အပိုင်း ၂

327 10 0
                                    

“ ယု လား ?”

Facebook Newfeeds များကိုကြည့်ရင်း စိတ်တွေလွင့်နေရာမှ ဖုန်းဝင်လာသဖြင့် ယု၏ အတွေးစတို့ ပြတ်သွားရလေသည်။

“ အင်း- မီ။ ပြော”

“ ငါ… နင့် အကောင့်မီးလင်းနေလို့ နင်မှ ဟုတ်ရဲ့လားလို့ ခေါ်ကြည့်တာပါ ”

မီ့အသံက တွေးတွေးဆဆ နှင့်ပြောနေသံ။ ယု ပြုံးလိုက်သည်။

“ ငါပါ မီ..။ နင်လည်း ရှိနေတာလား ”

“ အင်း ”

မီ၏ အင်းဆိုသည့်အသံက တိုးလွန်းနေသည်။ မီ ဘယ်လိုခံစားရမည်ဆိုတာ  ယုသိပါသည်။ တကယ်တော့ နတ်ဘုရားတွေ၏ ကစားပွဲတွင် ယု၏ ဘက်တော်သား နယ်ရုပ်လေး က မီပါပဲ။  ကစားပွဲပြီးကတည်းက မီနှင့် ယုတို့ နှစ်ယောက်လုံး ဖြစ်ပျက်ခဲ့သမျှတို့ကို စာအုပ်တစ်အုပ်လို ပိတ်ကာ၊ ပြန်လည် ဖွင့်ဖတ်ဖို့ မ၀ံ့မရဲ ဖြစ်ခဲ့ကြသည်လေ။ သည်နေ့မှ တိုက်တိုက်ဆိုင်ဆိုင် မီ ရော၊ ယုရော နှစ်ယောက်လုံး မတိုင်ပင်ထားပါဘဲ သည် facebook နယ်ထဲသို့  ပြန်လည် ခြေချမိကြသည်။ တိုက်ဆိုင်မှုတွေအတွက်တော့ ယုမအံ့သြတော့ပါ။ သည်လို စိတ်တူ ကိုယ်တူ နှလုံးသားချင်း တူနေခဲ့၍သာ မီသည်လည်း ဘုမသိဘမသိနှင့် နယ်ရုပ်တစ်ရုပ်ဖြစ်ခဲ့သည် မဟုတ်ပါလား။ တစ်ခါတစ်ခါတော့ မီ့ကို ယု အားနာမိသည်။ ယုနှင့်သာ မပတ်သတ်ခဲ့ပါလျှင် မီ အချိန်တိုင်း ပျော်နေမည် ထင်ပါသည်။ ယုက မီ့ နှလုံးသားထဲကို သံမှိုစွဲမည့် ကိစ္စတွေ ထုနဲ့ဒေး ပေးခဲ့သည်ဟု စဉ်းစားမိလျှင် မီ့ကို သနား၍ မျက်ရည်ကျသည်။

“ ငါ sticker လေးကို လွမ်းတယ် ယုရယ် ”

မီပြောသည့် sticker ဆိုတာကို ယု မမြင်ရသည်မှာ နှစ်ပေါင်းကြာနေသော်လည်း မေ့မသွားတာ သေချာသည်။ ချက်ချင်းဆိုသလို facebook မှ Hacker boy ဟူသည့် ဆံပင် ပြာပြာနှင့် ကောင်လေး sticker လေးကို မြင်ယောင်လာသည်။ အခုရော ထို sticker လေးတွေ သုံးကြဆဲလား၊ မရှိတော့ဘူးလား ယုမသိပါ။

“ နင် ငါ့ဆီ မက်ဆေ့ခ်ျ မပို့နဲ့နော်။ ငါမဖတ်ဘူး ”

“ ငါလည်း message box ကို မကြည့်ရဲပါဘူး ယုရယ် ”

ဒဏ္ဍာရီWhere stories live. Discover now