Unicode
သင်တန်းဆင်းတော့ ၁၁ နာရီကျော်နေပြီ။ သူစောင့်နေရမှာစိုးလို့ ကလေးတွေထက်အရင်ဦးအောင် ဆင်းရတယ်။ တိုက်အောက်ရောက်တော့ ရှပ်အပြာနုနုကို ပုဆိုးနက်ပြာနဲ့တွဲဝတ်ထားတဲ့အစ်ကိုက အဆင်သင့်စောင့်နေတယ်။
"Sorry ဒီနေ့နည်းနည်းနောက်ကျသွားတယ်"
"ရပါတယ်ဗျ ဒီနေ့ရော အဆင်ပြေရဲ့လား"
"ဟုတ် ပြေပါတယ်"
"ဗိုက်ဆာပြီလား"
"ဆာတော့မဆာသေးဘူး"
"အာ့ဆိုဘယ်သွားချင်လဲ"
"ရပါတယ် အစ်ကိုအဆင်ပြေတဲ့ဆီသွားပါ"
"KFC သွားမလား ထမင်းမစားချင်လည်းတခြားဟာစားလေ"
"ဟုတ် သွားမယ်လေ ဒီတစ်ခါ အမရာရှင်းမယ်နော်"
"ကောင်းပါပြီဗျာ"KFC ရောက်ဖို့ လမ်းပိတ်တာနဲ့ ကားပါကင်နေရာရှာရတာနဲ့ ၁၂ ကျော်သွားတယ်။
"အမရာဘာစားမလဲ"
"Rice box 1 set ပဲစားတော့မယ်"
"ဟုတ်ပြီ အာ့ဆို Rice box 2 set, soup တစ်ခွက် အမရာ အာလူးကြော်စားဦးမလား"
"ဟင့်အင်း"
ကျသလောက်ရှင်းပြီး နေရာသွားရွေးနေတုန်း အစ်ကိုက မှာထားတာတွေယူဖို့ကျန်ခဲ့တယ်။ အပေါ်ထပ်က ဝရန်တာမှာထိုင်ချင်တာကို နေပူနေတော့ အထဲမှာပဲထိုင်လိုက်ရတယ်။ စားနေတုန်း သတိထားမိတယ်။။ အစ်ကိုက ကြက်ကြော်သိပ်မစားဘူး။ သူမစားခင် အမရာ့ဘူးထဲ ကြက်ကြော်တွေအများကြီးလာထည့်သွားသေးတယ်။ အမရာ မဝမှာစိုးလို့ဆိုပဲ။ အရင်စားသောက်လို့ပြီးတော့မှ သူကစကားစတယ်။
"အမရာ ဝရဲ့လား""ဟုတ် အစ်ကိုရော"
"အင်း ဝပါတယ်"
"အစ်ကိုက ကြက်ကြော်မကြိုက်ဘူးလား"
"မကြိုက်တာတော့မဟုတ်ပါဘူး အဆီတွေအများကြီးမစားဖြစ်လို့"
"ဪ"
"ကျွန်တော်ပြောစရာရှိလို့"
"ဟုတ်"
အစ်ကို့ကို သတိထားမိတာတစ်ခုရှိတယ်။ တစ်ခုခုအလေးအနက်ထားပြီးပြောပြီဆိုရင် သူ့ကိုယ်သူ ကျွန်တော်လို့သုံးတာ။ ကျန်တဲ့အချိန်တွေဆို အစ်ကိုလို့ပြောတာ ပိုရင်းနှီးချင်လို့လားတော့မသိဘူး။
YOU ARE READING
My Crush is in LOVE with ME!
Romanceကိုယ့်အတွက် အချစ်ဆိုတဲ့အရာကို အလင်းပြပေးခဲ့တဲ့ ဒီအမျိုးသားနှင့်အတူ သေတပန်သက်တဆုံး ရိုးမြေကျပေါင်းသင်းနိုင်ဖို့ ဆုတောင်းမိပါရဲ့။ စစ်မှန်သည့်မေတ္တာ၊ ဆိုမြဲသောသစ္စာတို့ဖြင့် ထုံမွှမ်းအပ်သော ဆုတောင်းတို့သည်ကား ပြည့်မြဲဟု ယုံကြည်ဆဲပါလေ...။ ကိုယ့္အတြက္ အခ...