ဒဏ္ဍာရီ အခန်း(၁၅)
တစ်နေ့ Kyu တစ်ယောက် Jun အကောင့်ထဲသို့ ရောက်လာသည်။ အစကတော့ မီမသိခဲ့ပါ။ Jun ထင်ပြီး စကားတွေ ပြောနေခြင်းဖြစ်သည်။ ခဏအကြာတော့ ဓာတ်ပုံလေးတစ်ပုံရောက်လာသည်။ Kyu နှင့် တူသယောင်ယောင်တော့ ရှိသည်။ သို့သော် တူလည်းမတူ။ မီသည် ထိုပုံလေးကို အထပ်ထပ်အခါခါကြည့်သည်။ ရယ်နေပုံကတော့ Kyu နှင့်တူသည်။ သို့သော် Kyu မဟုတ်ဟုလည်းထင်သည်။
“ ဘယ်သူလဲဟင် အဲဒါ ”
“ ကျွန်တော်လေ ”
“ ဘယ်သူလဲ ကျွန်တော်က ”
“ ဟား ဟား ။ Kyu Jong ပါ ”
“ တူလည်းမတူဘူး ”
“ အဲဒါ မိတ်ကပ်လုပ်ထားတာ ”
မိတ်ကပ်အစွမ်းကို မီအံ့အားသင့်သွားသည်။ လူတစ်ယောက်ကို အခြားလူတစ်ယောက်အဖြစ် ပြောင်းလဲသွားစေသည်မဟုတ်လား။
“ ဟုတ်လား။ မတူဘူးနော် ”
“ တကယ်လား။ အဲဒါဆို အဆင်ပြေပြီ ”
“ ဘာလို့လဲဟင် ”
“ ဒီနေ့ အပြင်လျှောက်လည်မလို့ ရုပ်ဖျက်ထားတာ ”
“ သြော် ”
မီ ဘာဆက်ပြောရမှန်းမသိ။ 501 နှင့်စကားပြောခွင့်ရဖို့ အကြိမ်ကြိမ်စိတ်ကူးခဲ့ဖူးသော်လည်း တကယ်တမ်း သူငယ်ချင်းတွေလို စကားပြောခွင့် ရလာပြန်တော့ စကားလုံးတွေ ရှားပါးကုန်ပြန်သည်။
“ Jun ရော ”
မဆီမဆိုင် Jun ကိုမေးပြီး စကားပြန်စလိုက်သည်။ သို့သော် ထိုသို့ပြောကာမှ Kyu ဆီမှ မျက်မှောင်ကျုံ့နေသည့် စတေကာလေး ရောက်လာသည်။
“ ဟင်- ဘာလို့လဲ ”
“ မနေ့ကတည်းက ခွေးတစ်ကောင်အပ်ထားခဲ့ပြီး လျှောက်သွားနေတယ် ”
“ ချိုကိုး လား ”
“ ဟုတ်တယ်လေ။ သူ့ခွေးကို သူ့အမေအိမ်မထားဘဲ ဒီခေါ်လာပြီး သူက
သူငယ်ချင်းတွေနဲ့ လျှောက်သွားနေတယ်”
“ ဟင် အဲဒါဆို အခုရော..။ချိုကိုးကို ဘယ်နားထားခဲ့မှာလဲ။ တစ်ကောင်တည်းထားခဲ့မလို့လား ”
“ မတတ်နိုင်ဘူးလေ။ ခေါ်သွားရတော့မှာပေါ့ ။ လူတွေက ချိုကိုး ကိုတော့ JJun ခွေးလို့ သိကြမှာမဟုတ်ပါဘူး။
အရောင်တူတွေ အများကြီးကို ”
