အပိုင်း ၄၉

17 2 0
                                    

ဒဏ္ဍာရီ အခန်း (၄၉)

ဂျောင်မင်းသည် မီဆိုအလာကို ကားပေါ်မှ တိတ်ဆိတ်စွာစောင့်နေသည်။ သူမနက်က မက်ဆေ့ခ်ျပို့ထားသည်။ သည်ည မီဆိုကို သူတွေ့မှကိုဖြစ်မည်။  ညနေပိုင်း အချိန်ဇယားတွေကို သူ ရွှေ့ပစ်လိုက်သည်။

“ လာပြီ ”

ထုံးစံအတိုင်း ရှပ်အဖြူ နှင့် ဂျင်းအပြာလေးဝတ်ထားသော မီဆိုကို ခပ်ဝေးဝေးမှပင် သူလှမ်းမြင်နေရသည်။ ယောင်ဆန်းအိမ်မှာ စတွေ့တုန်းကလို ပြည့်ပြည့်လေးမဟုတ်တော့တာ သူဘာကြောင့် သတိမထားမိခဲ့ပါသနည်း။ မီဆိုက ဟိုရှာ သည်ရှာ လုပ်နေသဖြင့် သူ ကားမီးကို တစ်ချက်တောက်ပြလိုက်တော့ မီဆိုက သူ့ကားရှိရာသို့ ရောက်လာသည်။

“ ဘာတွေ အရေးကြီးလာတာလဲ ”

မီဆိုက ကားပေါ်တက်ရင်း လှမ်းမေးတော့ သူပြန်မဖြေမိ။

“ ခါးပတ်သေချာပတ် ”

ဟုသာ ပြောရင်း ကားကို စတင်မောင်းသည်။ တစ်လမ်းလုံး သူဘာမှ မပြောဖြစ်။

“ နင် ဘယ်တွေသွားနေတာလဲ.. ဘာဖြစ်လို့လဲ ဟင် ”

ဂျောင်မင်းသည် မီဆိုကို ပြန်မဖြေဘဲ သူ့နှုတ်ခမ်းကိုသာ ခပ်တင်းတင်းလေး ကိုက်ထားသဖြင့် မီဆိုလည်း ဘာမှ ထပ်မမေးဖြစ်ခဲ့။

မောင်းရင်း မောင်းရင်း မြို့ပြင်ရောက်တော့မလိုဖြစ်လာသည်။ မီဆိုသည် ဂျောင်မင်းကို စိုးရိမ်စပြုလာသည်။

“ နင်ဘာဖြစ်နေတာလဲဟင် ”

သည်တစ်ခါတွင်တော့ ဂျောင်မင်းက ကားထိုးရပ်လိုက်သည်။  သူ့ဘောင်းဘီအိတ်ကပ်ထဲမှ တယ်လီဖုန်းကို ထုတ်ယူလိုက်ပြီး ဓာတ်ပုံတစ်ပုံကို မီဆို့ကို ပြသည်။

“ ဒါဘာလဲ ”

သည်တစ်ခါတွင်တော့ တိတ်ဆိတ်သွားသည်မှာ မီဆိုပဲဖြစ်သည်။ သူမသည် ပါးစပ်လေးအဟောင်းသားနှင့် ဓာတ်ပုံကိုတစ်လှည့် ဂျောင်မင်းကိုတစ်လှည့်ကြည့်ကာ ဘာစကားမှ ထွက်မလာ။ အတန်ကြာမှ-

“ ဂျီဟိုပို့ပေးတာလား ”

“ ဟုတ်တယ်။ နင့်အံဆွဲထဲမှာ ဆေးပုလင်းတွေ အများကြီးတွေ့လို့တဲ့။သူတို့လည်းနားမလည်လို့ ငါ့ဆီ ဓာတ်ပုံရိုက်ပို့တာ ”

ဒဏ္ဍာရီOnde histórias criam vida. Descubra agora