အပိုင်း ၄၄

20 3 0
                                    

ဒဏ္ဍာရီ အခန်း (၄၄)

မီ နှင့် ယု တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ရင်း ပါးစပ်အဟောင်းသားနှင့်  ငြိမ်နေမိကြသည်။ သူတို့ကြားလိုက်ရတာ ဟုတ်မှ ဟုတ်ပါလေစ။

“ ဂျန်းမီ -ငါတို့ ကြားလိုက်တာ ဟုတ်ရော ဟုတ်ရဲ့လားဟင် ”

မီက မျက်လုံးဝိုင်းလေးနှင့် ယုကို ယောင်နနကြည့်သည်။  ထို့နောက် ပါးစပ်ဟောင်းလောင်းဖြစ်နေတာ ကြာသွားသဖြင့် အာခြောက်လာဟန်နှင့် တံတွေးမြိုချပြီး စကားပြောကြည့်သည်။

“ ဂျီဟို… ငါတို့ အိပ်မက်မက်နေတာ မဟုတ်ဘူး မဟုတ်လားဟင် ”

ယုသည် သူမ မေးချင်နေသော မေးခွန်းကို မီက မေးလိုက်သဖြင့် အဖြေမရှိဘဲ ငြိမ်နေမိသည်။

“ ဟေးးးးးး ”

မီက အကျယ်ကြီးအော်က ထခုန်သည်။ ထို့နောက် ကလေးတစ်ယောက်လို အခန်းကျဉ်းလေးထဲ ခုန်ပေါက်နေသဖြင့် ယုက အောက်မှာနေသော အိမ်ရှင် ဒေါသတကြီး တက်မလာခင် အတင်းလိုက်ဆွဲပြီး ထိုင်ခိုင်းရသည်။

“ ငြိမ်ငြိမ်ထိုင်ပါ မရွှေမီရယ်..။ တော်ကြာ အောက်က ကလော်တုတ်နေဦးမယ် ”

“ ဟေးးးး ပျော်လိုက်တာ ပျော်လိုက်တာ…”

ယုသည် ကလေးတစ်ယောက်လို မြူးထူးနေသော မီ့ကိုကြည့်ပြီး မျက်ရည်တွေပင် လည်ချင်လာသည်။

“ ယု နင်မပျော်ဘူးလား။ နင့်မျက်နှာကြီးကလည်း….”

“ အေး- ငါ ဘယ်နားကစပြီး ပျော်ရမှန်းမသိဖြစ်နေလို့….”

“ ဟေးးးးး ကိုရီးယားသွားရတော့မယ် ”

နှစ်ယောက်သား ပြိုင်တူ အသံကုန်ဟစ် အော်ပစ်လိုက်သည်။

လွန်ခဲ့သော ၁၅ မိနစ်က မီဆို ဖုန်းမဆက်ခင် အထိ သူမတို့ ၂ယောက်ဘ၀သည် လွန်ခဲ့သော ၃ နှစ်နှင့် ဘာမှ မထူးခဲ့။ မီဆိုက ဆိုင်းမဆင့်ဗုံမဆင့် ကိုရီးယားကို အလည်ခေါ်မည်ဟု ဆိုသောအခါ သူမတို့ နှစ်ယောက် မှင်သက်သွားကြသည်မှာ မီဆိုကပင် ဟိုဘက်မှ စိုးရိမ်ကာ သုံးလေးခွန်း အော်ခေါ်ရသည်အထိ။

“ ဂျန်းမီ…ဂျန်းမီ….ဟဲ့ ဂျီဟို…ဂျီဟိုရေ……..”

ချက်ချင်းပဲ ဖုန်းထဲ ပြေးဝင်လာတော့မလိုဖြစ်နေသော မီဆိုကို ဗီဒီယိုကောလ်က မြင်တော့မှ သူမတို့အသိဝင်လာကာ မီဆိုကို အားနာလိုက်သည့်ဖြစ်ခြင်း။

ဒဏ္ဍာရီTempat cerita menjadi hidup. Temukan sekarang