ဒဏ္ဍာရီ အခန်း (၅၃)
ဂျီဟိုတို့ ပြန်သွားပြီးနောက် စိတ်လျှော့လိုက်ဟန် တူသော မီဆိုတစ်ယောက် အိပ်ယာထဲလဲတော့သည်။ သည်တော့မှ စိတ်တွေပူပြီး မျက်နှာပျက်နေသော ဂျောင်မင်းကို သူတို့အားလုံး အတင်းမေးရသည်။ မေးတုန်းက မရမက ဇွတ်အတင်း လိုက်မေးပြီး အကြောင်းရင်းသိလိုက်ရချိန်တွင် အားလုံး ရှော့ခ်ဖြစ်သွားကြသည်မှာ ပြောဖွယ်ရာပင်မရှိ။
ထုံးစံအတိုင်း ဂျောင်မင်းထက် အခြေအနေဆိုးသူက Kyu...။ ဖြစ်ကြောင်းကုန်စင် သိသည်နှင့် မျက်ရည်ကကျပြီးနေပြီ။ ဂျောင်မင်းကပင် ပြန်နှစ်သိမ့်နေရသည့်အခြေအနေ။ Kyu တစ်ယောက်တည်းလားဆိုတော့လည်းမဟုတ်။ Jun တစ်ယောက်ကျန်သေးသည်။ နဂိုကတည်းက မျက်ရည်လွယ်သူပီပီ ငိုလို့မဆုံးနိုင်။
ယောင်ဆန်းကတော့ အခန်းထဲဝင်သွားကာ စကားပင်မပြောတော့။ ဟွန်ဂျွန်းကတော့ စိတ်ထိခိုက်နေပါသော်လည်း ကျန်လေးယောက်...အထူးသဖြင့် ဂျောင်မင်းအတွက် သူ မားမားမတ်မတ် ရပ်နေမှဖြစ်မည်။" Minnie "
ဂျောင်မင်း သူ့ကို လှည့်မကြည့်။ ခေါင်းကိုသာ တွင်တွင်ငုံ့ထားသည်။
" အခု ငါတို့တွေရှေ့မှာတော့ မင်း ကိုယ်မင်း ဖုံးကွယ်ထားစရာ မလိုပါဘူးကွာ... စိတ်ကိုလွှတ်ပေးလိုက်ပါ "
ဟွန်ဂျွန်းက ဂျောင်မင်းကို ခပ်တင်းတင်းဖက်ကာ ပြောတော့မှ ဂျောင်မင်းတစ်ယောက် ဟွန်ဂျွန်း ပုခုံးပေါ်တွင် မျက်နှာအပ်ကို ရှိုက်ကြီးတငင်ငိုသည်။
" ငါ ဘယ်လို လုပ်ရမှာလဲ...."
သူ့စကားသံက ဗလုံးဗထွေး။ ဟွန်ဂျွန်းကတော့ အယူသည်းပြီး ဂျူးလိယက်ဟုပင် အပြောမခံသူခဲ့သူက စွန့်စွန့်စားစားနှင့် ဂျူးလိယက်ဟု လက်ခံလိုက်ပြီးကာမှ သည်အဖြစ်မျိုးကြုံတော့ ဘယ်လို နှစ်သိမ့်ပေးရမှန်းကိုမသိ။
" သူကပြောတယ်...သူဂျူးလိယက်မဖြစ်ချင်ဘူးတဲ့....ဒါ..ဒါပေ မယ့်...."
ဂျောင်မင်းစကားကို ဆက်မပြောနိုင်တော့။ သူလည်း ဘာမှဆက်မပြောဖြစ်တော့။ ဂျောင်မင်းကိုသာ တင်းတင်းဖက်ထားဖြစ်သည်။
ESTÁS LEYENDO
ဒဏ္ဍာရီ
Fanficဤfiction ကို မီဆိုနှင့်အတူ TS များ အားလုံး ပိုင်ပါတယ်။ ပြင်ပ အဖြစ်အပျက်တချို့ နှင့်အမှန်တရား တချို့ ပါပါတယ်။ Not BL . Just fanfiction