ဒဏ္ဍာရီ အခန်း (၄၈)
ထုံးစံအတိုင်း ယောင်ဆန်း၏ တိုက်ခန်းတွင် သူတို့အားလုံး စုဖြစ်ကြသည်။ သည်တစ်ခါတော့ ၂ ယောက်ပိုလာသဖြင့် အခန်းလေးက ကျဉ်းသွားသယောင်ယောင်။ တကယ်တမ်းက အခန်းကျဉ်းသည်ထက် စိတ်ကျဉ်းကြပ်နေသူ ၂ ဦး ရှိနေတာပဲဖြစ်သည်။ သူတို့ကတော့ မီ နှင့် ယောင်ဆန်း…။
တစ်ချိန်က ချစ်ခဲ့ဖူးသော၊ ယခုချိန်ထိလည်း Bias အနေနှင့် ချစ်နေဆဲဖြစ်သော ယောင်ဆန်း၏ရှေ့တွင် ဧည့်ခန်းထဲမှ မီးဖိုခန်းထဲ သွားလျှင်တောင် မီ့လက်ကိုမလွှတ်သော Kyu ကြောင့် ဘာမှ မဆိုင်သော်လည်း မီအနေကျုံ့နေသည်။
ယောင်ဆန်းကလည်း ထိုနည်းလည်းကောင်း။ သူချစ်ခဲ့ဖူးသော မိန်းကလေးတစ်ယောက်ကို သူ့တိုက်ခန်းထဲတွင် သူ့လီဒါ၏ ချစ်သူအနေနှင့် တွေ့ရသည်မှာ ပျော်စရာကောင်းသည့် ကိစ္စတော့ မဟုတ်ချေ။ သို့သော်လည်း ဒီအတွက် ၀မ်းနည်းနေတာမျိုးလည်း မဟုတ်ရပါ။ သည်လိုပဲ သူ စိတ်ကျဉ်းကြပ်နေမိခြင်းပဲဖြစ်သည်။ ဘယ်လိုနေရမည်မှန်းမသိသဖြင့် ဟိုနားယောင်ယောင် သည်နားယောင်ယောင် နှင့် နောက်ဆုံးတော့ အငယ်ကောင်ဘေးမှာ တောက်တဲ့လို ကပ်နေဖြစ်သည်။
“ ရော်- အစ်ကိုက ဘာဖြစ်လို့ ကျွန်တော် သွားတဲ့နောက် တကောက်ကောက်လိုက်နေတာလဲ ”
“ မင်းကလည်း ဒီအတွဲတွေကြားထဲမှာ ငါဘယ်လိုနေရမလဲ ”
“ ဟ- ဒီလိုပဲနေပေါ့။ ကျွန်တော်လည်း ဒီလိုပဲ နေတာပဲဟာကို…”
“ မင်းက တော့ဟုတ်မှာပေါ့ဟ။ ငါက ဂျီဟိုကို ချစ်ဖူးတဲ့ဟာကို ”
သည်တော့မှ Jun သည် ယောင်ဆန်းကို သနားသလိုလိုဖြစ်သွားသည်။
“ တစ်နေရာရာ သွားနေရအောင် ”
“ ဟင်- ဘယ်သွားမှာလဲ”
“ ဘီယာသွားသောက်မယ်လေ ။ ဂျောင်မင်း ..ဂျောင်မင်း ”
အငယ်က ယောင်ဆန်းအမေးကို ဖြေပြီး တစ်ဆက်တည်း ဂျောင်မင်းကို ခပ်အုပ်အုပ်ခေါ်သည်။ ဂျောင်မင်းက ဂျန်းမီတို့ အတွဲနှင့်စကားလက်ဆုံကျနေရာမှ ဘာလဲဟူသော သဘောဖြင့် မေးဆတ်ပြသည်။
VOCÊ ESTÁ LENDO
ဒဏ္ဍာရီ
Fanficဤfiction ကို မီဆိုနှင့်အတူ TS များ အားလုံး ပိုင်ပါတယ်။ ပြင်ပ အဖြစ်အပျက်တချို့ နှင့်အမှန်တရား တချို့ ပါပါတယ်။ Not BL . Just fanfiction