မီရယ်နေမိသည်။ သဘောကောင်းသည့် Kyu။ အငယ်တွေ ဘာလုပ်လုပ်လည်း ပွစိပွစိ ပြောရုံသာပြောပြီး တကယ်လည်း စိတ်မဆိုးတတ်သည့်သူ။ သူ့ဘာသာ လွတ်လွတ်လပ်လပ် လျှောက်လည်ချင်၍ ရုပ်တောင်ဖျက်ပြီးကာမှ ခွေးတစ်ကောင်နှင့် လျှောက်သွားရမည့်အဖြစ်။
“ ချိုကိုး နဲ့ ဒိတ်လုပ်နေတာပေါ့ ”
မီက စတော့ သူရယ်နေသည်။
“ အင်း- အဲဒီလိုဖြစ်နေပြီ ”
“ ယောင်ဆန်းရော ”
“ သူမအားဘူး။ ဒရာမာတစ်ကားအတွက် OST ဆိုပေးစရာရှိလို့ recording လုပ်နေတယ် ။
သူအားမှတော့ မင်း သူငယ်ချင်း အကောင့် ဒီလိုတောင် ငြိမ်မနေဘူး ”
“ အခုလည်း မငြိမ်ပါဘူး ”
မီပြောလိုက်မှ Kyu တစ်ယောက် ပြာယာခတ်သွားသည်။
“ ဟင်။ ဘယ်မှာလဲ။ ရှိနေတာလား။ ပြန်ရောက်လာပြီလား ”
ရော်။ ပြန်ရောက်လာပြီလားတဲ့။ မီက သူတို့ ရပ်ကွက်က အဖြစ်အပျက်တွေ ဘယ်သိပါ့မလဲလေ။
“ အဲဒါတော့ မသိဘူးလေ။ ဂျီဟို့ ပရိုဖိုင်း ပုံ ပြောင်းနေတာ ၁၀ မိနစ်အတွင်း ၄ ခါလောက်
ရှိနေပြီ။ ”
“ နေဦး။ အဲဒါ ယောင်ဆန်းမဖြစ်နိုင်ဘူး ”
“ အဲဒါဆို ဂျောင်မင်းလား ”
“ သူလည်းမအားဘူး။ ဟို ခွေးပိုင်ရှင်ပဲဖြစ်ရမယ်။ သွားဖမ်းဦးမယ်”
“ ဘယ်လိုဖမ်းမှာလဲ ”
“ ဖုန်းဆက်မလို့လေ။ နေဦးခဏ ”
ခဏလေး သူပျောက်သွားသည်။ မီလည်း newfeed တွေ ဟိုကြည့် သည်ကြည့် လိုက်ကြည့်နေရင်း စောင့်နေလိုက်သည်။ ခဏကြာတော့..
“ ရပြီ။ ခွေးလာပြန်ခေါ်ခိုင်းထားတယ် ”
“ လာမယ်တဲ့လား ”
“ချက်ချင်း လာမခေါ်ရင် ဒီခွေးကို ယောင်ဆန်းဆီပို့မှာလို့ ပြောထားတယ် ”
“ ဟင်- အဲဒီလိုပြောတာနဲ့ လာရောလား ”
“မလာလို့ မရဘူးလေ။ ယောင်ဆန်းမှ ခွေးမချစ်တာ ။ သူ့ခွေး အကန်ခံရမှာပေါ့ ”
မီအသံထွက်အောင်ပင် ရယ်မိသည်။ ဒီလူတွေ မီ့ထက် အသက် ၁၀ နှစ်ကြီးလားမကြီးလားပင် ပြန်စစ်ရမလိုဖြစ်နေသည်။
“ ဟိုတစ်လောက ဂျောင်မင်းနဲ့ ယောင်ဆန်း အဲဒါနဲ့ ပတ်သတ်လို့ ပြဿနာတက်ပြီးပြီ”
“ ဟင် ဘယ်တုန်းက ”
“ လီဒါ ရဲ့ Anemone ပွဲကို ကျွန်တော်နဲ့ ယောင်ဆန်းသွားတာ မှတ်မိလား”
“ အင်း ”
“ အဲဒီနေ့က ညကြီး ယောင်ဆန်း နေကာမျက်မှန်ကြီးနဲ့လေ ”
