အပိုင်း ၄၆

21 2 0
                                    

ဒဏ္ဍာရီ အခန်း (၄၆)

   မီသည် အလန့်တကြားနှင့် ယုလက်လေးကို တင်းတင်းဆုပ်ကိုင်ထားသည်။

“ ဘာမှမဖြစ်ပါဘူးဟ။ မကြောက်ပါနဲ့ ”

“ ဘာမှမဖြစ်မှန်းတော့ သိတာပေါ့။ နားအူပြီး ရင်ထဲ လှပ်ကနဲဖြစ်သွားတာကို မခံနိုင်တာ”

  မီပြောနေစဉ်မှာပဲ သူမတို့စီးနင်းလာသော လေယာဉ်ကြီးသည် အင်ချွန်း အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ဆင်းသက်ခဲ့ပြီဖြစ်သည်။

“ ကဲ- ဂျန်းမီရေ…ငါ့လက်လည်း ကျိုးကြေကုန်ဦးမယ်။ လေယာဉ်လည်း အောက်ရောက်နေပြီ လွှတ်ပါဦးဟ။ ပစ္စည်းတွေ ချရအောင် ”

ပစ္စည်းဟုဆိုသော်လည်း တစ်ယောက် ကျောပိုးအိတ် တစ်အိတ်နှင့် လတ်ဂေ့ဂ်ျ တစ်လုံးစီသာ။ ၁၀ ရက်သာ ကြာမည်ဖြစ်သော သည်ခရီးစဉ်အတွက် မီ နှင့် ယု ၂ လလောက် အချိန်ယူ စီစဉ်ခဲ့ရသည်။ ကံကောင်းသည်က ကိုရီးယားတွင် ပူနေပြီဖြစ်သဖြင့် ယုတို့ အနွေးထည်ဝယ်ရခြင်းမှ လွတ်ကင်းသွားသည်။ မီဆိုကတော့ အ၀တ်အစားတွေပင် ယူမလာနှင့်ဟု ဆိုသည်။ သူမအ၀တ်အစားတွေ ယူဝတ်ဖို့ ပြောသော်လည်း သည်လောက်အထိတော့ ယုတို့လည်း မလုပ်နိုင်တော့။ သည်မြေကို နင်းခွင့်ရအောင် လုပ်ပေးတာနှင့်ပင် လွန်လွန်းနေပြီ။

“ အစ်မ မီဆိုကို မျက်စိရှင်ရှင်နဲ့ရှာပါဟဲ့ မီရဲ့ ”

ရေမြေခြားသည့်အသိတစ်ခုက အားငယ်စိတ်ကို ချက်ချင်းဖြစ်သွားစေသည်။ ယု နှင့် မီသည် လူအုပ်ကြီးကြားတွင် မီဆိုကို အသည်းအသန်ရှာကြသည်။

“ ဂျီဟို…. ဂျန်းမီ ”

  အသံစူးစူးလေးလာရာသို့ အမောတကော ရှာကြည့်ကြတော့… တွေ့ပါပြီ။ ယုတို့ကသာ စိတ်လှုပ်ရှားလွန်းနေ၍ မမြင်ခြင်းဖြစ်သည်။ မီဆိုရေးထားသော ဂျီဟို နှင့် ဂျန်းမီ ဆိုသည့် မြန်မာစာလုံးကြီးတွေက ထင်ထင်ရှားရှား။

“ အစ်​မ မီဆို ”

  မီကတော့ ပြေးမဖက်ရုံတမယ် မီဆိုရှိရာသို့ ပြေးလေ၏။

“ လာ လာ… ဒီဘက်က ထွက်ရမှာ ”

  ယုက တစ်ဖက် မီက တစ်ဖက်နှင့်မို့ မီဆိုခင်မြာမှာ ကလေးအမေတစ်ယောက်လို့ တို့လို့တွဲလောင်း ဘိုသီဘတ်သီနှင့်။  သည်နှစ်ယောက်နှင့်ကျမှ ဆယ်တန်းအောင်ကတည်းက ကိုရီးယားနိုင်ငံသားဖြစ်နေသော မီဆိုတစ်ယောက် terminal အပေါက်တွေ မှားလိုမှား၊ မျက်စိတွေလည်လိုလည်။

ဒဏ္ဍာရီDonde viven las historias. Descúbrelo ahora