ပြောနေကြတာ Jun "
" ဟုတ်လား။ ဘာတဲ့လဲ "
"501 နဲ့ ဝေးဝေးနေတဲ့ "
" တောင်းပန်ပါတယ် ဂျန်းမီ။ ကျွန်တော်တို့ကြောင့် အပြောခံရပြီ "
" အာ-ရပါတယ်။ Jun တို့အားလုံး အဆင်ပြေကြရဲ့လား "
" ကျွန်တော်တို့ ဒီကို မလာဘဲနေဦးမယ်။ တော်ကြာ ကျွန်တော်တို့ အကောင့်တွေကိုပါသိသွားရင် ဂျန်းမီတို့ ၂ ယောက် ပိုပြီး ဒုက္ခရောက်မယ် "
" Jun တို့အားလုံး အဆင်ပြေတာပဲ လုပ်ပါ။ ကျွန်မတို့အတွက် မစဉ်းစားပါနဲ့ "
KAMU SEDANG MEMBACA
ဒဏ္ဍာရီ
Fiksi Penggemarဤfiction ကို မီဆိုနှင့်အတူ TS များ အားလုံး ပိုင်ပါတယ်။ ပြင်ပ အဖြစ်အပျက်တချို့ နှင့်အမှန်တရား တချို့ ပါပါတယ်။ Not BL . Just fanfiction