အပိုင်း ၆၃

34 0 0
                                    

ဒဏ္ဍာရီ အခန်း (၆၃)

    “ ဟောယောင်ဆန်း…ငါ ကိုရီးယားရောက်ပြီ ”

    ယုသည် လမင်းကြီးကိုကြည့်ရင်း ခပ်တိုးတိုးလေး ရွတ်လိုက်သည်။ ဖြစ်နိုင်မယ်ဆိုရင် ကိုရီးယားကို လာခဲ့ပါ ဆိုတဲ့ ယောင်ဆန်း။ သူမတို့ ၂ ဦး ရောက်နေတာသိလျှင် အရင်လို ၀မ်းသာနေဦးမည်လား။ တစ်ဆက်တည်းမှာပဲ မီဆိုကိုလည်း သတိရသွားသည်။ မီဆို ဘယ်မှာ လဲလျောင်းအိပ်စက်နေသည် ဆိုတာကိုတော့ မီဆို့အမေကို သူမ သွားမေးလာခဲ့သေးသည်။ တစ်နေ့နေ့တစ်ချိန်ချိန် အချိန်ရလျှင် ရအောင် သွားမည်။

   မီ ကိုရီးယားသို့ရောက်ပြီး ၁ နှစ်ကျော် အကြာတွင် ယု လိုက်လာနိုင်ခြင်းပဲဖြစ်သည်။ သို့သော် ယုနှင့်မီ မြို့နယ်ချင်းတော့ မတူ။  သည်လိုပဲ ရသည့်နေရာတွင် ရလို၊ ကြုံသလိုတော့ ကြိုးစားရလိမ့်ဦးမည်။ နောက်မှ အတူတူနေနိုင်ဖို့ ကြိုးစားရမည်။

   ကောင်းကင်ကြီးကို မော့ကြည့်မိတိုင်းတော့ ချစ်ရသူကို သတိရသည်။ အခုရော ကြယ်လေး နှစ်လုံးကို ဟွန်ဂျွန်းကြည့်နေလိမ့်ဦးမည်လား။ ကြယ်ရောင်တွေကြားထဲတွင် နောက်ဆုံး မြင်ခဲ့ရသော ချစ်သူ၏ ကျောပြင်ကို တစ်ရက်ကလေးမှ မမေ့ခဲ့။ အိပ်မက်ပင်ဖြစ်သော်ငြား ထွက်သွားသည့် သူ့ကို အထင်အရှားမြင်လိုက်ရသည်ကတော့ အမှန်။ နောက်ပိုင်းတော့ အိပ်မက်တွေ မက်သလောက်လည်း မမှတ်မိတော့။ အတွေးထဲတွင် ကိုရီးယားနိုင်ငံတွင် ခြေချနိုင်ရေးကသာ စိုးမိုးနေ၍ပဲလားတော့ မသိပေ…။
   ကိုရီးယားရောက်တော့လည်း မြန်မာနိုင်ငံတုန်းက ပင်ပန်းခဲ့တာတွေက အသက်သာဆုံးလိုဖြစ်နေသည်။ မြန်မာနိုင်ငံတွင် နေစဉ်ကမှ အင်စတာဂရမ် လေး ၀င်ကြည့်နိုင်သေးသည်။ အခုများတော့ တစ်မြေတည်းနေရုံကလွဲပြီး သူတို့အကြောင်းတောင် မစဉ်းစားနိုင်သလိုဖြစ်နေသည်။ ပင်ပန်းလွန်းသဖြင့် ညည ခေါင်းအုံးနှင့် ခေါင်း ထိသည်နှင့် အိပ်ပျော်သွားစမြဲ။ ဘယ်သူ့ Live မှလည်း စောင့်မဖမ်းနိုင်တော့။ သို့သော် သူမတို့ ၂ ယောက်စလုံး စိတ်ဓာတ်တွေ လဲပြိုတိုင်း မမြင်ရသော သံယောဇဉ်ကြိုးတစ်ခုက ပွေ့ယူဆွဲထူစမြဲ။ သည်ကြိုးတစ်ခုကို အထပ်ထပ်အခါခါ ကျေးဇူးတင်ရသည်။

