အပိုင်း ၆

73 7 2
                                    

Unicode

ဒဏ္ဍာရီ အခန်း (၆)

ခုတစ်လောတော့ ယုကပဲ အွန်လိုင်း မတက်ဖြစ်၍လား၊ ယု သုံးသည့်အချိန်မှာပဲ သူမရှိတာလားမပြောတတ်။ ယု သူ့ကို မတွေ့တာ ၂ ပတ်ကျော်လောက်ရှိပြီထင်သည်။ စကားပြောရမည့် သူငယ်ချင်းလည်း များများစားစားမရှိသဖြင့် ကင်ဆန်းမင်းကို ယု သတိရသလိုလိုတော့ရှိသည်။

“ မတွေ့တာကြာပြီ။ ဘယ်ရောက်နေတာလဲ ”

ယု မက်ဆေ့ခ်ျအတိုလေး ပို့ထားခဲ့လိုက်သည်။တိုက်တိုက်ဆိုင် ဆိုင် ယု ပိြု့ပီး သိပ်မကြာခင်မှာပဲ reply လေးရောက်လာသည်။

“ ငါအလုပ်တွေ အရမ်းများနေလို့။ နေကောင်းလား ”

“ ကောင်းပါတယ်။ နင်ရော ”

“ ဖျားနေတယ် ”

“ အအေးမိတာလား ”

“ မဟုတ်ပါဘူး။ ဒီလိုပါပဲ ငါက… ”

“ ဂရိုစိုက်ဦး။ ငါ သွားတော့မယ် ။ စာကျက်ရဦးမှာမို့လို့ ”

“ အွန်- နင်က ခုမှ ကျောင်းနေတုန်းလား ”

“ ဟုတ်တယ်လေ။ နင်ကရော..”

တစ်ဖက်မှ reply မလာဘဲ ငြိမ်သွားပြန်သည်။

“ နင့်မေးခွန်းတွေက တော်တော် ပြန်ဖြေရခက်တယ် ”

“ ဟင်- ငါက ကျောင်းနေတုန်းလားလို့ မေးတာ ဘာမှားလို့လဲ ”

“ မှားတော့မမှားဘူးလေ။ ဒါပေမယ့် နင်ဘာမှ မသိတာ ပြဿနာ တက်နေတာ။နင်သာ နည်းနည်းသိရင် ငါ့ကို အဲဒီမေးခွန်းတွေ မေးမှာမဟုတ်ဘူး ”

“ ငါ နားမလည်ဘူး ”

“ ထားလိုက်ပါတော့ဟာ။ ဒီအတိုင်းဆို ငါနင့်ထက် အသက် ၁၀ နှစ်လောက်တော့ ကြီးမှာပါ။ ငါ ကျောင်းပြီးတာလည်း ကြာပါပြီ ”

“ ဟုတ်လား။ ဒါဆို အလုပ်လုပ်နေပြီပေါ့ ”

တစ်ဖက် ရယ်သည့် စတစ်ကာလေး ရောက်လာသည်။

“ နင်ချစ်တဲ့ ဟွန်ဂျွန်းအကြောင်း နင်ဒီထက်မက ရှာဖတ်ပါလား ဟင်”

“ ဘာလို့လဲ။ ငါလည်း ရှာဖတ်ချင်ပါတယ်။ ကျောင်းစာတွေနဲ့မို့လို့ပါ  ”

ဒဏ္ဍာရီWhere stories live. Discover now