Daughter-in-law? Huh?

2.8K 158 2
                                    

Unicode

နှစ်ရှည်လများ မသုံးဘဲပစ်ထားတဲ့ Facebook account လေးထဲပြန်ဝင်မိတော့ စာတွေအများကြီးဝင်လာတယ်။ Bhone Thurain Khant ဆိုတဲ့ account လေးက ထိပ်ဆုံးက။ မီးစိမ်းလေးတော့ ပျောက်နေတယ်။ စာတွေ ဝင်ကြည့်လိုက်တော့ ကိုယ့်ကို သတိရတဲ့အကြောင်းတွေ ပြန်လာပါဆိုတဲ့တောင်းပန်စာတွေ ပျော်ပျော်နေပါဆိုတဲ့ ဆုတောင်းစာတွေ စိတ်နာတယ်ဆိုတဲ့အကြောင်းတွေ အစုံပဲ။ လွန်ခဲ့တဲ့တစ်နှစ်လောက်က ပို့ထားတဲ့ "ကျန်းမာရေးဂရုစိုက်နော်" ဆိုတဲ့စာက နောက်ဆုံးပဲ။ သူ့စာတွေဖတ်ပြီး မျက်ရည်က တစ်ပေါက်ပြီး တစ်ပေါက် ဘူးသီးလုံးလောက်ကျလာပြန်ရော။ တခြားဆီကစာတွေတော့သိပ်မရှိပါဘူး။ ကြည့်နေတုန်းရှိသေး viber ကနေ စာတစ်စောင်ရောက်လာတယ်။ Contact name က "အစ်ကို" တဲ့။ ဆိုတော့ သူဖုန်းနံပါတ်မပြောင်းသွားဘူးပေါ့။

"အမရာ မအိပ်သေးဘူးမဟုတ်လား"

"ဟုတ် မအိပ်သေးပါဘူး"

"စကားပြောလို့ရတယ်မဟုတ်လား"

"ရပါတယ်"

"နေ့ခင်းတုန်းက ကဲကဲဘာတွေပြောသွားတာလဲ"

အစ်ကိုကတော့ တကယ်ပါပဲ။

"ဒီလိုပါပဲ"

"သူပြောတဲ့ သူ့ကျောင်းကစီနီယာဆိုတဲ့တစ်ယောက်ကရော တကယ်လား"

"အဲ့ဒါကဲကဲလျှောက်ပြောနေတာ"

ရယ်နေတဲ့ emoji လေးနဲ့ပို့လိုက်တော့ သက်ပြင်းချလိုက်တဲ့ပုံလေးပြန်ပို့လာတယ်။

"လျှောက်ပြောနေလည်း မယုနဲ့ နောက်တစ်ခါသူမိတ်ဆက်ပေးမယ်ဘာညာဆို နားမထောင်နဲ့နော်"

"အင်းပါ"

"အမရာ တကယ်အပျိုကြီးလုပ်မှာလား"

"မသိသေးပါဘူး အခြေအနေအရပဲ"

အစ်ကို့ပေါ်မူတည်တယ်လို့တော့ ထည့်မပြောတော့ဘူး။ အဲ့ဒါတော့ ကိုယ့်ဘာသာကိုယ်သိစေချင်တယ်။

"အမရာ ဘာလုပ်နေလဲ"

"အစ်ကိုနဲ့စကားပြောနေတယ်လေ"

"အစ်ကိုနဲ့စကားမပြောခင်ကရော?"

"အင်း... အစ်ကို့စာတွေဖတ်နေတာ messenger ကပို့ထားတာတွေ"

My Crush is in LOVE with ME!Hikayelerin yaşadığı yer. Şimdi keşfedin