“ မှတ်မိတယ် မှတ်မိတယ်။ အဲဒီတုန်းက ဂျီဟိုနဲ့ ကျွန်မတောင် ရယ်နေကြသေးတာ ”
“ အဲဒါ ဂျောင်မင်းလက်ချက်နဲ့ ယောင်ဆန်း မျက်လုံးတွေ နီနေလို့ ”
“ ဟယ်- ဘာလို့တုန်း ”
“ အမှန်က ဂျောင်မင်းက ခွေးရော၊ ကြောင်ရောချစ်တာ။ သူ့ဆီမှာ ကြောင်လည်းရှိတယ်။
အဲဒါ သူ့ကြောင်က ယောင်ဆန်းနားသွားလို့ ယောင်ဆန်းက ကန်ထုတ်လိုက်တာ။ အဲဒီမှာတင်
ဂျောင်မင်းက ယောင်ဆန်းကို ထအော်ရော။ အဲဒါကို ယောင်ဆန်းက ငါ့အပြစ်မဟုတ်ဘူး၊
မင်းကြောင် ငါ့နားလာတဲ့အပြစ် လို့ ပြောလို့.. ငါ့ကြောင်အပြစ်မဟုတ်ဘူး၊ ငါ့ကြောင်ကို
မြင်နေတဲ့ မင်းမျက်လုံးတွေ အပြစ်ဆိုပြီး မျက်လုံးကိုထနှိုက်တာ…၀ိုင်းဆွဲကြလို့ ”
ကြည့်ပါ။ မီ့မှာ စိတ်ဆိုးရခက်၊ရယ်ရခက်။ ကိုယ့်လူ မျက်လုံးနီနေခဲ့တာ ကိုယ်မသိဘဲ ရယ်နေခဲ့ဖူးတာ။ ညကြီးမင်းကြီး နေကာမျက်မှန်ကြီးနဲ့ မို့ ရှိုးများလိုက်တာ ထင်နေခဲ့တာ။ စိတ်မြန်လက်မြန် လုပ်လိုက်သော ဂျောင်မင်းကိုလည်း အပြစ်ဟုပြောရမှာ ခပ်ခက်ခက်၊ ကိုယ့်လူကလည်း စကားအပြောအဆိုက အဆင်မပြေတာအမှန်။ ကြောင်အနားလာတာပဲ မကြိုက်ရင် မင်းကြောင်လာခေါ်ဦး လို့ ပြောလျှင်လည်း မရပေဘူးလား ဟု သူမ တွေးသည်။
“ ဟော- JJun ရောက်ပြီ။ out တော့မယ်။ တာ့တာ ”
မီးစိမ်းလေး မှိတ်သွားသည်ကိုကြည့်ရင်း မီ့စိတ်ထဲ တစ်ခု ပိုသေချာသွားသည်။ သည်လူတွေ 501 ဟု နာမည်ပေးထားတာ အဆန်းတော့မဟုတ်။ အရာရာ 5 forever as 1 ဖြစ်၍နေသည်။ အခုပဲကြည့်။ JJun အကောင့်လည်း Kyu ၀င်သုံးသည်။ ယုအကောင့်ကတော့ မပြောနှင့်တော့။ ယုပြောသလိုပဲ ပါ့ဘလစ်အကောင့် တောင် ဖြစ်နေပြီ။ ရည်းစားတော့ တစ်ယောက်တည်း ထားကြမှာ မဟုတ်ဘူးမဟုတ်လား။ မီတွေးရင်း ရယ်မိသွားပြန်သည်။
ESTÁS LEYENDO
ဒဏ္ဍာရီ
Fanficဤfiction ကို မီဆိုနှင့်အတူ TS များ အားလုံး ပိုင်ပါတယ်။ ပြင်ပ အဖြစ်အပျက်တချို့ နှင့်အမှန်တရား တချို့ ပါပါတယ်။ Not BL . Just fanfiction