ဒဏ္ဍာရီ အခန်း ( ၂၈ )
“ ကျွန်တော် ဂျီဟို့ကို ဘယ်လိုခေါ်ရမလဲ ”
“ ရှင် ”
မရောက်စဖူး ဂျောင်မင်းအကောင့်ထဲရောက်လာပြီး ကျွန်တော် ဂျီဟို့ကို ဘယ်လိုခေါ်ရမလဲ ဟုမေးလာသော ဟွန်ဂျွန်းကို ယုသည် မြန်မာလိုသာဆို လာပါဦးလို့ ခေါ်လိုက် ဟု အငေါ်တူးပြောချင်သည်။
“ မဟုတ်ဘူးလေ။ ဂျီဟိုလို့ ခေါ်ရတာ ကိုယ့်ကိုယ်ကို ပြန်ခေါ်နေရသလိုဖြစ်နေလို့ ”
ယုက သည်စကားကို နောက်နေတာလား၊ အတည်ပြောနေတာလား အရင်ဆုံး ပြန်စဉ်းစားရသေးသည်။ သူကတော့ သူ့ထုံးစံအတိုင်း မျက်နှာသေနှင့် ပြောနေမှာ သေချာသည်။ အင်းလေ…ယုက သူ့နာမည် ယွန်းဂျီဟိုကို ငှားထားမိတာကိုး။ ရှိစေတော့။
“ ကျွန်မနာမည် ယုလေ ”
“ အဲဒီလိုလည်း မခေါ်တတ်ဘူး ”
ရော်။ ခက်တော့ ခက်နေပါပြီ။ တစ်ခါမှ ယုနှင့်လာစကားမပြောပါဘဲ အခုမှ ရောက်လာပြီး ယုနာမည်ကိစ္စ ရေးကြီးခွင့်ကျယ်တွေလုပ်နေသော သူကို ယု အသည်းယားလာသည်။
“အဲဒါဆိုလည်း ခေါ်တတ်သလိုသာ ခေါ်တော့ ”
“ ဟန်နီ ဆိုရင် အဆင်ပြေလား ”
ရုတ်တရက် ယုကြောင်သွားသည်။ ဘာပြန်ပြောရမှန်းမသိ။
“ ဟန်နီ ”
“ ကိုယ်ချစ်တဲ့သူကို ကိုယ်အဲဒီလိုခေါ်လို့ ဖြစ်တယ်မဟုတ်လား ”
နွေးကနဲဖြစ်သွားသော ပါးနှစ်ဖက်ကို ယောင်ယမ်းပြီး ကိုင်လိုက်မိသည်။ သည်အချိန်မှာ ယုမပြုံးမိဘူးဆိုလျှင် အကြီးအကျယ်လိမ်ရာ ကျတော့မည်ပေါ့။
“ ဟုတ်၊ ရပါတယ် ”
“ ဟန်နီ ဟာနူးလ် ပန်းခြံကိုသိလား ”
“ မသိဘူး”
သူက ပုံလေးတစ်ပုံပို့ပေးသည်။ ကိုင်းပင်တွေဖွေးဖွေးလှုပ်နေသော နေရာလေး၊ ငှက်တွေအတွက် အိမ်လေးတွေကလည်း ထူးထူးဆန်းဆန်း ဇောက်ထိုးလေးတွေ…။
“ ဟယ်- လှလိုက်တာ ”
“ သဘောကျလား ”
“ သဘောကျတာပေါ့ ”
KAMU SEDANG MEMBACA
ဒဏ္ဍာရီ
Fiksi Penggemarဤfiction ကို မီဆိုနှင့်အတူ TS များ အားလုံး ပိုင်ပါတယ်။ ပြင်ပ အဖြစ်အပျက်တချို့ နှင့်အမှန်တရား တချို့ ပါပါတယ်။ Not BL . Just fanfiction