Unicode
Presentation လည်းလုပ်လက်စနဲ့ မထူးပါဘူးဆိုပြီး အတန်းပြီးတဲ့ထိတက်လိုက်တယ်။ မျက်နှာကလည်း အယောင်ကျသလောက်ရှိပါပြီ။ ရေခဲကပ်ရတာလည်း ထုံနေပြီ။ ရေခဲကအရည်ပျော်တော့ ရေစက်လက်နဲ့ စိတ်ညစ်စရာ။ အတန်းကတော့စောပြီးပြီးသွားတာပဲ။ အိမ်ပြန်ဖို့ ဒီမျက်နှာနဲ့လည်း လိုင်းကားစီးလို့ဖြစ်မှာမဟုတ်ဘူး။ တက္ကစီစီးရအောင်လည်း ပိုက်ဆံအများကြီးမပါလာဘူး။ ပြန်ရမှာက မြောက်ဒဂုံထိ။ မတတ်နိုင်ဘူး ဖယ်ရီပဲထိုင်စောင့်ရမှာပေါ့။ ဖယ်ရီက ၀ိဇ္ဇာဆောင်နားမှာ။ တခြားအတန်းတွေရှိတော့ စောင့်ရဦးမယ်။ ရှက်တာနဲ့ ခေါင်းငုံ့ပြီးပဲလျှောက်မိတယ်။ ကိုယ်ကမမြင်လည်း ကိုယ့်ကိုမြင်ရင်ရှောင်သွားကြပါတယ်။ ကျောလယ်လောက်ဆံပင်ကို ရှေ့ချပြီး ဂျပန်သရဲလိုလျှောက်နေတာကိုး။ ကိုယ့်အတွေးနဲ့ကိုယ်လျှောက်နေတုန်း အရှေ့တည့်တည့်မှာလာရပ်တဲ့ ခြေထောက်ဖွေးဖွေးတစ်စုံ။ ညှပ်ဖိနပ်အမဲလေးက သူ့ခြေဖမိုးပေါ်ထင်းလို့။ မော့ကြည့်မိတော့ သူ။ ကိုခန့်။ သူ့ကြည့်ရတာမောနေသလိုနဲ့။ အနောက်ကနေလှမ်းခေါ်ပြီး မရလို့ပြေးလိုက်လာတာများလား။ ငါ့နာမည်ခေါ်တာလည်း မကြားမိပါဘူး။ ခေါ်ရအောင် သူမှငါ့နာမည်မသိဘဲ။"ဟို... သက်သာရဲ့လားလို့လာမေးတာ"
"ဟုတ်ကဲ့ သက်သာပါတယ် လှမ်းခေါ်လိုက်တာမဟုတ်ဘူး"
"ဘယ်လိုခေါ်ရမလဲမသိလို့"
မသိတာကဟုတ်ပါတယ်။ ဘယ့်နှယ်ကြောင့် လူကိုမကြည့်ဘဲ ဂုတ်ကိုပဲအသေပွတ်နေရတယ်မသိဘူး။ ဂျပ်ဆင်လမ်းကလည်း ဒီနေ့ကျမှအရမ်းကျဥ်းနေသလိုပဲ။ နေပါဦး။ ခုနဘေးကဖြတ်သွားတဲ့ ကောင်မလေးတွေက ငါတို့ကိုလှည့်ကြည့်လှည့်ကြည့်နဲ့။ ဘာလဲဟ။ ကျေးဇူးရှင်ကရော ဘာလို့ နားရွက်ဖျားတွေရဲနေရတာတုန်း။ Oh God! No way! အမြန်သွားမှဖြစ်မယ်။
"အာ... ရပါတယ် သွားလိုက်ပါဦးမယ် ကျေးဇူးပဲနော်"
ဘာကိစ္စနဲ့ကျေးဇူးတင်စကားကထွက်သွားလဲမသိ။ အယောင်ယောင်အမှားမှားနဲ့။ မျက်နှာက နာတာတောင်မေ့သွားတယ်။ နှလုံးရောဂါရပြီတောင်ထင်တာ။ ညကျမှ ဟိုဟာလေးတွေကို ခရက်ရှ်ရှေ့ရောက်ရင် ဘယ်လိုနေလဲမေးကြည့်ရမယ်။ ခဏ။ ငါသူ့ကို ခရက်ရှ်လို့တွေးလိုက်မိတာလား။ အား... အမရာရေ နင်တော့ရူးနေပြီ။ စိတ်အေးအေးထား။ ဖယ်ရီကိုကျော်သွားဦးမယ် သေချာကြည့်လျှောက်။ ဟုတ်ပြီ။ ဖယ်ရီပေါ်ရောက်မှပဲ သက်ပြင်းချနိုင်တော့တယ်။ ဖယ်ရီက Express ကားလိုပဲမို့ ပြတင်းပေါက်နားထိုင် ပြတင်းပေါက်ကိုဖွင့် နားကြပ်တပ်ပြီး အိပ်လိုက်တော့တယ်။ ပြတင်းပေါက်မဖွင့်ဘဲ ဒီတိုင်းထိုင်နေလို့ကတော့ ကားထဲတင်ငါးခြောက်ဖြစ်သွားနိုင်တယ်။
BINABASA MO ANG
My Crush is in LOVE with ME!
Romanceကိုယ့်အတွက် အချစ်ဆိုတဲ့အရာကို အလင်းပြပေးခဲ့တဲ့ ဒီအမျိုးသားနှင့်အတူ သေတပန်သက်တဆုံး ရိုးမြေကျပေါင်းသင်းနိုင်ဖို့ ဆုတောင်းမိပါရဲ့။ စစ်မှန်သည့်မေတ္တာ၊ ဆိုမြဲသောသစ္စာတို့ဖြင့် ထုံမွှမ်းအပ်သော ဆုတောင်းတို့သည်ကား ပြည့်မြဲဟု ယုံကြည်ဆဲပါလေ...။ ကိုယ့္အတြက္ အခ...