   သည်လိုနှင့် ယုနှင့်မီ ကိုရီးယားနိုင်ငံတွင် နေသားကျလာသည့်အနေအထားကို ရောက်လာသည်။ မြို့နယ်ချင်း မတူသော်လည်း မဝေးသည့်အတွက် အလုပ်ပါးသည့် အခါမျိုးတွင် ယုနှင့်မီဆုံဖြစ်ကြသည်။ တစ်နေ့တော့ သူမတို့ နှစ်ယောက် ဆုံသည့်အချိန် တိုက်တိုက်ဆိုင်ဆိုင် သတင်းတစ်ခု တက်လာသည်။

   “ SS501 Come Back ”

   တဲ့။ မီ့ လက်ထဲမှ ကော်ဖီဗူးလေးလွတ်ကျသွားသည်။ ယုက ထိုသတင်းကိုကြည့်ကာ ငိုင်နေဆဲ..။ မီသည် အလောတကြီး သတင်းတွေ ရှာဖတ်ကြည့်သည်။ SS501 က နောက်လထဲတွင် come back အခွေ ထွက်မည့်အကြောင်း၊ အချိန်တွေ အများကြီးကြာပြီးနောက် TripleS တို့ဆီကို ပြန်လာပြီဖြစ်ကြောင်း၊ လီဒါဖြစ်သူ ကင်ဟွန်ဂျွန်းနှင့် အင်တာဗျူး၊ Memberများနှင့် အင်တာဗျူး…. အို… အများကြီး။ ယုသည် ရင်ခုန်ရလွန်းသဖြင့် မူးချင်သလိုလိုပင် ဖြစ်လာသည်။

    “ ယုရေ…. Come back တဲ့… ”

    မီက ကလေးတစ်ယောက်လို ထခုန်သည်။ အင်စတာဂရမ် တစ်ခုလုံးလည်း သတင်းတွေ ပလူပျံနေသည်။ TripleS တို့၏ ပျော်ရွှင်မှုက ဆိုရှယ် မီဒီယာတွေအကုန်လုံးကို ဂယက်ထသွားစေသည်။

    “ come back come back ”

    မီသည် ခုန်ပေါက် ပြေးနေဆဲ။ ယုသည် မျက်ရည်များကြားမှ မီ့ကို ကြည့်ရင်း အစ်မ မီဆိုက သူမတို့ ၂ ယောက်ကို ကိုရီးယား ခေါ်စဉ်က မြူးတူးခုန်ပေါက်နေခဲ့ဖူးသည့် အသက် ၂၀ ကျော်လေး  ဂျန်းမီကို မြင်ယောင်လာသည်။အခုတော့ သူမတို့ ၂ ယောက်လုံးလည်း ၃၀ ပြည့်ပြီးပြီ။ သည်ကြားထဲတွင် အခုလို အားပါးတရ မပြုံးဖြစ်တာတောင် အချိန် အတော်ကြာသွားပြီ။ ပျော်ရွှင်ခြင်းသည် ကြားထဲတွင် ၁၀ နှစ်လောက်တော့ အိပ်ပျော်နေဟန် တူပါသည်။
.
.
.
.
.
.
.
.
.
အဲ့လိုပဲ TripleS အားလုံးဟာလည်း DoubleS 501 ရဲ့ Comeback သတင်းကို ရူးရူးသွပ်​သွပ်​ စောင့်​မျှော်​နေကြလေရဲ့ ~~

တနေ့နေ့ တချိန်​ချိန်​မှာတော့  မီနဲ့ယုလိုပဲ ခုန်​ပေါက်​ပြီးပျော်​ရွှင်​စွာ ငိုရမယ့်​နေ့ကို ရောက်​ရှိလာမယ်​လို့ မျှော်​လင့်​ပါတယ်​ ။

တနေ့နေ့ တချိန်​ချိန်​မှာတော့  မီနဲ့ယုလိုပဲ ခုန်​ပေါက်​ပြီးပျော်​ရွှင်​စွာ ငိုရမယ့်​နေ့ကို ရောက်​ရှိလာမယ်​လို့ မျှော်​လင့်​ပါတယ်​ ။

¡Ay! Esta imagen no sigue nuestras pautas de contenido. Para continuar la publicación, intente quitarla o subir otra.
ဒဏ္ဍာရီDonde viven las historias. Descúbrelo ahora