Prologue Part 1

20.6K 414 1
                                    

Unicode
( ၁ )

"အမရာ... နင့်နှာခေါင်းမှာသွေးတွေ!"

နှာခေါင်းကိုစမ်းမိတော့ လားလား... သွေးတွေမှအများကြီးပဲ။ စားပွဲပေါ်ကတစ်ရှူးအကြမ်းနဲ့လည်း မသုတ်ချင်တာနဲ့ ခေါင်းလေးမော့ ဘေးလှည့်ပြီး အိတ်ထဲတစ်ရှူးရှာပုံတော်ဖွင့်ရတယ်။ အဲ့အချိန်ဘေးစားပွဲက လက်တစ်ဖက်နဲ့ အတူရောက်လာတဲ့လက်ကိုင်ပုဝါအပြာလေး။ အားနာပေမယ့် အလျင်လိုတာနဲ့ ကျေးဇူးတင်ကြောင်းပြောပြီး လက်ကိုင်ပုဝါကို အမြန်ဆွဲယူလိုက်ရတယ်။ လက်ကိုင်ပုဝါအပြာလေးလည်း ခဏလေးနဲ့ရဲဗလောင်းခတ်ကုန်တာပဲ။ နှာခေါင်းကို အုပ်ထားရတော့ ထမင်းလည်းဆက်စားလို့မရတော့ဘူး။ ထမင်းချိုင့်လည်း သူငယ်ချင်းကိုပဲ သိမ်းခိုင်းရတော့တယ်။ ဗိုက်ဆာပေမယ့်မတတ်နိုင်ဘူး။ ကျန်းမာရေးအခြေအနေကမှ မဟန်ပဲကိုး။ ကျောင်းတုန်းက လူရည်ချွန်ရဖို့ တာတို၊ တာရှည်တွေ ပြေးခဲ့တဲ့အမရာ မဟုတ်တော့သလိုပဲ။ အရွယ်ရောက်လေ လူကပျော့ဖတ်လာလေပဲ။ စာသင်ဆောင်နဲ့နီးနီးနားနားရှိတဲ့ ကန်တင်းကျ ဈေးကြီးလို့ ဆိုပြီး ဂျပ်ဆင်၊ ဒဂုံလမ်းအပြင် တောင်ငူဆောင်တို့ ဝေသာလီဆောင်တို့ပါခြားတဲ့ ကန်တင်းအထိ ဆွဲခေါ်လာတဲ့ သူငယ်ချင်းမတွေရဲ့ အကျိုးကျေးဇူးလည်းပါတာပေါ့။ ကိုယ်ကလည်းကိုယ်ပဲ။ နေပူထဲထီးဆောင်ရမှာ တအားပျင်းတာလား။ ကန်တင်းရောက်တော့လည်း ကျိတ်ကျိတ်တိုး။ ထမင်းစားချိန်ဆိုတော့လည်းမတတ်နိုင်ဘူး။ ကိုယ်လည်း တိုးရတော့တာပဲ။ နှာခေါင်းသွေးလျှံတာနည်းနည်းသက်သာတော့ လက်ကိုင်ပုဝါပိုင်ရှင်ကို သေချာကျေးဇူးတင်စကားပြောဖို့ လှည့်ကြည့်လိုက် တော့မရှိတော့ဘူး။ "သေချာလျှော်ပြီးပြန်ပေးပါ့မယ်။ လျှော်လို့မရရင်လည်း အသစ်ပြန်ဝယ်ပေးပါ့မယ်" ပြောမလို့ကို မျက်နှာတောင်သေချာမမှတ်မိလိုက်ဘူး။ လက်ကလေးတစ်ဖက်ပဲတွေ့လိုက်ရတာ။ သူ့လက်မှာ မှတ်မိစရာ နာရီတွေ လက်ကောက်တွေလည်းမတွေ့လိုက်၊ မှည့်တွေ အမှတ်တွေလည်း သတိမထားမိလိုက်ဘူး။ ယောက်ျားလေးလက် လို့တော့ထင်တာပဲ။ အကြောစိမ်းလေးတွေမြင်နေရတဲ့ ဖြူဖြူသွယ်သွယ် လက်ချောင်းရှည်ရှည်လေးတွေပဲ မှတ်မိလိုက်တယ်။ နောက်ကြုံမှပေါ့လေ။ မကြုံတော့လည်း ညအိပ်ရင် မေတ္တာသေချာပို့အမျှဝေပြီး ကျေးဇူးတင်လိုက်ပါ့မယ်။ လတ်တလောတော့ စိတ်ထဲမတင်မကျကြီးရယ်။ သူ့ဘက်ကမှတ်မိပြီး ပြန်လာတောင်းရင်ကောင်းမယ်လို့တော့ တွေးမိသား။ အိမ်ပြန်ရောက်ရင်တော့ လက်ကိုင်ပုဝါကို သွေးတွေပြောင်အောင်လျှော်ကြည့်ဦးမှပါ။ လွှတ်ပစ်ရင်လည်း မကောင်းဘူး။ ညစ်ပတ်ကြီးလည်း သိမ်းမထားချင်ဘူးလေ။ တကယ်လို့ တကယ်လို့ပေါ့ ကိုယ့်မှာများ အနားမှာဖြစ်သမျှ တခြားလူတွေတွေးသမျှ အကုန်သိနိုင်တဲ့အစွမ်းမျိုးရှိခဲ့ရင် လက်ကိုင်ပုဝါပိုင်ရှင်ကို သေချာကြည့်ခဲ့မိမှာ။ ဘယ်သိခဲ့ပါ့မလဲ လက်ကိုင်ပုဝါပိုင်ရှင်လေးက ကိုယ့်ကိုကြည့်နေခဲ့တယ်ဆိုတာ။ ဘယ်သိခဲ့ပါ့မလဲ ပိုင်ရှင်ကောင်လေးက သူတောင်မသိခင် လက်ကိုင်ပုဝါလေးကို ထုတ်ပေးခဲ့မိတယ်ဆိုတာ။ ဘယ်သိခဲ့ပါ့မလဲ ပိုင်ရှင်ကောင်လေးလည်း ရှက်တာရော ပျော်တာရော ရောပြီး ကန်တင်းက ထွက်ပြေးခဲ့မိတယ်ဆိုတာ။ တကယ်လို့များ သိခဲ့ရင်၊ သိခွင့်ရှိခဲ့ရင် လက်ကိုင်ပုဝါအပြာလေးကို ကမ်းပေးခဲ့တဲ့ လက်ကလေးက ကိုယ်တစ်ချိန်မှာ မြတ်နိုးခြင်း၊ အားကိုးခြင်းအစုံနဲ့ ဆုပ်ကိုင်မယ့်လက်ကလေးမှန်း စောစောသိခဲ့မယ်ထင်ပါတယ်...။

My Crush is in LOVE with ME!Wo Geschichten leben. Entdecke jetzt