Unicode
ဒဏ္ဍာရီ အခန်း ( ၂၄ )
ရေစက်မကုန်သေးဘူးဟု ထင်သည်။ အရင်လိုပဲ ယု အကောင့်လေး မီးလေးပြန်စိမ်းလာသည်။ ပရိုဖိုင်းပုံတွေ ပြောင်းကုန်သည်၊ ပို့စ်တွေရောက်လာသည်။ အရင်လိုပဲ….ယု၏ သူငယ်ချင်းဆိုးလေး ပြန်ရောက်လာပါသည်။
“ မတွေ့တာကြာပြီ ဂျီဟို ။ နေကောင်းရဲ့လား ”
ထုံးစံအတိုင်း ဂျီဟိုဟု နာမည်တပ်သော်လည်း ထွက်သွားသော မက်ဆေ့ခ်ျကတော့ ဂျန်းမီဆီသို့သာ။ မည်သို့ဆိုစေ လွမ်းလိုက်ရတာ..သည်သူငယ်ချင်းလေးကို..။
“ ငါနေကောင်းတယ်။ နင်တို့ကို စိတ်ပူနေတာ။ အဆင်ပြေရဲ့လား ”
“ ငါတို့ အဆင်ပြေပါတယ် ”
“ ငါ နင်ပြန်မလာတော့ဘူး ထင်နေတာ ”
“ လွမ်းနေတယ်ပေါ့ ငါ့ကို ”
“ အေး- လွမ်းတယ် ”
ယောင်ဆန်းရယ်နေမည်ဟု မမြင်ရသော်လည်း ယုသိပါသည်။
“ ဒီနေ့ မိုးတွေရွာနေတာ ဒီမှာ ”
“ ဟုတ်လား- ဂရုစိုက်ဦး။ မိုးမမိစေနဲ့ဦး၊ နင်က ဖျားလွယ်တယ် ”
သတိပေးမိကာမှ ယုသည် ယောင်ဆန်းက မိုးမိရအောင် ဘယ်တွေလျှောက်သွားမှာမို့လဲ ဟုတွေးရင်း ရယ်ချင်သွားသည်။ တစ်ခါတစ်ခါတော့ သူ့ကို အဆိုတော်ဆိုတာ ယုမေ့လျော့သလိုပင် ဖြစ်နေခဲ့ပါသည်။
“ ငါက ဖျားနေတာပဲဟာကို ”
“ ဟင်- ဘာဖြစ်ရပြန်တာလဲ ”
“ Kyu Jong ငါ့ကို အသည်းခွဲတယ် ဂျီဟို ”
Kyu Jong ငါ့ကို အသည်းခွဲတယ်ဆိုတော့…ယုသည် အတွေးက ဘေးချော်ထွက်သွားပြီး ရယ်ချင်သွားပြန်သည်။ ယုစိတ်ထဲတွင် Kyu က မီကို သဘောကျသဖြင့် ယောင်ဆန်းကအသည်းကွဲ သည့်ပုံ မြင်လာ၍ဖြစ်သည်။
“ ဘာလို့တုန်း ”
“ ဒီနေ့လေ…ငါနဲ့ သူ အပြင်သွားတာ..မိုးတွေက ရွာလာရော။ အဲဒါ ကော်ဖီဆိုင်ထဲဝင်ပြီး မိုးခိုတာ။
ပြီးတော့ သူက အိမ်သာ သွားဦးမယ်ဆိုပြီး ထွက်သွားတယ်”“ အင်း”
“ ငါလည်း စောင့်တာပေါ့။ မိနစ်သုံးဆယ်လောက်တောင် ရှိမလားပဲ။ ဒါနဲ့ ငါလည်း အိမ်သာထဲ လိုက်သွားကြည့်တယ်။ သူမရှိတော့ဘူး ဂျီဟို”
YOU ARE READING
ဒဏ္ဍာရီ
Fanfictionဤfiction ကို မီဆိုနှင့်အတူ TS များ အားလုံး ပိုင်ပါတယ်။ ပြင်ပ အဖြစ်အပျက်တချို့ နှင့်အမှန်တရား တချို့ ပါပါတယ်။ Not BL . Just fanfiction