Birthday Surprise!

2.5K 129 2
                                    

Unicode

အိမ်ပြန်ရောက်တော့ မေကြီးနားကပ်ချွဲပြီး အနားယူခဲ့သမျှ ဒီလည်းပြန်ရောက်ရော အလုပ်နဲ့လက်နဲ့မပြတ်‌အောင် ပြန်လုပ်ရတော့တာပဲ။ ညဘက်ဆို မေကြီးတို့နဲ့ဖုန်း‌‌ပြောတာအပြင် အစ်ကိုနဲ့ face time ဆိုတာလေးက တစ်ခုထပ်တိုးလာတယ်။ ကျောင်းတက်လိုက် အလုပ်လုပ်လိုက်နဲ့ နေလာလိုက်တာ ငါးလဆိုတဲ့အချိန်က ခဏလေးကုန်သွားတယ်။ ဒီကြားထဲလည်း ဘာမှထွေထွေထူးထူးမရှိပါဘူး။ အဖွားကတော့ ကြုံရင်ကြုံသလို စောစောပြန်လာဖို့‌ပြောနေတုန်းပဲ။ အစ်ကိုတော့ တစ်ခေါက်လာလည်သေးတယ်။ နေတဲ့အဆောင်ရော ကျောင်းရော အလုပ်တွေရော လိုက်ကြည့်သွားတယ်။ မနက်လာပြီး ညနေချက်ချင်းပြန်တာဆိုတော့ လျှောက်သွားဖို့ အချိန်တောင်သိပ်မရလိုက်ဘူး။ မနက်ဖြန်ဆို အမရာ့မွေးနေ့။ မနက်စောစော မေကြီးတို့ဆီဖုန်းဆက်မယ်။ အစ်ကို့ဆီ ဖုန်းဆက်မယ်။ ပြီးရင် အခန်းရှင်းမယ်။ အခုတည်းက သိမ်းထားဆည်းထားမှ။ မဟုတ်ရင် နီးမှဆို ဟိုကျန်ဒီကျန်ဖြစ်မှာစိုးလို့။ ဒီနေ့တော့ အလုပ်သွားရဦးမယ်။ ဒီလကုန်ရင် အလုပ်တွေလည်းပြတ်ပါပြီ။ ကျောင်းကလည်း ဒီဘွဲ့ယူပြီးရင် ပြီးပြီ။ ဖေကြီးတို့ကတော့ ဒီတစ်ခါဘွဲ့ယူရင် လာခဲ့မယ်ပြောတယ်။ နိုဝင်ဘာလလယ်လောက်မှဖြစ်မယ်ထင်တာပဲ။ အလုပ်သွားဖို့ ပြင်နေတုန်း အစ်ကို့ဆီက ဖုန်းဝင်လာတယ်။ "အောက်ဆင်းလာခဲ့" တဲ့။ လူကကြောင်သွားတာ။ ဆင်းကြည့်လိုက်တော့ အစ်ကိုက luggage တစ်လုံးနဲ့ ကိုယ့်အဆောင်အောက်မှာရပ်နေတယ်။ လက်လှမ်းပြပြီး ပြုံးပြလိုက်တဲ့အချိန် အသက်ရှုသံတွေတောင် ရပ်သွားပြီထင်ရတယ်။ အစ်ကိုက လက်နှစ်ဖက်ကိုဆန့်ထားတယ် သူ့ဆီလာပါပေါ့။ ပြေးသွားလိုက်တော့ ကိုယ့်ကိုလှမ်းပွေ့တယ်။

"အစ်ကို ဘယ်တုန်းကရောက်လဲ luggage နဲ့ဆိုတော့ အခုမှရောက်တာပေါ့ ဘယ်ကိုလာတာလဲ မဟုတ်သေးဘူး ဘာလာလုပ်တာလဲ"

"ဖြည်းဖြည်းမေးပါ အမရာရယ် Surprise လေ"

"အာ"

"ဘာလို့လဲ မပျော်ဘူးလား"

"ပျော်တယ် ဟီး ဟီး"

"အချွဲလေး"

ကိုယ့်နဖူးကို ဖွဖွလေး လာတောက်လိုက်သေးတာ။ နှစ်ယောက်လုံးပြုံးဖြီးနေတာ သွားတွေအအေးပတ်တော့မှာပဲ။

My Crush is in LOVE with ME!Dove le storie prendono vita. Scoprilo ora