ဒဏ္ဍာရီ အခန်း ၁၂
ယောင်ဆန်းကိစ္စနှင့် မီတစ်ယောက် မျက်နှာပူလို့မှ မဆုံးသေး၊ တစ်နေ့ နောက်ကိစ္စတစ်ခုနှင့် ကြုံရပြန်သည်။ မီ ထိုနေ့က ဆံပင် ဆေးသွားဆိုးသည်။
ညိုဝါရောင် ဆံပင်တွေကို မီကျေနပ်စွာနှင့် ယုကို ကြွားဖို့ကြံသည်။ ထုံးစံအတိုင်း ဆယ်လ်ဖီရိုက်ကာ ယုဆီသို့ ပို့လိုက်သည်။ ရှည်ရှည်ကဲကဲနှင့် အင်္ဂလိပ်လိုပါ ရေးလိုက်သေးသည်။
“ How’s my hair colour? ”
မီ ဘာမှမစဉ်းစားမိသေးခင်မှာပဲ တစ်ဖက်မှ reply လေးရောက်လာသည်။
“ beautiful ~^^”
ထိုစာကို မီဖတ်မိချိန်တွင်တော့ ဖုန်းပင် ဂွပ်ကနဲ လွတ်ကျရသည့်အဖြစ်ရောက်တော့သည်။ မီ ပို့လိုက်တာ ယုဆီသို့ မဟုတ်။ Jun ဟုထင်သော အကောင့်ဆီသို့ ဖြစ်၍နေသည်။ အဖြစ်က ယောင်ဆန်းနှင့်တွေ့ရသည်ထက် အခြေအနေဆိုးသည်။ ကတုန်ကယင်နှင့် အန်ချင်သလိုပါ ဖြစ်လာသဖြင့် ဖုန်းကို ခဏဘေးတွင်ချကာ ထိုင်နေရသေးသည်။ အသက်ဝအောင်ရှူပြီး ရင်ခုန်သံမှန်အောင် မနည်းကြီးလုပ်ပြီးကာမှ ထုံးစံအတိုင်း ဆောရီးတွေ မိုးမွှန်ရတော့သည်။
“ ကိစ္စမရှိပါဘူး။ မရှက်ပါနဲ့ ။ ငါ မင်းပုံကို ဖျက်ပေးပါ့မယ် ”
မီဘာပြန်ပြောရမှန်းမသိ။ ခုချိန်ထိ အသက်ရှူမမှန်ချင်သေး။ သူမ မှားလုပ်လိုက်မိသောကိစ္စကို အသည်းအသန် စဉ်းစားနေမိသည်။
နံပါတ် ၁.. သူမ မက်ဆင်ဂျာက ချက်တင်တွေအကုန် ဖျက်ထားသည်က အမှား၏အစ။
နံပါတ် ၂.. ယုက သူမ အကောင့်ကို ဂျီဟို ဟု နာမည်ပြောင်းထားသည်က အလယ်..(အမှန်တော့ ယုမပြောင်းဘူးဟုဆိုသည်။ ယောင်ဆန်းဝင်ပြောင်းထားသည်ပေါ့) ၊
နံပါတ် ၃ Kim Hyung Jun ကလည်း JJunဟု ပြောင်းလိုက်သည်က အဆုံး..။ ရှပ်ပြာလွန်းသောမီက J ဟု နှိပ်လိုက်သည်နှင့် ပေါ်လာသော နာမည်ကို သေချာမကြည့်ဘဲ ပို့ပစ်လိုက်မိသည်က အကြီးဆုံးအမှား။ မီ ခေါင်းကို သွက်သွက်ခါပစ်လိုက်ပြီး တတောင်တောင်နှင့် မည်နေသော မက်ဆင်ဂျာ ချက်ဘောက်စ် ကို ကြည့်လိုက်သည်။
YOU ARE READING
ဒဏ္ဍာရီ
Fanfictionဤfiction ကို မီဆိုနှင့်အတူ TS များ အားလုံး ပိုင်ပါတယ်။ ပြင်ပ အဖြစ်အပျက်တချို့ နှင့်အမှန်တရား တချို့ ပါပါတယ်။ Not BL . Just fanfiction