ဒဏ္ဍာရီ အခန်း (၄၇)
ကားနှင့်လာပါလျက် မောဟိုက်နေသော Kyu တစ်ယောက် ဟန်မြစ်နံဘေးတွင် ကားကို ထိုးရပ်ပစ်လိုက်ပြီး မီဆို ပြောသည့်နေရာကို ရှာရသည်။ မီဆိုကတော့ လူလည်းရှင်းပြီး စိတ်ချရသော နေရာကို သေချာရွေးပေးထားသည်ဟု ဆိုသည်။
Kyu ၏ ရင်တွေ တဒိန်းဒိန်းခုန်နေသည်။ ချစ်သော ဂျန်းမီကို ပထမဆုံးတွေ့ရမည့်ည….။ ချစ်သူသက်တမ်း ၁ နှစ်ကျော်မှ သူမြတ်နိုးရသည့် မျက်နှာလေးကို မြင်ခွင့်ရသည့် ည…။
ဟန်မြစ်သည် အရင်လိုပဲ မီးရောင်တွေကြားတွင် လှလွန်းနေပါသည်။ သူသည် လူတွေကိုရှောင်ရင်း မီဆို ချိန်းသည့်နေရာကို အလောသုံးဆယ် လှမ်းနေမိသည်။ ခပ်ငိုက်ငိုက်ဆောင်းထားသော လျှာထိုးဦးထုပ်အောက်က သူ့မျက်နှာကိုတော့ လူတွေ သတိမထားမိဘဲ ရှိနေသည်။
“ ဟော ”
တွေ့ပါပြီ။ မီဆိုက လက်ဝှေ့ယမ်းပြသည်။ မီဆို့ဘေးမှ သူ့ကို လှမ်းကြည့်နေသော ဂျန်းမီ။ ရင်တွေ နှစ်ဆတိုးပြီး ခုန်သွားသည်။ လှမ်းလက်စခြေလှမ်းတွေ နှေးသွားပြီးမှ အရင်ကထက် ခပ်မြန်မြန် ပိုလှမ်းလိုက်သည်။ နီးလာပြီ….။
တစ်လှမ်း…
.
.
. နှစ်လှမ်း…
.
.
..သုံးလှမ်း…..
.
.
.Kyu ရပ်သွားသည်။ ပြုံးပြုံးလေး ရပ်ကြည့်နေသော ဂျန်းမီ…..။ သူအသက်ရှူရပ်သွားသလိုပင်…။“ Kyu…ငါ ဟိုနားက စောင့်…စောင့်…ဟဲ့ ဟဲ့……”
မီဆိုသည် သူမ သည်နေရာနှင့် မလှမ်းမကမ်းတွင် ရှိနေမည် ဖြစ်ကြောင်းပင် မပြောလိုက်ရ…။ သူမကို လုံးဝပင်မမြင်သလို အတင်းဖြတ်ကျော်သွားပြီး ဂျန်းမီကို ဆတ်ကနဲ ဆွဲဖက်လိုက်သော Kyu ကြောင့် မီဆို ပြောလက်စ စကားတွေပင် ရပ်ကုန်သည်။
“ ဟဲ့..ငါ ရှိနေသေးတယ် ငါ…။ ခဏနေပါဦး ”
ဂျန်းမီမှာ Kyu ကို အဝေးကြီးမှ မြင်ကတည်းက ကတုန်ကယင်နှင့် လက်ဖျားတွေအေးစက်နေရာမှ၊ အနားလည်းရောက်ရော နှုတ်မှ နှုတ်မဆက်ရသေးခင် ရင်ခွင်ထဲ အင့်ကနဲ ရောက်သွားသဖြင့် ရုတ်တရက်တော့ ကြောင်သွားသည်။ ပြီးမှ သတိရပြီး အတင်းရုန်းထွက်ကာ Kyu ကို ထုပါတော့သည်။ Kyu က ရယ်ရင်း လွှတ်ပေးလိုက်ပြီး မီဆိုဘက်သို့လှည့်ကာ..
![](https://img.wattpad.com/cover/188054820-288-k173438.jpg)
YOU ARE READING
ဒဏ္ဍာရီ
Fanfictionဤfiction ကို မီဆိုနှင့်အတူ TS များ အားလုံး ပိုင်ပါတယ်။ ပြင်ပ အဖြစ်အပျက်တချို့ နှင့်အမှန်တရား တချို့ ပါပါတယ်။ Not BL . Just fanfiction