အပိုင်း ၆၀

38 3 0
                                    

ဒဏ္ဍာရီ အခန်း (၆၀)

လ အနည်းငယ် ထပ်ကြာသွားသည်။

သည်ကြားထဲတွင် ဟွန်ဂျွန်းနှင့် ယု တစ်ခါ၊ နှစ်ခါသာ အဆက်အသွယ်ရသည်။ အလုပ်ရှုပ်နေသည်ကို သိပါသော်လး မသိစိတ်က ပြဿနာတစ်ခု စလာပြီမှန်း ခံစားနားလည်နေမိသည်။ အဆက်အသွယ်ရခဲ့သော ၂ ခါလုံးလည်း ဘာပြဿနာမှ မရှိခဲ့။ သို့သော် တစ်ခုခုတော့ ယုခံစားမိနေသည်။

    “ တူ တူ ”

Vibration သံကြောင့် တုန်သွားသော ဖုန်းလေးကို ယု ယူကြည့်လိုက်တော့ +82 နှင့်စသော နံပါတ် တစ်ခု။

ရင်ထဲတွင် ဒိန်းကနဲဆောင့်ပြီး မျက်လုံးတွေ ပြာသွားသော်လည်း တုန်ယင်နေသော လက်နှင့် ဝင်နေသော မက်ဆေ့ခ်ျ လေးကို ဖွင့်လိုက်သည်။

    “ မိန်းကလေး- ကင်ဟွန်ဂျွန်း နဲ့ ဝေးဝေး နေစေချင်ပါတယ်။သူ..... မဟုတ်ဘူး… သူတို့လာတော့မှာ မဟုတ်ဘူး။ ကုမ္ပဏီက ကင်ဟွန်ဂျွန်း နဲ့ မိန်းကလေးရဲ့ အဆက်အသွယ်ကို သိသွားပြီးpassward ပြောင်းလိုက်ပါပြီ။ အားလုံး ပြီးသွားပါပြီ။ ”

    ယု ငိုရန် မေ့နေခဲ့သည်။ တစ်ချိန်လုံး သည်နေ့အတွက် ပြင်ဆင်လာခဲ့ရ၍လားတော့မသိ။ ရင်တွေ တဒိုင်းဒိုင်းခုန်နေသည်မှ အပ မျက်ရည် တစ်စက်မှ ကျမလာခဲ့။ ထိုအစား ခေါင်းတွေတော့ မူးနောက်၍လာခဲ့သည်။

   “ ဟဲ့ ဟဲ့…ယု… ဘာဖြစ်တာလဲ ”
   မီ၏ အော်သံကိုသာနောက်ဆုံး ကြားလိုက်ပြီး ယု လောကကြီးနှင့် အဆက်အသွယ်ပြတ်သွားသည်။

   အရာအားလုံးသည် မှောင်လျက်၊ အေးစက်လျက်..။ ကြယ်ရောင်တွေကြားတွင် ဟွန်ဂျွန်း၏ ကျောပြင်ကို ယု ဝိုးတဝါးတွေ့သည်။ လှမ်းခေါ်လိုက်သော်လည်း အသံထွက်မလာ။ ရှိသမျှ အားအင်နှင့် ရုန်းထပြီး ခေါ်လိုက်သည်..။

   “ ဟွန်ဂျွန်း……”

   “ ယု-ယု…. နင် သတိရလာပြီလား ”

   ယု ချွေးတွေ ရွှဲနေသည်။ ဟွန်ဂျွန်းအစား စိုးရိမ်မှုများစွာနှင့် ကြည့်နေသော မီ့ကို သူမ တွေ့သည်။

   “ ဟွန်ဂျွန်းရောဟင်…”

   “ ယု ရယ်…”

ဒဏ္ဍာရီOnde histórias criam vida. Descubra agora