ဒဏ္ဍာရီ အခန်း (၆၁)
အမျိုးမျိုး အဖုံဖုံသော အမှတ်တရတို့နှင့် ထုံမွှန်းထားသော ယု၏ facebook အကောင့်လေးကို ယု ဘယ်တော့မှ ထပ်မ၀င်ဖြစ်တော့။ မီ နှင့် ယုသည် ထိုအမှတ်တရတို့ကို ပိတ်ထားသော စာအုပ်တစ်အုပ်ဟု သဘောထားကာ ယောင်၍ပင် ဖွင့်ကြည့်ဖို့ စိတ်မကူးခဲ့ကြ။ ထိုအစား ကိုရီးယားကို သွားနိုင်ဖို့ ရူးသွပ်စွာပဲ ကြိုးစားခဲ့ကြသည်။ ယောင်ဆန်း၏ ဆန္ဒ၊ အားလုံး၏ ဆန္ဒ၊ မီဆို ၏ နောက်ဆုံးစကား..။ ယုတို့ အကောင်အထည် ဖော်နိုင်ပါလိမ့်မည်။
မမီသောပန်းကို လက်လှမ်းဖို့အတွက်က ယုတို့အတွက် တုံးခုရုံလောက်နှင့် မရခဲ့။ မြေနိမ့်ရာ လှံစိုက်ချင်သော သူတွေ ကြားတွင် နုနယ်ငယ်ရွယ်သော မိန်းကလေး နှစ်ယောက် ပန်းတိုင် ပျောက်မသွားဖို့ တစ်ယောက်လက်ကို တစ်ယောက်တွဲရင်း အချင်းချင်း အားပေးရင်း၊ တွဲထူရင်းနဲ့ပဲ ရက်တွေ လတွေကို ခဲခဲယဉ်းယဉ်းကျော်ဖြတ်ခဲ့ကြသည်။
လဲကျလွန်းသဖြင့် ပြန်မထချင်လောက်အောင် ဖြစ်သောအခါများတွင်တော့ instagram လေးက ယုတို့ကို အားအင်တွေပေးသည်။ သူတို့ သတင်းတွေ၊ သူတို့ သီချင်းတွေ...။ ဂျောင်မင်း၏ လည်ပင်းရှိ မုန်လာဥပုံ လော့ကတ်လေးကတော့ ယုတို့ကို ဘယ်တော့မှ နောက်ပြန်မဆုတ်စေဖို့ တွန်းအားတွေ ပေးသည်။သည် မုန်လာဥလေးကပဲ ဂျောင်မင်းတစ်ယောက် အစ်မ မီဆိုကို မမေ့သေးသော သက်သေတစ်ခုမဟုတ်လား။ မီဆိုကို အလွယ်တကူ မေ့ပစ်နိုင်သော၊ မေ့ရန်အခွင့်အရေးများလည်း မရေမတွက်နိုင်အောင် များလှသော ဂျောင်မင်းပင် အချိန်တွေတိုက်စားမှုကို အံတုပြီး သူချစ်သော သွားလေသူ မီဆိုကို မမေ့ပါလျှင်၊ သက်ရှိထင်ရှားရှိနေသော ယု နှင့် မီကို သူတို့ ဘယ်တော့မှ မေ့မည်မဟုတ်မှန်း ယုတို့ ယုံကြည်နေသည်။
အချိန်တွေ မတူညီသော်ငြား၊ နေရာဒေသတွေ မိုင်ထောင်ချီ ဝေးနေပါသော်ငြား သူမတို့ ၇ ဦးတွင် တူညီသော ရည်မှန်းချက်တစ်ခုတော့ ရှိနေသည်မဟုတ်လား။ SS501 come back fan sign တွင် ပြန်လည် ဆုံတွေ့ရေး...။ သူတို့လည်း သူတို့နည်းသူတို့ဟန်နှင့် တိုက်ခိုက်မှုတွေ၊ ရုန်းကန်မှုတွေ ကြား နေ့ရက်တွေကို ဖြတ်သန်းနေရသလို၊ ယုတို့လည်း ယုတို့နည်း ယုတို့ဟန်နှင့် နေ့ရက်များကို ပင်ပန်းစွာ ကုန်လွန်ကြရသည်။
သည်လိုနှင့် ၂နှစ်တာကာလကို ဖြတ်ကျော်နိုင်ပြီးနောက်......မီ လှေကားတစ်ထစ် တက်နိုင်သွားသည်။ ကိုရီးယားသို့ မီ သွားဖို့ဖြစ်လာသည်။ အတူတူကြိုးစားနေရင်း မီးအရင် သွားခွင့်ရှိသည့်အတွက် ယု ၀မ်းမနည်းပါ။ မီ အခြေကျလျှင် ယုအတွက်လည်း လမ်းစပွင့်ပြီဖြစ်သည်။ ထိုညက ယုနှင့် မီ တို့ အိပ်၍ပင်မပျော်။ အိပ်မက်လား တကယ်လား မခွဲခြားနိုင်လောက်အောင် ပျော်ရွှင်ခြင်း၊ အံ့သြခြင်း၊ မယုံနိုင်ခြင်းတို့ဖြင့် ၀မ်းနည်းဝမ်းသာဖြစ်ခဲ့ရသည်မဟုတ်လား။
မီကတော့ ယုကို ထားခဲ့ရမည်ဖြစ်သဖြင့် စိတ်မကောင်း။ သို့သော် အရင်ရောက်သွားသော မီ့အတွက် ပိုပြီး တာဝန်ကြီးသွားပြီမှန်း မီနားလည်သည်။ မြန်မာနိုင်ငံမှာ ကြိုးစားရသည်ထက် အဆပေါင်း များစွာသော ကြိုးစားမှုအောက်မှာ မီကို ယု တစ်နေ့ ခေါ်နိုင်ရမည်။ ယု၏ ကြိုးစားမှု၊ မီ၏ အခွင့်အလမ်းရှာဖွေမှုတို့ကြောင့် မဝေးသော အနာဂတ်တွင် ယုနှင့် မီ ပြန်ဆုံရမည်ကို မီသိနေသည်။
"501 ရေ...ခဏလေးပဲ စောင့်ပါနော်။ "
ESTÁS LEYENDO
ဒဏ္ဍာရီ
Fanficဤfiction ကို မီဆိုနှင့်အတူ TS များ အားလုံး ပိုင်ပါတယ်။ ပြင်ပ အဖြစ်အပျက်တချို့ နှင့်အမှန်တရား တချို့ ပါပါတယ်။ Not BL . Just fanfiction