ဒဏ္ဍာရီ အခန်း (၅၈)
" ငါ တကယ်ပဲ ဒီကောင်မလေးကို အရမ်းချစ်ခဲ့တာလား "Jun သည် ငေ်းကို တဗျင်းဗျင်းကုတ်ရင်း-
" ချစ်လို့ပဲ မြန်မာနိုင်ငံကို ခုချက်ချင်းလိုက်သွားတော့မယ်အတိုင်း လုပ်နေခဲ့တာလေ ။ အစ်ကို့ မိသားစု တောင် သိတယ် "" အဲဒီလောက်တောင် ? အဲဒါဆို သူနဲ့ ချစ်သူဖြစ်နေတာရော အိမ်က သိတာပေါ့ "
" အဲဒါတော့ မသိဘူး။ ဘာလို့လဲဆိုတော့ အပြင်လူ သိတာနဲ့ အစ်ကို့အချစ်ရေးကိစ္စက အားလုံးပြီးမှာမို့ တစ်ရက်ရရ နှစ်ရက်ရရဆွဲဆန့်ချင်တယ် ဆိုပြီး ဘာမှ မပြောခဲ့တာ "
Kyu သည် အကြာကြီး ငြိမ်လျက် စဉ်းစားနေခဲ့သည်။
" နေဦး..ဒါဆို အစ်ကိုက ဂျန်းမီကိုပဲ မမှတ်မိတာလား၊ ဂျီဟိုကိုရော..."
" ဂျီဟို...? ဘယ်သူလဲ ဂျီဟိုက "
" အစ်ကို ဟွန်ဂျွန်း ရည်းစားလေ "
" ဘာ"
Jun သည် ခေါင်းတွေချည်းကုတ်ရလွန်းသဖြင့် ဆံပင်တွေ ကုန်ပြီလားဟုပင် ထင်လာသည်။သည်ပုံစံအတိုင်းဆိုလျှင် ဂျန်းမီသာ မက၊ ဂျီဟိုကိုပါ မေ့လေပြီ။
" မီဆို ကိုရော သိလား "
" မီဆိုကရော ဘယ်သူလဲ "
" ဂျောင်မင်း ရည်းစား "
" ဘာ...ဂျောင်မင်းက ရည်းစားရှိတယ်။ အငယ် -မင်းငါ့ကို မနောက်နဲ့"
Jun က ဖြစ်ကြောင်းကုန်စင် ရှင်းပြရပြန်သည်။ ယောင်ဆန်းကတော့ တိုနေသည့်စိတ်ကို မနည်းဆွဲဆန့်ထားရဟန်နှင့် Kyu ကို မျက်မှောင်ကြုံ့လျက် ကြည့်နေလေသည်။
" နေပါဦး..။ ဒါ ဒရာမာ မို့လို့လား...။ ဘယ်လိုလုပ် ငါတို့အားလုံးက ဒီလိုဇာတ်လမ်းတွေ ရှိရမှာလဲ "
" Kim Kyu Jong "
ရုတ်တရက် အော်ထည့်လိုက်သော ယောင်ဆန်းအသံကြောင့် Kyu ပြောလက်စရပ်သွားသလို၊ Jun ခမြာလည်း ဆတ်ကနဲ တုန်သွားကာ ယောင်ဆန်းကို မျက်လုံးပြူးနှင့် မော့ကြည့်လေသည်။" မင်း တကယ်မေ့တာရော ဟုတ်သလား.. ဂျန်းမီကို ဖြတ်ချင်လို့ ဇာတ်လမ်းတွေ လုပ်နေတာလား "
YOU ARE READING
ဒဏ္ဍာရီ
Fanfictionဤfiction ကို မီဆိုနှင့်အတူ TS များ အားလုံး ပိုင်ပါတယ်။ ပြင်ပ အဖြစ်အပျက်တချို့ နှင့်အမှန်တရား တချို့ ပါပါတယ်။ Not BL . Just fanfiction